Monday, June 3, 2013

၈ ကြီမ်မြောက် သူငယ်ချင်းတို့ အာရှပွဲသို့ တက်ရောက်သည့် မြန်အသင်း (ကိုရီးယား)

 
၂၀၁၃ ခုနှစ် ဇွန် ၂ ရက် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ အင်ချောန်မြို့ ဂါန်ဟွာန်ဒုံ ဂျောန်ဒွန်ဆာ မဟာယနာကျောင်းတော်၌ ကျင်းပသည့် ၈ ကြီမ်မြောက် ရွှေ့ပြောင်း နေထိုင်သူများ၏ သူငယ်ချင်းတို့ အာရှ ခေါင်းစဉ်ဖြင့် ကျင်းပသည့် ယဉ်ကျေးမှု ပွဲတော်သို့ မြန်မာအသင်း (ကိုရီးယား)က ဦးခင်မောင်ရင် ဦးဆောင်သည့် မြန်မာနိုင်ငံသားများ တက်ရောက် ပူးပေါင်းကြပါသည်။ သူငယ်ချင်းတို့ အာရှ ယဉ်ကျေးမှုပွဲတော်သို့ ဗီယက်နာမ်၊ ဖီလစ်ပိုင်၊ သီရိလင်္ကာ၊ ထိုင်း၊ နီပေါတို့ကလည်း တက်ရောက်ကြပြီး မိမိတို့၏ ယဉ်ကျေးမှု အနုပညာများက တင်ဆက်ကြပါသည်။ မြန်မာတွေဘက်က မျိုးချစ်မောင် ဒိုးပတ်ဝိုင်း အဖွဲ့၏ လက်စွမ်းနဲ့ အကများကို တင်ဆက်ပေးသွားကြောင်း သတင်း ရရှိပါသည်။ ၄င်းနောက် ပူးပေါင်းလာကြသည့် မြန်မာနိုင်ငံသားများကို ကင်းမ်ဖို ဗဟို ပန်းခြံနဲ့ ပင်လယ် အလှအပ မြင်ကွင်းများကို အချိန်တိုအတွင်းမှာ ကြည့်ရှု အပမ်းဖြေနိုင်စေရန် မြန်မာအသင်း (ကိုရီးယား)က စီစဉ်ပေးခဲ့ပါသည်။

No comments: