Sunday, April 14, 2013

ဗုဒ္ဓ၏ ပါဒ စေတီ ဘိုမု(န်)ဂျောန်ဆာတွင် ကိန်းဝပ်


၂၀၁၃ ခုနှစ် ဧပြီ ၁၄ ရက် တနင်္ဂနွေနေ့ နံနက် ၉ နာရီအချိန် ဂယောန်ဂီပြည်နယ် ယုန်အင်မြို့ရှိ ဂျိုဂယဲဂျူန် ဘိုမု(န်)ဂျောန်ဆာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွင် မြန်မာနိုင်ငံမှ ပင့်ဆောင်လာသော ဗုဒ္ဓမြတ်စွာဘုရား၏ ပါဒ စေတီတော် ဖွင့်ပွဲ  အခမ်းအနားကို မြန်မာဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ ကျင်းပပါသည်။ အန္ဒိယနိုင်ငံ ကုသီနာရုံ ဆရာတော် ဦးဥာဏိန္ဒနှင့် လှရတနာ (ကျော်လေးကျော်) ဆရာတော် ဦးနာရဒါဘိဝံသတို့က ဘုရားအနေကဇာတင်ခြင်း၊ ပရိတ်တရားတော်များ ရွတ်ဖတ် ပူဇော်ခြင်းများ ပြုလုပ်၍  ကြွရောက်လာကြသော ဧည့်ပရိသတ်များအား ဒေါ်သန်းတင်က ရွှေမိုး ငွေမိုးများ သွန်းဖြိုးပေးပြီး စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံ ကျွေးမွေးကြပါသည်။

No comments: