Thursday, September 19, 2013

ပဌာန်းရွတ်ဆို ပူဇော်ပွဲ


၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၉ ရက် နံနက် ၆ နာရီအချိန်ခန့်က မြန်မာအသင်း (ကိုရီးယား)၏ ပင့်ဖိတ်မှုအရ ပူချွန်းမြို့ ၀ါန်မိရပ်ကွက်ရှိ ဆောဂ်ကွာန်ဆာ ဘုန်းတော်ကြီးကျောင်းအတွင်းတွင် သီတင်းသုံး အပူဇော်ခံနေသော တိလောကမုနိ ဗုဒ္ဓဆင်းတုတော် ရှေ့တွင် ဦးသုမင်္ဂလ (ဝေါဆရာတော် - ကျောင်းထိုင်ဆရာတော်၊ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)နှင့် သံဃာတော် အသျှင်သူမြတ်တို့က ပဌာန်းဒေသနာတော်ကို ရွတ်ဖတ် ပူဇော်ကြပါသည်။
အဆိုပါ စက်တင်ဘာ ၁၉ ရက် နေ့လည် ၁၂ နာရီမှ ညနေ ၄နာရီအချိန်အထိ ၁၅ကြီမ်မြောက် တိလောကမုနိ ဗုဒ္ဓပူဇနိယပွဲတော်ကို မြန်မာအသင်း (ကိုရီးယား)က ဦးစီး၍ စည်ကား သိုက်မြိုက်စွာ ကျင်းပပြီးစီးကြောင်း သတင်းရရှိပါသည်။

No comments: