Sunday, July 21, 2013

ဂျုအာန် ကားစက်ရုံက ညီအကိုတို့ရဲပ ၀ါဆို အလှူ ဖိတ်ကြားလွှာ

လာမည့် ၂၀၁၃ ခုနှစ် ဇူလိုင်၂၈ ရက် တနင်္ဂနွေနေ့ အင်ချောန်မြို့ ဂျုအာန်ရှိ ဂီအာ (KIA) ကားပစ္စည်း ထုတ် စက်ရုံမှ  ညီအကိုတစ်စုတို့က ဘုရားအမှူးထား၍ ကျောင်းထိုင်ဆရာတော် ဦးသုမင်္ဂလနှင့် ပင့်သံဃာအပေါင်းတို့အား ဆွမ်း ဘောဇဉ်ခဲဘွယ်တို့ ဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာကြသော ဧည့်ပရိသတ်အပေါင်းတို့ကို နံနက် ၈ နာရီမှ ၉ နာရီအထိ သျှမ်းခေါက်ဆွဲ နံနက် ၁၁ နာရီမှ နေ့လည် ၁ နာရီအထိ ဒံပေါက်တို့ဖြင့် ဧည့်ခံမည်ဖြစ်ပါသည်။ နေ့လည် ၂ နာရီအချိန်တွင် ပြုပြုသမျှသော ကုသိုလ်အပေါင်းတို့ကို ရေစက်သွန်းချ အမျှပေးဝေမည်ဖြစ်ပါသဖြင့် တရားနာ ကြွရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။ 

No comments: