ဟိုတလောက ကုလား-ဗမာ အရေးအခင်းနဲ့ ပတ်သက်ပြီး
အင်တာနက်မှာ အတော်ကိုပြန့်နှံ့သွားခဲ့တဲ့ မြန်မာအမျိုးသမီးတွေကို သတိပေးတဲ့ ဆောင်းပါးတွေ၊
ဘလော့(ခ်) တွေကို ဖတ်ပြီး ကျွန်မစိတ်ကူးထဲမှာလည်း
ပြောချင်တာလေးတွေပေါ်လာတာနဲ့ ဒီစာလေးရေးဖြစ်သွားခြင်းဖြစ်ပါတယ်။ မြန်မာအမျိုးသမီးတွေကို
နိုင်ငံခြားသား၊ ဘာသာခြားနဲ့ ထိမ်းမြားခြင်းမပြုဖို့၊ အမျိုး၊ ဘာသာ၊ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ဖို့
စသည်ဖြင့် သတိပေး ဆုံးမထားတာတွေကို အားလုံးလည်း သတိထားမိကြ ဖတ်ဖြစ်မိကြမယ်ထင်ပါတယ်။
အမှန်လည်း နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ အတွက် အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုနဲ့
သမိုင်းကြောင်းစတာတွေက အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ် တည်ရှိနေပါတယ်။ နိုင်ငံသားတိုင်းမှာ
တာဝန်ရှိခြင်းဖြစ်ပါတယ်။ အမျိုးသမီးထုတစ်ခုတည်းမှာ တာဝန်ရှိခြင်းမဟုတ်ပါ။ မိန်းမတွေဘဲ
နိုင်ငံခြားသားကို ယူ။ လူမျိုးခြားကို လက်ထက်နေကြလို့လား။ ရှင်တို့ ယောက်ျားတွေမှာရော
အဲဒီလိုတွေရှိကြတာဘဲ မဟုတ်ဘူးလား။လို့တောင် ရေးနေကြတဲ့သူတွေ၊ ဘလော့(ခ်) တင်ကြတဲ့လူတွေကို
မေးလိုက်ချင်ပါသေးတယ်။ တကယ်တမ်းပြောရမယ်ဆိုရင် ကျွန်မတို့ အမျိုးသမီးတွေဆိုတာ ပန်းတွေနဲ့အတူတူဘဲလေ။
ပန်းဆိုတာ ပန်းခူးသူလက်ထဲကိုဘဲ ရောက်ကြရတာလေ။ ငြင်းဆန်ပိုင်ခွင့်ကတော့ အပြည့်အ၀ရှိပေမယ့်
ရွေးချယ်ပိုင်ခွင့်ဆိုတာ အင်မတန်မှ နည်းလှပါတယ်။ အဲဒီတော့ အမျိုးသမီးတွေထက် ပိုပြီးရွေးချယ်ပိုင်ခွင့်တွေရှိနေတဲ့
အမျိုးသားတွေမှာက အမျိုး၊ ဘာသာ၊ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ပိုလို့တောင်မှ
ရှိတာပေါ့။ ဒါပေမယ့်လည်း စာရေးတဲ့သူတွေက ယောက်ျားတွေဘဲ များနေရော့ကြောင့်လားမသိ။ အမျိုးသားများကို
ရည်ညွှန်းရေးသားသော စာတစ်ကြောင်းမျှပင် ပေါ်ပေါက်လာခြင်းမရှိသောကြောင့် ကျွန်မမှာ အမျိုးသမီးထုဖက်မှနေ၍
မခံမရပ်နိုင်၊ မကျေမနပ်နိုင်ဖြစ်ခဲ့ရလေ၏။ ကဲဒီတော့ ရှည်ရှည်ဝေးဝေး ပြောမနေချင်တော့ပါဘူး။
အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ဖို့ အမျိုးသမီးတွေမှာဘဲ တာဝန်ရှိတယ်ဆိုပြီးအော်မနေကြနဲ့
စာရေးဆရာတို့ရေ။ အမျိုးသားထုအတွက်လည်း စာလေးဘာလေးရေးကြပါဦး လို့သာပြန်ပြောလိုက်ချင်ပါတော့သည်။
မည်သူ့ကိုမျှရည်ရွယ်ရေးသားခြင်းမဟုတ်ပါ။ အမှားပါခဲ့သော်
လူငယ်အတွေး ရေးချင်ရာရေးဖြစ်သောကြောင့် မေတ္တာရှေ့ထား သည်းခံခွင့်လွှတ်ကြပါရန်။
No comments:
Post a Comment