ရေးသားသူ — စိုးမိုးသူ
ကမ္ဘာ့အလုပ်သမားနေ့ဖြစ်တဲ့ မေလ ၁ရက်မှာ အလုပ်လုပ်ရတဲ့ သူတွေအနေနဲ့ ဥပဒေအရ သတ်မှတ်ပေး ထားတဲ့ အားလပ်ရက်မှာ အလုပ်လုပ်တာ ဖြစ်တာမို့ တနေ့လုပ်ခရဲ့ ၁၅၀% ပိုရရမှာ ဖြစ်ပါတယ်။
ဥပမာ- မေဒေးမှာ အလုပ်၈နာရီ လုပ်ရပါက ၃၈ ၈၈၀ ၀မ်(တနေ့၈နာရီ လုပ်ချိန်အတွက် ဥပဒေအရ သတ်မှတ်ထားသော အခြေခံလုပ်ခ)ကို ပိတ်ရက် အလုပ်လုပ်ခ ၁၅၀%နဲ့ မြောက်ရမှာ ဖြစ်ပါတယ်။ တနေ့ အလုပ်လုပ်ခ ၃၈ ၈၈၀ ၀မ်ထက် လစာ ပိုရသော အလုပ်သမားအနေနဲ့ မိမိရဲ့ လစာမှ တရက်စာကို တွက်ယူကာ ၁၅၀%နဲ့ မြောက်နိုင်ပါတယ်။
အကယ်၍ အလုပ်ရှင်က မေဒေးမှာ အလုပ်ဆင်းခိုင်းပြီး အလုပ်ဆင်းခကို၁၅၀% ပိုမပေးပါက အလုပ်သမားဝန်ကြီးဌာနမှာ တိုက်ရိုက် တိုင်ကြားနိုင် သလို၊ ဒေသတွင်းရှိ ရွှေ့ပြောင်း အလုပ်သမား စင်တာများ၊ ဒေသတွင်း နိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ် အလုပ်သမားသမဂ္ဂ (민주노총)တို့မှာ သွားရောက် တိုင်ကြားနိုင်ပါတယ်။
အလုပ်သမားဥပဒေအရ

မေဒေးမှာ အတင်းအကြပ် အလုပ်စေခိုင်းပြီး လုပ်ခ၁၅၀%ပိုမပေးသူ အလုပ်ရှင်ကို ထောင်ဒဏ် ၃နှစ်နဲ့ ဒဏ်ငွေ ၀မ်သိန်း ၂၀၀ ပေးဆောင်ရမယ်လို့ ပြဌာန်းထားပါတယ်။
ပြီးတော့ ဒီဥပဒေကို ရွှေ့ပြောင်းအလုပ်သမားများတင်မက ကိုရီးယားအလုပ်သမားများ အတော်များများ ပင် မသိကြတာကြောင့် မိမိ ဘေးပတ်ဝန်းကျင်ကိုလည်း ဖြန့်ပေးကြဖို့ တိုက်တွန်းပါတယ်။
စိုးမိုးသူ(facebook: moethu.soe)
မေဒေးမှာ အလုပ်ဆင်းရတဲ့ သူတွေအနေနဲ့ လုပ်ခ ဘယ်လို တွက်ပေးပါသလဲလို့ အလုပ်ရှင် ကို မေးကြည့်ပါ။ ဥပဒေပါအတိုင်း
မပြောရင် ဥပဒေပါအချက်ကို ရှင်းပြပေးပါ။ အများအားဖြင့်
အလုပ်ရှင်တွေကလည်း အလုပ်သမားဥပဒေကို မသိကြတာ များကြပါတယ်။ အဲ သိရဲ့သားနဲ့ တမင် မပေးရင်တော့ ဥပဒေအရပေါ့။
အလုပ်ရှင်တွေကလည်း အလုပ်သမားဥပဒေကို မသိကြတာ များကြပါတယ်။ အဲ သိရဲ့သားနဲ့ တမင် မပေးရင်တော့ ဥပဒေအရပေါ့။
စိုးမိုးသူ(facebook: moethu.soe)
No comments:
Post a Comment