Thursday, March 28, 2013

မြန်မာနိုင်ငံသား နှစ်ဦး အဆိပ် မိ

၂၀၁၃ ခုနှစ် မတ် ၂၇ ရက် နံနက် ၆ နာရီအချိန် ဘူဆန်မြို့ ဂီဂျာန်းရပ်ကွက် ဒဲဗြောင်း ဆိပ်ကမ်းအနီး ဓာတုပစ္စည်းများ တင်ဆောင်ထားသော သင်္ဘောတွင် မြန်မာနိုင်ငံသား နှစ်ဦး အဆိပ်ငွေ့ မိပြီး ဆေးရုံသို့ ပို့လိုက်ရကြောင်း NEWS is မှတဆင့် သတင်းရရှိပါသည်။  
ဖြစ်ပွားပုံမှာ မတ် ၂၇ ရက် ဗုဒ္ဓဟူးနေ့ ၄၈၁၅ တန်ချိန်ရှိ ကိုရီးယားပိုင် သင်္ဘောပေါ်တွင် သင်္ဘောသား ၂၀ ယောက်တို့ဖြင့် ဘူဆန်မြို့ ဂါမ်းချောန် ဆိပ်ကမ်းမှ အုလ်ဆာန် ဆိပ်ကမ်းသို့ သွားနေစဉ် သင်္ဘောအတွင်းပိုင်းတွင် သန့်ရှင်းရေး အလုပ် လုပ်ကိုင်နေသော အသက် ၃၁ နှစ် အရွယ်ရှိသူနှင့် ၂၅ နှစ် အရွယ်ရှိ မြန်မာနိုင်ငံသား နှစ်ဦးသည် အဆိပ်ငွေ့ မိပြီး အရေးပေါ် ကယ်တင်ခဲ့ကြရပါသည်။ မြန်မာနိုင်ငံသား နှစ်ဦးသည် အဆိပ်ငွေ့များ မိနေပြီး စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေပါသည်။ အသက် ၃၁ နှစ် အရွယ်ရှိသူကို အုလ်ဆန် ပင်လယ် ကမ်းခြေ စောင့်ရှောက်ရေး ရဲတပ်ဖွဲ့က ရဟတ်ယာဉ်ဖြင့် တင်ဆောင်ပြီး နံနက် ၁၁ နာရီ ၄၆ မီနစ်အချိန်တွင် ဘူဆန် တက္ကသိုလ် ဆေးရုံကြီးသို့ ပို့ဆောင်နိုင်ခဲ့ပြီး ၂၅ နှစ် အရွယ်ရှိသူအား နေ့လည် ၁၂ နာရီ ၁၉ မီနစ်အချိန်တွင် ကမ်းခြေစောင့် သင်္ဘောဖြင့် အုလ်ဆန် ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြပါသည်။ အသက် ၃၁ ရှိသူသည် သတိမရရှိသေးဘဲ အသက် ၂၅ နှစ် အရွယ်ရှိသူကတော့ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက် ရှိကြောင်း သိရပါသည်။ အုလ်ဆန် ပင်လယ် ကမ်းခြေစောင့်ရှောက်ရေး ရဲတပ်ဖွဲ့က တာဝန်ရှိသူက ” အခြေအနေ ဖြစ်ဖြစ်ခြင်း ၁၂၂ သို့ အကြောင်းကြားခဲ့မယ်ဆိုရင် ဒီလို ဖြစ်လာမှာ မဟုတ်ဘူး ” လို့ ပြောပါသည်။ 
ဇော်မိုးအောင် (ကိုရီးယား) 

No comments: