Saturday, April 5, 2014

ထွဲဂျီဂွန်ဥပဒေကို မလိုလား ကန့်ကွက်ကြမယ့် အစီအစဉ်ဆွေးနွေးပွဲကို အောင်မြင်စွာပြုလုပ်

ရေးသားသူ — စိုးမိုးသူ
ဒီနေ့ ထွဲဂျီဂွန်ဥပဒေကို မလိုလား ကန့်ကွက်ကြမယ့် အစီအစဉ်ဆွေးနွေးပွဲကို အောင်မြင်စွာပြုလုပ်ခဲ့ပါတယ်။

ရွှေ့ပြောင်းအလုပ်သမားကွန်မြူနတီများဖြစ်သည့် မြန်မာ၊ဘင်္ဂလားဒေရှ့်၊နီပေါ၊ဗီယက်နမ်၊ကမ်ဘောဒီးယားမှ ခေါင်းဆောင်များ၊
ရွှေ့ပြောင်းအလုပ်သမားသမဂ္ဂနဲ့ရွှေ့ပြောင်းအလုပ်သမားလူ့အခွင့်အရေးအဖွဲ့များမှ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

တက်ရောက်ကြသူများမှ အဆိုပါဥပဒေအား သုံးသတ်ကြရာတွင် ယင်းဥပဒေသည် လက်ရှိ ရွှေ့ပြောင်းအလုပ်သမားများရဲ့ အလုပ်သမားအခွင့်အရေးဆိုင်ရာ အခြေအနေများအား တိုးတက်ကောင်းမွန်ရန် မျက်ကွယ်ပြုပြီး ပြသနာပိုရှုပ်စေသည့် ဥပဒေအား ပြဌာန်းခြင်း ဖြစ်ကြောင်းသုံးသတ်ကြပြီး ဥပဒေအားကန့်ကွက်ရသည့် အကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

- လစာမှန်မှန်မပေး ထွဲဂျီဂွန်မပေးချင်တဲ့ ကိုရီးယားအလုပ်ရှင်များ၏ အကျင့်စရိုက်များကြောင့် ယုံကြည်မှုမပေးနိုင်ခြင်း၊
- အာမခံဌာနတွင် အဖွဲ့မ၀င်ထားသည့် အလုပ်ရှင်များ၊ အာမခံကြေးကို အပြည့်မပေး၊ လစဉ်မှန်မှန် မပေးတဲ့ အလုပ်ရှင်များကြောင့် မိမိတို့ ငွေကြေးများ ဆုံးရှုံးရမည်ကို စိုးရိမ်ခြင်း၊
- ထွဲဂျီဂွန်လက်ခံ အာမခံဌာနဖြစ်သည့် ဆမ်းဆောင်းဝန်ထမ်းများ၏ လုပ်ကိုင်မှုညံ့ဖျင်းမှုကြောင့် စိတ်မချရခြင်း။
- မိခင်နိုင်ငံအစိုးရနှင့် အစိုးရ၀န်ထမ်းများအပေါ် မယုံကြည်ခြင်း၊
-မိခင်နိုင်ငံတွင်း ငွေကြေးစီမံမှုစနစ်များအား စိတ်မချခြင်း
-ကိုရီးယားနိုင်ငံအခြေခံအလုပ်သမားဥပဒေပါ ထွဲဂျိဂွန်ဥပဒေအား ဆန့်ကျင်ပြီး မိမိတို့နိုင်ငံခြားသားများ၏ ရပိုင်ခွင့်များအား ခွဲခြားချုပ်ခြယ်ခြင်းနှင့် ပမာဏကြီးသည့်ငွေကြေးများအား အစိုးရမှ မောင်ပိုင်စီးလိုခြင်းဟု သုံးသတ်ကြခြင်း။

ထို့ကြောင့်
လာမယ့် ၇လ ၂၉ရက်နေ့မှာ စတင်ကျင့်သုံးမယ့် ထွဲဂျီဂွန်ဥပဒေ မကျင့်သုံးစေရန်အတွက် အောက်ပါအစီအစဉ်များကို ပြုလုပ်သွားရန် ချမှတ်ခဲ့ပါတယ်။

*နိုင်ငံစုံရွှေ့ပြောင်းအလုပ်သမားကွန်မြူနတီများ လှုပ်ရှားမှု
-မိမိတို့ နိုင်ငံသား အဖွဲ့အစည်းအချင်းချင်း တွေ့ဆုံပြီး လှုပ်ရှားနိုင်သည်များအား ဆွေးနွေးအကောင်အထည်ဖော်ခြင်း။
- ကန့်ကွက်ဆန္ဒပြခြင်း၊ လမ်းဘေးကင်းပိန်း၊လက်မှတ်ထိုးကင်ပိန်းများ ပြုလုပ်ခြင်း
- ဂီတ၊ ရုပ်သံ၊ ပန်းချီ၊ကာတွန်း၊ကဗျာစသည် အနုပညာဖြင့် သရုပ်ဖော်ကန့်ကွက်ခြင်း၊
-  ဥပဒေရေးဆွဲခဲ့သည့် လွှတ်တော်အမတ် ၂၀ဦးနှင့် လုပ်ငန်းခွင်ဆိုင်ရာကြီးကြပ်ရေးကော်မတီထံ ဥပဒေအား ကန့်ကွက်သည့် ဖုန်းဆက်ခြင်းကို နိုင်ငံအလိုက် နေ့တနေ့ သတ်မှတ်ပြီး အပတ်စဉ် ပြုလုပ်ခြင်း။(ဥပမာ မြန်မာက တနင်္လာနေ့၊ နီပေါက အင်္ဂါနေ့၊ဗီယက်နမ်က ဗုဒ္ဓဟူးနေ့ စသည်)

**ဥပဒေကြောင်းအရ လှုပ်ရှားမှု
- ဒီမိုကရက်တစ် ရှေ့နေများအဖွဲ့မှ အခြေခံဥပဒေအရမညီညွတ်သော၊ အလုပ်သမားဥပဒေအား ဆန့်ကျင်သော ထွဲဂျီဂွန်ဥပဒေအား တရားစွဲဆိုခြင်း(တရားစွဲဆိုခြင်းကို တရားရုံးမှ လက်ခံပါက အမှုစစ်ဆေးနေသည့် ၃နှစ်တာအတွင်း ဥပဒေကျင့်သုံးခြင်းအား ဆိုင်းငံ့ထားခံရမှာဖြစ်ပါတယ်။)

***အင်န်ဂျီအိုများမှ လှုပ်ရှားမှု
- ရွှေ့ပြောင်းအလုပ်သမားများ ဦးဆောင်လှုပ်ရှားသည့် လှုပ်ရှားမှုများအား ထောက်ပံ့ကူညီခြင်း။
- ဥပဒေရေးဆွဲခဲ့သည့် လွှတ်တော်အမတ် ၂၀ဦးထံ ကန့်ကွက်စာပေးပို့ခြင်း၊ ကန့်ကွက်ဖုန်းဆက်ခြင်း၊ ကန့်ကွက်ရန်တွေ့ဆုံခြင်း၊
-လုပ်ငန်းခွင်ဆိုင်ရာကြီးကြပ်ရေးကော်မတီထံ ကန့်ကွက်စာတင်ခြင်း၊ ကန့်ကွက်ရန်တွေ့ဆုံခြင်း၊

ဒုတိယအကြိမ်အစည်းအဝေးအား လာမယ့် ၁၆ရက်နေ့ နေ့လယ်၂နာရီတွင် ပိတောက်ရိပ်ကဖေးတွင် ဆက်လက်ပြုလုပ်သွားမည်။

No comments: