Saturday, March 30, 2013

ကိုရီးယားနိုင်ငံ ဂမ်ဟဲ (Gimhae ) ရှိ ရွှေအလင်းတန်း စာကြည့်တိုက်တွင် ဘူဆန် ပြည်တော်ဦးဆရာတော် တရားပွဲကျင်းပမည်




ရေးသားသူ - ဇော်မင်း (ရွှေအလင်းတန်း)
ကိုရီးယားနိုင်ငံ ဂမ်ဟဲ ရှိ ရွှေအလင်းတန်း စာကြည့်တိုက်တွင် ဘူဆန် ၊ ပြည်တော်ဦးဆရာတော် အရှင် ပဏ္ဍိစ္စ မှ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားချီးမြှင့်မည်ဖြစ်ပါ၍ ဘူဆန်မြို့  ၊  ဂမ်ဟဲမြို့ အနီးအနားရှိ  ဗုဒ္ဓဘာသာဝင်ရွှေမြန်မာများ နှင့် ရွှေအလင်းတန်းမြန်မာအသင်းသားများအားလုံး တရားတော်နာကြွရောက် ကြပါရန် ရိုသေလေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။ 


( ကြွရောက်လာသော ပရိသတ်များကို မြန်မာ့ရိုးရာ အုန်းနို့ခေါက်ဆွဲဖြင့် ဧည့်ခံကျွေးမွေးပါမည် )


နေ့ရက် ...... ၁၃၇၄-ခုနှစ် ၊ တပေါင်းလပြည့်ကျော် (၅) ရက် ၊
                  31-03-2013 (တနင်္ဂနွေနေ့)
အချိန်  ....... နံနက် (၁၀း၀၀)နာရီ  မှ နေ့လည် (၂း၀၀) အထိ
နေရာ  ....... ရွှေအလင်းတန်း စာကြည့်တိုက် ၊ ဂမ်ဟဲ
                   ဂယောင်းနမ်း  ၊ ဂမ်ဟဲ ၊ ဘူဝမ်းဒို အမှတ်(832-3)  (경남 김해시 부원동 832-3번지)

1 comment:

စိုးမိုးသူ said...

ကောင်းတယ်ဗျာ။သာဓု သာဓု သာဓု။ဆရာတော်ရဲ့ တရားသံကိုလည်း တင်ပေးပါဦးဗျာ။ကြည်ညိုရတာပေါ့။ကင်မ်ဟဲက ညီအကိုတွေ လေးစားပါတယ်။