Saturday, October 26, 2013

အခြေခံဥပဒေ တိုင်းပြည်အတွက် အရေးပါပုံ – NLD တာမွေရုံးတွင် ရှေ့နေကြီး ဦးကိုနီ၏ ဟောပြောချက်

ရေးသားသူ — မိုးမခ

ပြင်ဆင်စရာ မေးခွန်းများ ကောက်နုတ်ချက် …
ပုဒ်မ ၆ (စ) – တပ်မတော်က မြန်မာ့နိုင်ငံရေးကို ဦးဆောင်မယ်။
ပုဒ်မ ၂၀ (ခ) တပ်မတော်က တပ်မတော်ကိစ္စကို လွတ်လပ်စွာ စီမံဆောင်ရွက်မည်။
ပုဒ်မ ၂၀ (ဂ) ကာကွယ်ရေးဦးစီးချုပ်ဟာ လက်နက်ကိုင်တပ်ဖွဲ့များရဲ့ အကြီးအကဲ ဖြစ်ရမည်။

အခန်း ၄၊ ဥပဒေပြုရေး ပုဒ်မ – ၇၄၊ ၁၀၉ (ခ) ၊ ၁၄၁ (ခ) ၊ ၁၆၁ (ဃ)
လွှတ်တော်များတွင် – အမတ် ၄ ပုံ ၁ ပုံကို ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက် ခန့်ထားရေး။

အခန်း ၅၊ အုပ်ချုပ်ရေး – ပုဒ်မ ၁၆၊ ၅၈၊ ၁၉၉ သမ္မတသည် နိုင်ငံအထွဋ်အထိပ်၊ အစိုးရအဖွဲ့ရဲ့ အကြီးအကဲ ဖြစ်တယ်ဟု ဆိုသော်လည်း
အခန်း ၁၁။ ပုဒ်မ ၂၀၁၊ ၄၁၇၊ ၄၁၈ မှာ … ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက လူ ၁၁ ယောက်နဲ့ ဖွဲ့ရာမှာ… အစိုးရခေါင်းဆောင် (၂)၊ လွှတ်တော် ခေါင်းဆောင် (၃)၊ ကာကွယ်ရေးဦးစီးချုပ် (၆)၊ (သမ္မတ လက်ထဲမှာလား၊ ကာချုပ် လက်ထဲမှာလား) ကာကွယ်ရေးဦးစီးချုပ်နဲ့ အဖွဲ့က အရေးပေါ်အခြေအနေကို ကြေညာခွင့်၊ အာဏာကို ရယူနိုင်ခွင့် အပြည့်ရှိတယ်။ (မိုးမခ)

No comments: