Sunday, September 22, 2013

ပထမဆု ဆက်တိုက်ရတဲ့ အင်ချွန်းယူနိုက်တက် အသင်း


၁၃ ကြိမ်မြောက် မြန်မာအသင်း (ကိုရီးယား) ဖလား ဘောလုံးပြိုင်ပွဲတွင် ပထမဆုကို အင်ချွန်း ယူနိုက်တက် အသင်း၊ တတိယဆုကို ဂွာန်ဂျူတို့က ရရှိပါတယ်။ ပထမဆုကို ဂေါဂျဲအသင်းနဲ့ အင်ချွန်း ယူနိုက်တက်အသင်းတို့ ပထမဆု ရရှိရေးအတွက် ဘောလုံးကို ချစ်မြတ်နိုးစိတ်၊ အသင်းကို တန်ဘိုး ထားစိတ်တွေနဲ့ ယှဉ်ပြိုင်နေစဉ် ဒိုင်ရဲ့ ပစ်ဒဏ်ဘော ပေးချက်ကို မနှစ်မြို့၍ ဂေါဂျဲ ဘောလုံး အသင်းက စိတ်မကောင်းစွာနဲ့ ဘောလုံးကွင်းထဲမှ ထွက်သွားခဲ့ပါတယ်။ မြန်မာအသင်း (ကိုရီးယား) ဘောလုံးပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းအရ ဂေါဂျဲ အသင်းက ကွင်းပြင်တို့ ထွက်သွား၍ အင်ချွန်း ယူနိုက်တက် အသင်းက အလိုအလျောက် ၁၃ ကြီမ်မြောက် မြန်မာအသင်း (ကိုရီးယား) ဖလား ဘောလုံးပြိုင်ပွဲ ပထမဆုကို ရရှိသွားပါတယ်။ အင်ချွန်း ယူနိုက်တက် အသင်းက မြန်မာအသင်း (ကိုရီးယား) ဖလားကို သုံးကြီမ် ရရှိထားသော အသင်းဖြစ်ပါတယ်။ပထမဆု၊ တတိယဆုနှင့် အကောင်းဆုံးဆုများကို တာဝန်ရှိသူများ အသီးသီးက ပေးအပ်လိုက်ပြီး ၁၃ ကြီမ်မြောက် မြန်မာအသင်း (ကိုရီးယား) ဖလား ဘောလုံးပြိုင်ပွဲကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြကြောင်း သတင်းရရှိပါတယ်။ 
သုံးကြီမ် ပထမဆုရရှိထားသော အင်ချွန်း ယူနိုက်တက် အသင်း
ပထမဆုကို ရရှိရန် အားခဲထားပေမယ့် ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို မနှစ်မြိုဘဲ ထွက်ခွာသွားခဲ့သော ဂေါဂျဲအသင်း
တတိယဆု ရရှိသွားသော ဂွာန်ဂျူအသင်း

No comments: