Wednesday, March 20, 2013

ကာကွယ်ကြစို့ ရွှေမျိုးတို့



မင်္ဂလာပါ။ ရွှေမျိုးအပေါင်းတို့ 
ယခုရက်အတွင်း အလုပ်ရုံများသို့ ကိုရီးယား လ၀က ရဲများက ၀င်ရောက် စစ်ဆေးနေကြောင်း သိရှိရပါသည်။ အခြေအနေအရ တရားမ၀င် ဘ၀င်ဖြင့် အလုပ်လုပ်ကိုင်နေကြရသော ကျနော်တို့ ရွှေမျိုးများ လုံခြုံရေးအတွက် တရားဝင် အလုပ် လုပ်ကိုင်နေကြသော ရွှေမျိုးအပေါင်းတို့က အသိပေး ၀န်းရံ စောင့်ရှောက် ပေးကြဘို့ နိုးဆော်လိုက်ရပါသည်။ မည်သည့် နေရာကို ၀င်ရောက် စစ်ဆေး ဖမ်းဆီးနေကြောင်း ကြားသိပါက ရွှေမျိုးအချင်းချင်း အမြန်ဆုံး အသိပေး ကာကွယ်ပေးကြစို့လည်း မေတ္တာရပ်ခံအပ်ပါသည်။

ရွှေမျိုးတို့ အားလုံး ဘေးရန် ခပ်သိမ်း ကင်းငြိမ်း၊ ကင်းလွှတ်ကြပါစေ။
ဇော်မိုးအောင်


No comments: