Wednesday, August 7, 2013

၈လေးလုံး အထိမ်းအမှတ် ဆွမ်းကပ်ပွဲသို့ ကြွရောက်ပါရန် ဘားမားအက်ရှင်မှ ဖိတ်ခေါ်ပါတယ်။

ရေးသားသူ — စိုးမိုးသူ

ကျနော်တို့ ဘားမားအက်ရှင်ကိုရီးယားအဖွဲ့မှ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး ငွေရတု အထိမ်း အမှတ် အဖြစ် ခေတ်အဆက်ဆက်တွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံး သွားခဲ့ကြသည့် ရဟန်း ရှင်လူကျောင်းသားပြည်သူအပေါင်းအား ရည်စူးကာ သံဃာတော်များအား အာရုဏ် ဆွမ်းကပ်လှူခြင်းနှင့် တရားနာယူ အမျှပေးဝေခြင်း၊ ကြွရောက်လာကြသည့် ပရိသတ်အပေါင်းအား မုန့်ဟင်းခါးကျွေးမွေးလှူဒါန်းခြင်းကို ပြုလုပ် သွားမည်ဖြစ်ပါသဖြင့် ကိုရီးယားရှိ အား လုံးသော အဖွဲ့ အစည်း အသီးသီးနှင့် မြန်မာနိုင်ငံသား အပေါင်းအား လေးစားစွာ ဖိတ်ကြားအပ်ပါတယ်။ 

နေ့ရက်။  ။ ၂၀၁၃ခုနှစ် သြဂုတ်လ ၈ရက် ကြာသပတေးနေ့ မနက်
နေရာ။     ။ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်အတွင်း(ဓမ္မဒူတကျောင်းဆရာတော်များအပါအ၀င်)
လေးစားစွာဖြင့်
ဘားမားအက်ရှင် အဖွဲ့သားများ

No comments: