ဖုန်းတလုံးကို ခိုးယူသုံးမှ လူလုံးလှမယ့် မိတ်ဆွေရေ ၊
မိသားစု ဝမ်းရေး အနှောက်အယှက်တွေ ကင်းဝေးပြီး ၊
ရှာကျွေးသောအစာ အဆိပ်အပင်း ကင်းရှင်းပါစေ ၊
ရေကြည်ရာ မြက်နုရာ မျက်နှာငယ် ကျွန်ဘဝမှ လွတ်မြောက်ပြီး ၊
နိမ့်ကျသော စောရနက္ခတ်ဖွား ငတက်ပြား အဖြစ်မှ ၊
သံသရာ အဆက်ဆက် ရုန်းထွက်နိုင်ပါစေ ၊
ဤမှန်သော မေတ္တာ စကားကြောင့် ၊
ကျနော့်ဖုန်း မ, သွား ထိုလူသားသည် ၊
ရေလိုအေး ပန်းလိုချမ်းေ့မြ့၍ ၊
သွားလေရာ လာလေရာ ဘေးမသီရန်မခဘဲ ၊
လုပ်ငန်းခွင်ပြင်ပ ထိခိုက်ခြင်းမှ ကင်းဝေးပြီး ၊
နှလုံးစိတ်ဝမ်းငြိမ်းချမ်းနိုင်ပါစေ။
မေတ္တာမွန်ဖြင့် -
ကိုရွှေမိုး
တို့ ပိုင်တဲ့မြေ
**နုတ် 2 = Samsung Galaxy Note 2 .
***တို့ပိုင်တဲ့မြေ သည် ယနေ့မှစ၍ နွေရာသီပိတ်ရက်မရှိနေ့စဉ်ဖွင့်လှစ်လျက်ရှိပါကြောင်း။
Tuesday, July 30, 2013
နုတ် 2 တလုံးအတွက် မေတ္တာစာ
Subscribe to:
Post Comments (Atom)
4 comments:
ကိုမိုး ဖုန်း serialနံပါတ်သိလား၊ အ၀ယ်ဘောင်ချာကိုကော သိမ်းထားလား။
ခိုးသွားတဲ့သူက ဖုန်းကို အသက်သွင်းတာနဲ့ ဘယ်နေရာမှာ သုံးနေလဲဆိုတာ ရဲကို serialနံပါတ်က တဆင့် လိုက်ရှာဖမ်းခိုင်းလို့ ရတယ်လို့ သိထားတယ်၊ မကောင်းတဲ့ အကျင့်ဆိုးအတွက် ထိုက်တန်တဲ့ တာဝန်ယူမှုရှိအောင် လုပ်ပေးဖို့ လိုမယ်ထင်တယ်။
ကဲ ဖုန်းယူသွားသူရေ ဖုန်းဖိုးထက် မကတဲ့ ပြစ်ဒဏ်ကြီးကို မခံချင်ရင်တော့ အသာတကြည် သူ့နေရာသူပြန်ထားပေးလိုက်ပါ
မိုးကြီး မင်းကလဲလူတိုင်းကို လူရင်းလို အရမ်းခင်တတ်တာကိုး ငွေကောင်တာလဲ သတိထားအုံး
လူတ်ာလို့ သဘောထားလိုက်
Post a Comment