Wednesday, April 3, 2013

၁၃ ကြိမ်မြောက် နှစ်သစ်ကူးအတာသင်္ကြန်ပွဲ ဖိတ်ကြားခြင်း


ရေးသားသူ - မြန်မာအသင်း (ကိုရီးယား)
 ပျော်ရာမှာ မနေရ တော်ရမှာ နေရ ဆိုရိုးစကားအတိုင်း တောင်ကိုရီးယားနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများ အားလုံး မြန်မာပြည် အလွမ်းပြေ ရိုးရာ မပျက် အတာသင်္ကြန်ပွဲကို ဆင်နွှဲနိုင်စေရန်အတွက် မြန်မာအသင်း (ကိုရီးယား)က ဦးစီး၍ မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ပွဲကို အောက်ပါ အစီအစဉ်များအတိုင်း ကျင်းပမည်ဖြစ်ပါသောကြောင့် အလွမ်းတွေ ပြေ၊ အမောတွေ ဖြေစေရန်အတွက် လာရောက်၍ ပျော်ရွှင်စွာ ဆင်နွှဲကြပါရန် ဖိတ်ကြားအပ်ပါသည်။

န့ ရက် ။ ၂၀၁၃ ခုနှစ် ဧပြီ ၁၄ ရက် တနင်္ဂနွေနေ့ 
အ ချိန်   ။ နံနက် ၁၁ နာရီမှ ညနေ ၄ နာရီအထိ
န ရာ   ။ ပူချွန်း ပြည်သူ့ အားကစားကွင်း၊ ပြည်သူ့ရင်ပြင် ဂျူန်ဟာဘ် အု(န်)ဒု(န်)ဂျာန် ( Bucheon Sports Complex)  


ဆက်သွယ်ရန်
ကိုခင်မောင်ရင် ( ၀၁၀ ၂၇၈၈ ၇၁၅၃)၊ ကိုသန့်ဇင်အောင် ( ၀၁၀ ၉၀၅၄ ၄၇၂၇ ) ကိုဝင်းမြင့်ဦး ( ၀၁၁ ၂၉၂ ၉၅၄၂ )၊ ကိုဝင်းနိုင်ဦး ( ၀၁၀ ၈၆၄၈ ၄၅၃၃ )
 

လမ်းညွှန် ။ 
၁။ အမှတ် ၇။ မြေအောက် ရထားလိုင်း၊ ဘူချွန်း ဂျူန်ဟာဘ် အု(န်)ဒု(န်)ဂျာန် ဘူတာ၊ ( Bucheon Sports Complex) ထွက်ပေါက် အမှတ် ၁နှင့် ၂။ 
၂။ အမှတ် ၁၊ မြေအောက် ရထားလိုင်း၊ ဆိုဆာ ဘူတာ ထွက်ပေါက်အမှတ် ၃မှ ၆၀နှင့် ၉၅ လိုင်းကားများကို စီး၍ ဘူချွန်း ဂျူန်ဟာဘ် အု(န်)ဒု(န်)ဂျာန် ( Bucheon Sports Complex) မှတ်တိုင်တွင် ဆင်းပါ။ 
 ၃။ အမှတ် ၁၊ မြေအောက် ရထားလိုင်း၊ ဘူချွန်းဘူတာ မြောက်ဘက်၊ ထွက်ပေါက် အမှတ် ၂၊ အနီးရှိ ကားဂိတ်မှ ကင်းမ်ဖို လေဆိပ်သို့ သွား အမှတ် ၃ လိုင်းကားကို စီး၍ ဂျူန်ဟာဘ် အု(န်)ဒု(န်)ဂျာန် ( Bucheon Sports Complex) မှတ်တိုင်တွင် ဆင်းပြီး လူကူးမျဉ်းကြားမှ ကူးလာပါ။

 

No comments: