Wednesday, July 31, 2013

ကိုရီးယားရောက် နိုင်ငံခြားသားများ ဘောလီဘောပြိုင်ပွဲ ကျင်းပမည်


ကိုရီးယားနိုင်ငံ ဂမ်ဟဲမြို့ရှိ ဂမ်ဟဲလေဆိပ်အနီး 김해경전철 덕두역 강서브라이트센터 နေရာတွင် ကိုရီးယားရောက် နိုင်ငံခြားသားများ ဘောလီဘောပြိုင်ပွဲကို သြဂုတ်လ (၃) ရက် စနေနေ့ နံနက် (၁၀)တွင် ကျင်းပမည် ဖြစ်ပါသည်။ ယခုကျင်းပပြုလုပ်သော ဘောလီဘော ပြိုင်ပွဲကို 아가페이주민선교회 အဖွဲ့အစည်းမှ ဦးဆောင် ကျင်းပပေးခြင်း ဖြစ်ပါသည်။ 

ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံများမှာ မြန်မာ ၊ နီပေါ ၊ ကမ္ဘောဒီးယား ၊ သီရိလင်္ကာ ၊ အင်ဒိုနီးရှား ၊ ဥဇ္ဇဘက်ကစ္စတန် နိုင်ငံတို့ ဖြစ်ပါသည်။ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံများအနေဖြင့် အသင်းဝင်ကြေး ၀မ် (၂) သိန်း ပေးသွင်းရမည် ဖြစ်ပါသည်။ ပြိုင်ပွဲတွင် ပထမဆု အတွက် ၀မ် (၆) သိန်း ၊ ဒုတိယဆု (၃) သိန်း ၊ တတိယဆု (၂) သိန်း ၊ စတုတ္ထဆု (၁)သိန်း ချီးမြှင့်မည် ဖြစ်ပါသည်။

ယှဉ်ပြိုင်လိုသော အဖွဲ့များအနေဖြင့် ကိုမင်းလတ် (010-7459-3070) ထံသို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါသည်။ အဆိုပါ ဘောလီဘော ပြိုင်ပွဲသို့ ဘူဆန် ၊ ဂမ်ဟဲ အနီးအနားရှိ ရွှေမြန်မာများ ၃-၈-၂၀၁၃ ခုနှစ် ၊ နံနက် (၁၀)နာရီ 김해경전철 덕두역 강서브라이트센터 သို့ အရောက်လာရောက်ပြီး အားပေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

No comments: