ယခုလာမည့် မေလ ၁၀ ရက်နေ့မှစ၍ ၂၄ ရက်နေ့အထိ ကာလသည် ဗုဒ္ဓဘာသာရွှေမြန်မာများအတွက် အထွတ်အမြတ်ထားရာ ကဆုန်လပြည့် ဗုဒ္ဓနေ့ဝန်းကျင် မြတ်သောအချိန်ကာလဖြစ်ပါသည်။ဘယ်နေရာရောက်ရောက် အရောင်မပြောင်းတတ်သော ရွှေစိတ်ဓာတ်ရှိကြသည့် မြန်မာများဖြစ်ကြသည့်အားလျှော်ညီစွာ ကိုရီးယားနိုင်ငံရောက် မီတွန်ဂါဂူစက်ရုံညီအကိုများ၏ ကဆုန်လပြည့် ဗုဒ္ဓနေ့အကြို မြတ်သောအလှူတော်ကို ဖော်ပြပါ အစီစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ ရွှေမြန်မာညီအကိုများအားလုံး ကြွရောက်ချီးမြှောက်ကြပါရန် မေတ္တာရှေ့ထားဖိတ်ကြားအပ်ပါသည်ခင်ဗျား .....။
အစီအစဉ်=နေ့ရက်- ၁၂ . ၅ . ၂၀၁၃ ( တနင်္ဂနွေနေ့ )
နေရာ- မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် ( ကိုရီးယား )
ဧည့်ခံမှု - မြန်မာထမင်းဟင်း(ထူးရှယ်လက်ရာ)
အထူးသတင်း... ၁၂ ၊ ၅ ၊ ၂၀၁၃ (တနင်္ဂနွေနေ့)သည် ကိုရီးယားနိုင်ငံ ဂျိုဂဲဆာဂိုဏ်းကြီး၏ အစီစဉ်ဖြင့် ဆင်ယင်ကျင်းပသော ဗုဒ္ဓဘုရား၏မွေးနေ့ပွဲတော်အကြို ဗုဒ္ဓဘာသာနိုင်ငံပေါင်းစုံပါဝင်သော ပွဲတော်ရက်လည်းဖြစ်ပါသည်။ထိုပွဲတော်ကြီးတွင် ကိုရီးယားရောက် ဗုဒ္ဓဘာသာရွှေမြန်မာဆရာတော်များ၊ဒကာ ဒကာမများပါဝင်ဆင်နွှဲမည်ဖြစ်ပြီး ဗုဒ္ဓဘာသာရွှေမြန်မာပြခန်းနှင့်အတူ သင်္ကြန်အဆိုအကများနှင့် ဧည့်ခံဖျော်ဖြေခြင်း၊သကြားသာကူအာဟာရဖြင့် လှူဒါန်းဧည့်ခံခြင်းများပါဝင်ပါမည်။ပွဲတော်သို့သွားကြမည်သူများကို မီတွန်ညီအကိုများက မြန်မာထမင်းဟင်းဖြင့် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်တွင် နံနက်ပိုင်းမှစတင်၍ ဧည့်ခံကျွေးမွေးပါမည်။ပွဲတော်သို့သွားကြလိုသူများသည် ဆိုးလ်ဘူတာ၊ရှီချွန်ဘူတာအပြီး ဂျုံဂတ်ဘူတာတွင်ဆင်းပြီး ထွက်ပေါက် ၂ ၊ ၃ တို့မှ ထွက်ရမည်ဖြစ်ပါသည်။ပါဝင်ဆင်နွှဲကြပါစို့.....။

No comments:
Post a Comment