Saturday, March 9, 2013

ရိမ်းဘိုး(RAINBOW) စားသောက်ဆိုင် ဖွင့်ပွဲ ဖိတ်ကြားလွှာ


ရေးသားသူ — ရိမ်းဘိုး(စားသောက်ဆိုင်)

ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား ညီအကို မောင်နှမ အပေါင်းအသင်း မိတ်ဆွေ အားလုံးအား ကျနော်တို့ရဲ့ ရိမ်းဘိုး(RAINBOW) စားသောက်ဆိုင် ဖွင့်ပွဲသို့ ကြွရောက် အားပေးကြဖို့ လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

ဆိုင်ဖွင့်ပွဲကို ၂၀၁၃-၀၃-၀၉ (စနေနေ့) ညနေ ၃နာရီမှ ည၁၀နာရီ အချိန်ထိ ပြုလုပ်မှာ ဖြစ်ပါတယ်။ နေရာကတော့ ယခင် နန့်ယင်းဆိုင် နေရာမှာပါ။

၂၀၁၃-၀၃-၁၀(တနင်္ဂနွေ)နေ့မှ စတင်ပြီး ရောင်းချမှာ ဖြစ်ပါတယ်။

ဆိုင်ဖွင့်ရက်(အချိန်) - စနေ၊တနင်္ဂနွေ(နံနက်၁၀နာရီမှ ည၁၁နာရီ) 
                               -သောကြာ(ညနေ၅နာရီမှ ည၁၁နာရီ) 

 ရောင်းချပေးမယ့် အစားအသောက်တွေကတော့ .......... ယိုးဒယားလူမျိုး စားဖိုမှူး ချက်ပြုတ်မယ့် ယိုးဒယား၊ရှမ်း၊တရုတ် အစားအစာများကို အရသာရှိစွာ သုံးဆောင်နိုင်အောင် စီစဉ်ထားပါတယ်။

ယိုးဒယား အစားအစာ ………. 
သင်္ဘောသီးထောင်း၊ ကွေ့သယို၊ တုမ်ယမ်း(ပုဇွန်-ကြက်)၊ ပုဇွန်သုပ်၊ ပြည်ကြီးငါးသုပ်၊ ၀က်ကိုက်လန်၊ စင်းကော(၀က်-ကြက်)၊ ၀က်သံပုရာ၊ မူယော့၊ ဖတ်ကဖောင်(၀က်-ကြက်)၊ ငါးကြော်ချိုစပ် 

ရှမ်းနဲ့ တရုတ်အစားအစာ……….. 
ရှမ်းခေါက်ဆွဲ ၊ တို့ဟူးကြော် ၊ ကောက်ညှင်းပေါင်း ၊ ကုန်းဘောင်ကြီးကြော်(၀က်-ကြက်) ၊ ၀က်သားလုံးကြော် ၊ ၀က်ခြေထောက်စွပ်၊ ချိုချဉ်ကြော်(၀က်-ကြက်) 

 အရသာကောင်းမွန်တဲ့ အစားအသောက်များ အပြင် လုပ်ငန်းခွင်ထဲက ပင်ပမ်းနွမ်းနယ်  မှုတွေ ဖြေပျောက် စေမယ့် တေးဂီတ အစီအစဉ် များကိုလည်း ခံစားနိုင်ရန် စီစဉ်ထားပါတယ်။ နောက်ပိုင်းမှာ သီချင်းဆို ၀ါသနာပါတဲ့ ညီအကိုတွေ အတွက် သီဆိုနိုင်ရန် စီစဉ်ပေးမှာ ဖြစ်ပါတယ်။ 

 လေးစားစွာဖြင့်
ရိမ်းဘိုး(RAINBOW) စားသောက်ဆိုင် ညီအကိုများ

No comments: