Sunday, February 17, 2013

မြန်မာ့ ပညာရေးအတွက် ပြပွဲ

ရေးသားသူ — အမည် ဇော်မိုးအောင် (ကိုရီးယား)

လာမည့် ၂၀၁၃ ခုနှစ် မတ်လ ၇ ရက်မှ ၁၀ ရက်နေ့အထိ 
서울무역전시컨벤션센터 ( Seoul Trade Exhibition Center, SETEC ။ ၁၉၉၉ ခုနှစ် မေ ၄ ရက်ကစတင် ဖွင့်လှစ်) တွင် ကိုရီးယား ဗုဒ္ဓဘာသာ အပြည်ပြည်ဆိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကူညီရေးအဖွဲ့၏ The Promise က ဦးစီးပြီး ဓာတ်ပုံနှင့် ပန်းချီပြပွဲကို ပြသမှာဖြစ်ပါသည်။ အဆိုပါ ပြပွဲတွင် ဓာတ်ပုံနှင့် ပန်းချီ ဆရာ ၅ ဦး ( ယိဂျဲယုန်း၊ ယိရှီအု၊ ဂျွန်အုဒ်မာန်၊ ဟန်ဂျီမင့်၊ ဘဒဲဂျူ(န်)) တို့၏ လက်ရာများကို ပြသထားမှာ ဖြစ်ပါသည်။
ပြပွဲက ရရှိလာမည့် ငွေများကို မြန်မာနိုင်ငံ ပညာရေးအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ပြပွဲသို့ လာရောက်ကြသူများသည် ကိုရီးယား ဗုဒ္ဓသာသာ ဘုန်းကြီးကျောင်းများတွင် စားသောက်နေထိုင်ပုံမျာကို ရှင်းလင်းပြောပြခြင်းအပြင် အစားအစာများနှင့် တည်ခင်းသွားမည်ဖြစ်ပါသည်။
အဆိုပါ ပြပွဲသို့  ၁၂၀ ခု လုပ်ငန်းရှင်များက ပူးပေါင်းပြီး  မဏ္ဍပ်ပေါင်း ၂၅၀ တို့ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် အသေးစိတ်ကို သိရှိလိုပါက (02) 569 - 1141 သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
ဂျောန်ယဟဲဆုဂ် (သတင်းထောက် - ဟယွန်းဒဲ ဘုဂယို ) က သတင်းကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
လမ်းညွှန် - အမှတ် ၃၊ ရထားလမ်း၊ ဟန်ယောအုလ် ဘူတာ ထွက်ပေါက်အမှတ် ၁၊

No comments: