Friday, February 22, 2013

ကိုရီးယားမှာ EPSနဲ့ အလုပ်သွားလုပ်သူတွေ စာချုပ်ဖောက်ဖျက်ပါက ကျပ်သိန်း၃၀ လျော်ရမယ်?

ရေးသားသူ — စိုးမိုးသူ

<고용허가제 노동자에서 미등록체류자가 되면 벌금 400만원?>
<ကိုရီးယားမှာ EPSနဲ့ အလုပ်သွားလုပ်သူတွေ စာချုပ်ဖောက်ဖျက်ပါက ကျပ်သိန်း၃၀ လျော်ရမယ်?>

미얀마정부가 고용허가제도로 한국에서 일하는 버마노동자들이 회사에서 이탈해 미등록체류자가 되면 벌금 300만짯(약 400만 원)을 내야한다고 발표했습니다.
မြန်မာအစိုးရက အီးပီအက်စ်စနစ်နဲ့ ကိုရီးယားကို အလုပ်သွားလုပ်သူတွေကို အလုပ်ရုံက ထွက်သွားပြီး တရားမ၀င်နေထိုင်အလုပ်လုပ်ကိုင်ပါက ဒဏ်ငွေ သိန်း၃၀ ပေးဆောင်ရမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

미얀마정부의 이러한 행동은 자국민이 타국에서 현대판 노예허가제도인 고용허가제의 문제점 때문에 겪은 고통과 어려움에 대한 관심없고,
မြန်မာအစိုးရရဲ့ ဒီလို ထုတ်ပြန်မှုဟာ
တိုင်းတပါးမှာ ခေတ်သစ် ကျွန်စနစ် (EPSစနစ်)အောက်မှာ အလုပ်လုပ် ကိုင်နေသူ မိမိနိုင်ငံသား များအနေဖြင့် အဲဒီကျွန်စနစ်ဆိုးကြောင့် ဘယ်လို ဒုက္ခတွေကို ခံစားနေကြရသလဲဆိုတဲ့ အပေါ်မှာ စိတ်ဝင်စားခြင်း၊ ၀ိုင်းဝန်းဖြေရှင်းဖို့ ကြိုးစားလိုခြင်း၊ အကာအကွယ်ပေးလိုခြင်း မရှိတာကို အတိအလင်း ဖော်ပြလိုက်ခြင်းပင်ဖြစ်တယ်။

한국내 미얀마대사관은 자국민이 어떤 어려움을 겪어도 아무 도움을주지 않고 있고,
ဒါ့အပြင် ကိုရီးယားရှိ မြန်မာသံရုံးကလဲ မြန်မာနိုင်ငံသားများရဲ့ မည်သည့် အခက်အခဲကိုမျှ ဖြေရှင်းပေးလေ့မရှိ၊ အကာအကွယ်ပေးလေ့မရှိ၊
သူတို့ရဲ့ လုပ်ငန်းက နိုင်ငံသားတွေဆီက လစဉ် အခွန်အတုတ်ကောက်ဖို့နဲ့ သဘောင်္နဲ့ ပါဆယ်ပို့ ငွေရှာဖို့ပဲ ဖြစ်နေကြတယ်။

심지어
인간다운 삶을 살지 못해서 회사에서 이탈하게 된 버마이주노동자들을 벌금형을 내려 무조건 노예의 삶을 살아라 하는 법을 만들었습니다.
အဲဒီလို တသက်လုံး ဘာမှ အကူအညီမရယုံသာမက
ပိုမို ဆိုးဝါး အကျည်းတန်တဲ့ လုပ်ရပ်က ကိုရီးယားအလုပ်ရှင်တွေရဲ့
လူလို ဆက်ဆံခြင်း မခံရလို့ လုပ်ငန်းခွင်မှ မနေနိုင်တော့လို့ မလွှဲမကင်းသာ တခြားနေရာကို ထွက်ပြေးရင်း အထောက်အထားမဲ့ အလုပ်သမားဖြစ် သွားကြရတဲ့ မိမိနိုင်ငံသားတွေအပေါ်
အစိုးရအနေဖြင့် ဘယ်လို ကူညီရမလဲ၊
ဘယ်လို အကာအကွယ်ပေးရမလဲဆိုတာထက်
အခုလို ရက်ရက် စက်စက် ငွေဒဏ်ကို ချမှတ်ခြင်းဖြင့် မိမိနိုင်ငံသားတွေ တိုင်းတပါးမှာ ကျွန်ဘ၀မှ တပါး အခြား ရွေးခြယ်စရာ မရှိအောင်  ပြုလုပ်လိုက်ခြင်း ပင် ဖြစ်တယ်။

자국민이 장시간 노동으로 버는 돈으로 자국 경제에 기여하는 것을 고마워할 줄 모르는 것 뿐만 아니라 이런 비양심적 비인간적인 법을 만드는 미얀마정부를 강력히 비판 합니다.
မိမိနိုင်ငံသားများမှ နေ့စဉ် နာရီပေါင်းများစွာ ပင်ပင်ပန်းပန်း အလုပ်လုပ်ခြင်းမှ ရရှိတဲ့ ငွေကြေးဖြင့် တိုင်းပြည်စီးပွားရေးကို အထောက်အကူပြုပေးနေတာကို ကျေးဇူးတင်ရမှန်း မသိရုံ သာမက အခုလို အသိတရားမဲ့၊ လူသားမဆန်တဲ့ ဥပဒေကို ချမှတ်တဲ့ မြန်မာအစိုးရကို အပြင်းအထန် ကန့်ကွက်ပါတယ်။

양심이 있는 한국사회 구성원들도 한국내 노예허가제도의 생명을 연장해주고 자국민 이주노동자들을 탄압하는 미얀마정부의 이러한 행동을 강력하게 대응 해주시기를 호소합니다.
အသိတရားရှိကြသူ ပြည်တွင်း ပြည်ပနေ ပြည်သူအပေါင်းမှလည်း ကျွန်စနစ်ကို အားပေးတဲ့၊ ကျွန်စနစ်ကို သက်တန်းရှည်အောင် မိမိနိုင်ငံသားအပေါ် ဖိနှိပ်တဲ့ မြန်မာအစိုးရရဲ့ အခုလို အဓိပ္ပါယ်မဲ့ ဥပဒေအား အတူတကွ ၀ိုင်းဝန်း ကန့်ကွက်ပေးကြ ဖို့ တောင်းဆိုလိုက်ပါတယ်။

ကိုယ့်နိုင်ငံတွင်းမှာ တိုင်းတပါးသားတွေ လာရောက် ချယ်လှယ်တော့မှသာ ကျွန်ဖြစ်ရတာမဟုတ်ပါ
ကိုယ့်နိုင်ငံသားတွေကို ကျွန်စနစ်နဲ့ ခိုင်းနေတဲ့ တိုင်းတပါးရဲ့ ကျွန်စနစ်ကို ထောက်ခံအားပေးတဲ့ လုပ်ရပ်ကြောင့်လည်း ကျနော်တို့ ကျွန်ဖြစ်ကြရတယ်ဆိုတာကို အသိပေးရင်း။

မြန်မာနိုင်ငံသားအားလုံး ကျွန်မဟုတ် သခင်များ ဖြစ်ကြပါစေ။


1 comment:

ဇော်မင်း(ရွှေအလင်းတန်း) said...

ပြောတော့ ဒီမိုကရေစီဆို ၊ လွယ်လွယ်လေး ပြောလိုက်တာပဲ ၊ ဒီလိုမျိုးထုတ်ပြန်ဖို့အတွက် တာဝန်ရှိသူတွေ နဲ့ အလုပ်သမားတွေ ဆွေးနွေးကြပြီးမှ ထုတ်ပြန်သင့်ပါတယ် ၊ ယခုလို ထုတ်ပြန်ချက်ကို အပြင်းအထန် ကန့်ကွက်ပါတယ် ၊
--------------------------------------------------------ပြောတော့ ဒီမိုကရေစီ လမ်းကို သွားနေကြတယ်ဆို ၊ ကြားလို့မှ ကောင်းကြသေးရဲ့လားဗျာ ၊ အရပ်ကတို့ရေ ၊ ကျွန်တော် အမေစုလာတုန်းက မေးတဲ့ မေးခွန်းလိုပဲ ဖြစ်နေပြီ ၊ နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေကို ဘာအခက်အခဲတွေ ရှိလဲ ၊ ဘာတွေလိုအပ်နေလဲ ၊ ဘယ်လိုကူညီပေးရမလဲ တော့ မစဉ်စားဘူး ၊ ကိုရီးယားမှာ EPSနဲ့ အလုပ်သွားလုပ်သူတွေ ဘာလို့အလုပ်ရုံတွေကနေထွက်သွားလဲ ၊ သူတို့လက်ရှိလုပ်နေတဲ့ အလုပ်ရုံတွေ မှာ အဆင်ပြေကြရဲ့လား ၊ မေးဖို့မပြောနဲ့ ၊ အကူအညီတောင်းတာတောင် မပေးပါဘူး ၊ သူတို့ စိတ်ဝင်စားတာက အခွန်ငွေတွေ ၊ လဘ်ငွေတွေပဲ ၊ အခုလိုမျိုးကြေငြာတာကို ကိုရီးယားမှာရောက်နေတဲ့ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေက လုံးဝကန့်ကွက်ပါတယ် ၊ စက်ရုံမှာ စာချုပ်ချုပ်ပြီး အလုပ်မှာ အဆင်မပြေ ၊ ပြောင်းဖို့လဲ ထွက်စာမပေး ၊ အလုပ်မှာ ထိခိုက်ဒဏ်ရာရာရင်တောင် ဆေးခန်းမပြပေးတဲ့ အလုပ်ရှင်တွေ ရှိပါတယ် ၊ “ မင်းတို့ကို ထွက်စာမပေးနိုင်ဘူး ၊ ဒီမှာ အလုပ်ဆက်လုပ်မလား ၊ မြန်မာပြည်ပြန်မလားတဲ့ ” ကျွန်တော်သူငယ်ချင်း ပိုင်ကြီး ကို မေးတဲ့မေးခွန်းပါ ၊ ဒါတွေကို မြန်မာအစိုးရက မသိဘူး ၊ မလေ့လာဘူး ၊ သူတို့ လိုချင်တာပဲ သူတို့ပြောသွားတယ် ၊ တစ်ဖက်သတ် ပြောသွားတာပါ ၊ ပြောတော့ ဒီမိုကရေစီဆို ၊ လွယ်လွယ်လေး ပြောလိုက်တာပဲ ၊ ဒီလိုမျိုးထုတ်ပြန်ဖို့အတွက် တာဝန်ရှိသူတွေ နဲ့ အလုပ်သမားတွေ ဆွေးနွေးကြပြီးမှ ထုတ်ပြန်သင့်ပါတယ် ၊ ယခုလို ထုတ်ပြန်ချက်ကို အပြင်းအထန် ကန့်ကွက်ပါတယ် ၊ နိုင်ငံရဲ့ ၀င်ငွေ တိုးတက်အောင် လုပ်ပေးနေတဲ့ သူတွေဆိုတာလဲ မမေ့ကြပါနဲု့