Wednesday, April 30, 2014

အလှူတော်မင်္ဂလာ ဖိတ်ကြားလွှာ

ကိုရီးယားရောက် ရွှေမြန်မာညီအကိုမောင်နှမ ပေါင်းတို့ခင်ဗျား

ဆရာသောင်းနှင့် ကျောင်းသားများဖြစ်ကြသော ကျနော်တို့၏ ကာယ ဥာဏ ဝီရိယအားတို့ဖြင့် ရရှိထားသော သန့်ရှင်းမွန်မြတ်သော ဝတ္ထုငွေကြေးထဲမှ ထုတ်နှုတ်ပြီး မိဘ ဆရာသမားတို့၏ ဂုဏ်ကို
ဦးထိပ်ရွက်ပန်ဆင်လျှက် ကိုရီးယားနိုင်ငံ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်တွင် ဘုရားအမှူးရှိသော သံဃာတော်အရှင်မြတ်တို့အား မွန်မြတ်သော အရုဏ်ဆွမ်း နေ့ဆွမ်းနှင့် လှူဒါန်းဖွယ်ရာ အဖြာဖြာတို့ကို လှူဒါန်းဆက်ကပ်ပြီး ကြွရောက်လာသော ဧည့်ပရိတ်သတ်အပေါင်းတို့အားလည်း အာဟာရဒါန ကုသိုလ် အဖြစ် လှူဒါန်း ဧည့်ခံကျွေးမွေးမည်ဖြစ်ပါသည် ။ ကျနော်များနှင့်အတူ ကုသိုလ်ယူ တရားတော်ကြွကြပါရန် ခင်မင်လေးစားစွာ ဖိတ်ကြားအပ်ပါသည် ။

နေ့ရက် - ၂၀၁၄ ၊ ၅ ၊ ၄ တနင်္ဂနွေနေ့ ။

အကျွေးမွေး - နံနက်အရုဏ် မုန့်တီသုပ်၊ နေ့လည် မြန်မာထမင်းဟင်းများဖြင့်ဧည့်ခံပါမည်။

တရားတော်နာ -နေ့လည် ၂ နာရီ ခန့် ။

နေရာ - မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား) ဘူဖြောင်း။

No comments: