Monday, December 31, 2012

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်

ရေးသားသူ — saw sutoung


တောင်ကိုရိးယားနိုင်ငံတွင်ရောက်ရှိနေကြသော မြန်မာတိုင်းရင်းသား ညီအစ်ကို မောင်နှမများခင်ဗျား...
ကရင်သက္ကရာဇ် ၂၇၅၂ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို မြန်မာအသင်းခန်းမ၊ဖူချွန်းမြို.တော်တွင် ၆ ရက်၊ ၁ လ၊ ၂ဝ၁၃ ခုနှစ် (တနင်္ဂနွေနေ့) နေ့လည် ၁ နာရီမှ ညနေ ၄ နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့်ကြွရောက်အားပေး ချီးမြှင့်ကြပါရန်
 လေးစားစွာဖိတ်ကြားအပ်ပါသည်။   ။

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်သို့  ကြွရောက်လာသောဧည့်ပရိတ်သတ်များကို 
 ပျော်ပျော်ရွင်ရွင် စည်ကားသိုက်မြိုက်စွာဖြင့် ကျနော်များ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေးကော်မတီမှ စီစဉ်ထားသော ကောက်ညှင်းပေါင်းနှင့်အာဗြဲခြောက်၊
ကရင်သက္ကရာဇ်၂၇၅၂ခုနှစ် နှစ်သစ်တွင် ကံကောင်းခြင်းများလက်ဆောင်အဖြစ် ကံစမ်းမဲများဖောက်ပေးခြင်း၊တေးဂီတများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းတို့နှင့်အတူ တက်ရောက်လာကြသော ဧည့်သည်တော်များအား ငါးသားလောက်ပေါင်း၊ဝက်သားချိုချက်၊ကရင်လူမျိုးတို့၏ရိုးရာ တာလပေါဟင်းတို့ဖြင့်တည်ခင်းဧည့်ခံမည်ဖြစ်ပါသောကြောင့် ပျော်ရွင်စွာကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်သို့ကြွရောက်အားပေးကြပါရန်
 လေးစားစွာဖိတ်ကြားအပ်ပါသည်။

လမ်းညွှန်။  ။  ရထားဖြင့်စီးလာပါက လိုင်းနံပါတ် ၁ မှစီးပြီး (부천역) ဖူချွန်းဘူတာတွင်ဆင်း၍ တက္ကဆီဖြင့်စီးလာပါက လိပ်စာမှာ...
우 420 - 850 부천시 원미구 중2동 1093-1 근로자종합지관  3F လို့ဆိုပြီး ပြော၍စီးလာနိုင်ပါသည်။

ဆက်သွယ်ရန်    ။  ။ မန်းတင်ယဉ်  -   010 2271 8333
                            စကက်နက်မိုး -   010 8714 7019
                            စောထွန်းလင်း-   010 7515 1317

No comments: