Friday, May 9, 2014

မြန်မာ့ အာဇာနည် ဗိမာန်ရှေ့ ကိုရီးယား အောက်မေ့ဘွယ် ကျောက်တိုင် ထူ


" မြန်မာ့ အာဇာနည် ဗိမာန်ရှေ့ ကိုရီးယား အောက်မေ့ဘွယ် ကျောက်တိုင် ထူ " 

လာမယ့် ၂၀၁၄ ခုနှစ် ဇွန် ၆ ရက် (ကိုရီးယားနိုင်ငံရဲ့ အောက်မေ့ဘွယ် နေ့)၌ မြန်မာနိုင်ငံ အာဇာနည် ဗိမာန်ရှေ့တွင် ၁၉၈၃ ခုနှစ် အောက်တိုဘာ ၉ ရက် (ကိုရီးယားစာနေ့ )က ဗုံးပေါက်ကွဲလို့ ကျဆုံးသွားကြတဲ့ ကိုရီးယားနိုင်ငံသားများအတွက် အောက်မေ့ဘွယ် ကျောက်တိုင် ဖွင့်လှစ်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း ကိုရီးယား သတင်းများအရ သိရပါတယ်။ အောက်မေ့ဘွယ် ကျောက်တိုင်ကို ကိုရီးယားနိုင်ငံမှာ မစ္စတာ ဘချာန်ဟယောန်က ပြုလုပ်ပြီး မေ ၆ ရက်မှာ တပါတည်း သယ်ဆောင်လာမှာဖြစ်ပါတယ်။ 

ကုန်ကျစရိတ်မှာ ဒေါ်လာ ၇သိန်း ၃သောင်းဖြစ်ပြီး အဆိုပါ ဖွင့်ပွဲသို့ ကိုရီးယားနိုင်ငံ နိုင်ငံခြားနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၀န်ကြီး မစ္စတာ ယူဗြောန်ဆဲ၊ ဒုဝန်ကြီး မစ္မတာ ဂျို ထဲယုန် ( ကျဆုံးသွားသော နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး မစ္စတာ ယိဘောမ်ဆောဂ်ရဲ့ သမက်)တို့ တက်ရောက်ပြီး ကျန်ရစ်သူမိသားစုထဲက ၃၄ ဦး ( ကျဆုံးသူ ၁၇ ဦးရဲ့ မိသားစု တစ်စုကို ၂ဦးနှုန်းဖြင့် ) ကို ဖိတ်ကြားထားပါတယ်။ ကျောက်တိုင် အရွယ်အစားမှာ အကျယ်မှာ ၉ မီတာ ( ၂၇ ပေ)၊ အမြင့် ၁ မီတာခွဲ ( ၄ပေခွဲ)၊ အထူ ၁မီတာ (၃ပေ)ဖြစ်ပါတယ်။ 

၁၉၈၃ ခုနှစ် အောက်တိုဘာ ၈ ရက် သမတ ဂျောန်ဒူဝါန် ( ချာန်ဒူဝါန်)အပါအ၀င် ဒုဝန်ကြီးချုပ်၊ ၀န်ကြီးများ၊ လွှတ်တော်အမတ်များ၊ သမတ အိမ်ပြာတော် တာဝန်ရှိသူများ ၂၂ ဦးတို့ဟာ အာရှ ၅နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ကိုရီးယားနိုင်ငံမှ စတင်ထွက်ခွာပြီး မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့ပါတယ်။ ၁၉၈၃ ခုနှစ် အောက်တိုဘာ ၉ ရက် မြန်မာစံတော်ချိန် စံတော်ချိန် နံနက် ၁၀နာရီ ၂၈မီနစ် အချိန်တွင် မြောက်ကိုရီးယားက ထောင်ထားသော ချိန်ကိုက် ဗုံးက ပေါက်ကွဲသွားပြီး ကိုရီးယား နိုင်ငံသား ၁၇ ဦး မြန်မာနိုင်ငံသား ၄ ဦးတို့ ကျဆုံးသွားခဲ့ရပါတယ်။ သမတ ဂျောန်ဒူဝါန်ဟာ ၃၀ မီနစ်ခန့် နောက်ကျပြီး ရောက်လာခဲ့ပါတယ်။
 ကျော်ဇင်
==========================================

မကြာမီအများပြည်သူများ လွတ်လပ်စွာဝင်ရောက်ဂါရ၀ပြုလေ့လာခွင့်ပေးတော့မည့် အာဇာနည်ဗိမာန်တွင် တစ်ခါကဒါတွေဖြစ်ခဲ့ပါသည် (အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများသည် နယ်ချဲ့လက်ပါးစေ ဂဠုန်ဦးစောနှင့် လူ့ပေါက်ပန်းတစ်စု၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရ၏။ ဒုတိယအကြိမ် အမျိုးသားခေါင်းဆောင်ကြီးနှင့် အာဇာနည်ခေါင်းဆောင်များအား ၁၉၈၃ ခုနှစ် မဆလအစိုးရလက်ထက်တွင် ကွန်မြူနစ်တစ်ပါတီအာဏာရှင်အုပ်ချုပ်သည့် မြောက်ကိုးရီးယားနိုင်ငံသား လူ့ပေါက်ပန်းတစ်စုမှ ထပ်မံလုပ်ကြံခဲ့ပြန်သည်။ သမိုင်းတို့မည်သည်ကား မေ့ပျောက်ရန်မဟုတ် သင်ခန်းစာရယူစေရန်ဟု ရည်ရွယ်ပြီး မကြာမီ မြန်မာပြည်သူလူထုအား ကာလအတန်ကြာ ပိတ်ထားခဲ့သည် အာဇာနည်ဗိမာန်ကြီးအား ပြန်လည်ဖွင့်လှစ်တော့မည့်အချိန်တွင် အာဇာနည်ဗိမာန်မှာ မမေ့နိုင်စရာ အဖြစ်အပျက်များအား ဖြစ်ပွားခဲ့ကြောင်းကို အတိအကျသိစေလိုသည့်ရည်ရွယ်ချက်ကြောင့်) ....အယ်ဒီတာ... အောက်တိုဘာ ၈ - နိုင်ငံတော်သမ်္မတကြီး ဦးစန်းယု၏ ဖိတ်ကြားချက်အရ ကိုရီးယားသမ္မတနိုင်ငံတော် သမ္မတကြီးမစ္စတာ ချန်ဒူးဝှမ်နှင့်ဇနီးနှင့် အဖွဲ့ဝင် ၂၁ ဦးသည် အထူးလေယာဉ်ဖြင့် ယနေ့ညနေပိုင်းတွင် ရောက်ရှိ လာသည်။ အောက်တိုဘာ ၉ - ကိုရီးယားသမ်္မတနိုင်ငံ သမ်္မတကြီးမစ်္စတာချန်ဒူးဝှမ် သည် ယနေ့နံနက်ပိုင်းတွင် အာဇာနည်ဗိမာန်သို့ လွမ်းသူ့ပန်းခွေချရန်အလာ သမ်္မတကြီး မစ်္စတာချန်ဒူးဝှမ်မရောက်မီ နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်တွင် အာဇာနည်ဗိမာန်၌ ဗုံးပေါက်ကွဲသည်။ ဗုံးပေါက်ကွဲမှုကြောင့် ကိုရီးယားသမ်္မတနိုင်ငံ ဧည့်သည်တော် အဖွဲ့မှ ၁၆ ဦးသေဆုံး၍ ၁၅ ဦးဒဏ်ရာရရှိပြီး မြန်မာနိုင်ငံမှ ၃ ဦးသေဆုံးပြီး ၃၃ ဦး ဒဏ်ရာရရှိသည်။ ဗုံးပေါက်ကွဲမှုဖြစ်ပွားသည်ကို သိလျှင်သိချင်း မြန်မာ့ဆိုရှယ် လစ် လမ်းစဉ်ပါတီ ဥက်္ကဋ္ဌကြီးဦးနေ၀င်းသည် အစိုးရဧည့်ဂေဟာသို့ သွား ရောက်၍ ဧည့်သည်တော်ကိုရီးယားသမ်္မတနိုင်ငံသမ်္မတကြီးအား တွေ့ဆုံပြီး လွန်စွာဝမ်းနည်းကြောင်းပြောကြားသည်။ နိုင်ငံတော်သမ်္မတကြီး ဦးစန်းယု သည်လည်း အစိုးရဧည့်ဂေဟာသို့သွားရောက်၍ ဧည့်သည်တော်ကိုရီးယား သမ်္မတကြီးအားတွေ့ဆုံပြီး လွန်စွာဝမ်းနည်းကြောင်း ပြောကြားသည်။ ကိုရီးယားသမ်္မတနိုင်ငံမှ သေဆုံးသူများမှာ ဒုတိယ၀န်ကြီးချုပ် နှင့် စီးပွားရေးစီမံကိန်းအဖွဲ့ရေးရာဝန်ကြီး မစ်္စတာဆောဆော့ခ်ဂျွန်း၊ နိုင်ငံခြားရေးဝန်ကြီးမစ်္စတာလီဘမ်ဆော့ခ်၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုရေးရာဝန်ကြီး မစ်္စတာကင်ဒုံဝှီး၊ စွမ်းအင်နှင့် သယံဇာတပစ်္စည်း ရေးရာဝန်ကြီး မစ်္စတာဆောဆန်ချားလ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သမ်္မတနိုင်ငံသံအမတ်ကြီး မစ်္စတာလီကေချူးတို့ အပါအ၀င် ၁၆ ဦးဖြစ် သည်။ မြန်မာနိုင်ငံမှ သေဆုံးသူများမှာ သတင်းနှင့်စာနယ်ဇင်းကော် ပိုရေးရှင်း ဗိုလ်တထောင်သတင်းစာတိုက်မှ အကြီးတန်းသတင်းထောက် ဦးကင်ကြိုင်၊ ရုပ်ရှင်ကော်ပိုရေးရှင်းမှ သတင်းမှူးဦးအုန်းကျော်နှင့် ထုတ် လုပ်ရေးအဖွဲ့သား ဦးအောင်နိုင်တို့ဖြစ်သည်။ (ရုပ်ရှင်ကော်ပိုရေးရှင်းမှ ဒုလက်ထောက်ညွှန်ကြားရေး မှူးဦးစိုးမြင့်မှာ ဆေးရုံတွင် ၁၁ ရက်နေ့၌ ထပ်မံသေဆုံးသည်။) ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးအောင်ကျော်မြင့်နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန်းမောင် တို့လည်း ဒဏ်ရာအနည်းငယ်ရရှိသည်။ ဒဏ်ရာရသူများအား နိုင်ငံတော်သမ်္မတကြီး ဦးစန်းယုက တပ်မတော် အမှတ် ၂ ဆေးရုံတွင် သွားရောက်ကြည့်ရှုသည်။ အာဇာနည်ဗိမာန်တွင် ဗုံးပေါက်ကွဲသေဆုံးမှုကြောင့် ၀မ်းနည်း ကြောင်းသတင်းကို နိုင်ငံတော်သမ်္မတကြီးဦးစန်းယုက ထုတ်ပြန်သည်။ အောက်တိုဘာ ၁၀ ရက်မှ ၁၂ ရက်အထိ နိုင်ငံတော်အလံကို တိုင်ဝက်လွှင့်ထူကြရန် ၀န်ကြီးချုပ်ရုံးမှ ထုတ်ပြန်သည်။ ဧည့်သည်တော် ကိုရီးယားသမ်္မတနိုင်ငံသမ်္မတကြီး မစ်္စတာ ချန်ဒူးဝှမ်နှင့်အဖွဲ့သည် ခရီးစဉ်များကိုဖျက်သိမ်း၍ ကိုရီးယားသမ်္မတနိုင်ငံ သို့ ညနေပိုင်းတွင် အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာသွားသည်။ နိုင်ငံတော်သမ်္မတကြီး ဦးစန်းယုက ဧည့်သည်တော်သမ်္မတကြီး မစ်္စတာချန်ဒူးဝှမ်လက်သို့ ၀မ်းနည်းကြောင်းသ၀ဏ်လွှာကို လေဆိပ်တွင် ပေးအပ်သည်။ အောက်တိုဘာ ၁၀ - အလားတူဝမ်းနည်းကြောင်း သ၀ဏ်လွှာများကို နိုင်ငံတော်ဝန်ကြီးချုပ် ဦးမောင်မောင်ခက ကိုရီးယားသမ်္မတနိုင်ငံ ၀န်ကြီး ချုပ် ဆန်ဟပ်ကင်မ်ထံသို့လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၀န်ကြီး ဦးချစ်လှိုင်က ကိုရီးယားသမ်္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ခေတ်္တ ၀န်ကြီး ဂျေဝန်ရိုးထံသို့လည်းကောင်း ပေးပို့သည်။ အာဇာနည်ဗိမာန်၌ ဗုံးပေါက်ကွဲမှု စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ၀န်ကြီးအဖွဲ့က အမိန့်ကြော်ငြာစာအမှတ် ၁၉/၈၃ ကို ထုတ်ပြန်သည်။ ဒဏ်ရာရရှိခဲ့ကြသည့် ကိုရီးယားသမ်္မတနိုင်ငံ ကိုယ်စားလှယ် အဖွဲ့ဝင် ၁၃ ဦးအားမွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင်လည်းကောင်း၊ ဒဏ်ရာ ရရှိခဲ့သည့် ဗိုလ်ချုပ်ကြီးမစ်္စတာလီကီဘက်ခ်နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးမစ်္စတာ လီကီးဝု(တ်)တို့ကို ည ၈ နာရီမိနစ် ၂၀ တွင်လည်း ကောင်း ကိုရီးယားသမ်္မတနိုင်ငံသို့ ပြန်လည်သယ်ဆောင်သည်။ ယနေ့ည ၉ နာရီခွဲခန့်တွင် တာဝန်သိလုပ်သားပြည်သူများက ဆိပ်ကမ်းမြို့နယ်၊ ပုဇွန်တောင်ချောင်းအတွင်း၌ ကိုရီးယားအမျိုးသား ဖောက်ခွဲရေးသမားတစ်ဦးကို ဖမ်းဆီးရမိသည်။ ၎င်းင်းက လက်ပစ်ဗုံးဖြင့် ပစ်ရန်ကြိုးစားယင်း လက်ထဲ၌ပေါက်ကွဲသွားသဖြင့် ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားသည်။ လုပ်သားပြည်သူနှစ် ဦးဒဏ်ရာရရှိသွားသည်။ အောက်တိုဘာ ၁၁ - ဆိုးလ်မြို့၌ ကျင်းပမည့် ကိုရီးယားအဖွဲ့ဝင်များ ဈာပနအခမ်းအနားသို့ တက်ရောက်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီးဦးချစ်လှိုင် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ထွက်ခွာ သွားသည်။ ယနေ့နံနက် ၇ နာရီခွဲခန့်တွင် ကော့မှူးမြို့နယ်၊ သခွတ်ပင် ကျေးရွာတွင် ကိုရီးယားအမျိုးသား ဖောက်ခွဲရေးသမားနှစ်ဦးကို ရဲတပ်ဖွဲ့ ၀င်လေးဦးက စစ်ဆေးရန်ခေါ်ယူလာစဉ် ၎င်းင်းဖောက်ခွဲရေးသမားတို့အနက် တစ်ဦးက လက်ပစ်ဗုံးဖြင့် ပစ်ခတ်ထွက်ပြေးကြသဖြင့် ရဲတပ်ဖွဲ့က ပစ်ခတ် ဖမ်းဆီးရာ တစ်ဦးကိုအသေဖမ်းဆီးရမိပြီး တစ်ဦးမှာထွက်ပြေးလွတ်မြောက် သွားသည်။ ဗုံးပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရရှိခဲ့သည်။ အောက်တိုဘာ ၁၂ - အောက်တိုဘာ ၁၁ ရက်က သခွတ်ပင်ကျေးရွာတွင် ထွက်ပြေးလွတ်မြောက်သွားခဲ့သော ကိုရီးယားအမျိုးသားဖောက်ခွဲရေး သမားတစ်ဦးအား ကွင်းဝိုင်းရွာ၏ မြောက်ဘက်လယ်ကွင်းထဲ၌ ပုန်းအောင်း နေစဉ် ဒဏ်ရာဖြင့်ဖမ်းဆီးရမိသည်။ ၀င်ရောက်ဖမ်းဆီးသူ တပ်မတော်သား သုံးဦးသည် ဖောက်ခွဲရေးသမားက လက်ပစ်ဗုံးချခွဲသဖြင့် ကျဆုံးခဲ့ရသည်။ အောက်တိုဘာ ၁၇ - အာဇာနည်ဗိမာန်၌ ဗုံးပေါက်ကွဲမှုနှင့်စပ်လျဉ်း၍ အောက် တိုဘာ ၉ ရက်မှ ၁၂ ရက်အထိ အခြေအနေကို မြန်မာ့သတင်းစဉ် (ပြည်တွင်း) က ထုတ်ပြန်သည်။ အဆိုပါသတင်းတွင် ဗုံးပေါက်ကွဲမှုကြောင့် ကိုရီးယားသမ်္မတနိုင်ငံမှ သေဆုံးသူဦးရေမှာ ၀န်ကြီးလေးဦးအပါအ၀င် ဧည့်သည်တော် ၁၇ ဦးဖြစ်ပြီး ၁၄ ဦးဒဏ်ရာရရှိခဲ့သည်ဟု ပါရှိသည်။ (အောက်တိုဘာ ၉ ရက် ဗုံးပေါက်ကွဲ စဉ်က ဧည့်သည်တော် ၁၆ ဦးသေဆုံးကြောင်း ဖော်ပြခဲ့သည်။ ဖော်ပြပါ ကာလ အတွင်းဒဏ်ရာရခဲ့သော ဧည့်သည်တော်များထဲမှတစ်ဦးထပ်မံသေဆုံးခဲ့သည်) ဗုံးပေါက်ကွဲမှုမှာ အဝေးထိန်းစနစ် (ျွနာသအန ဃသညအမသူ)ဖြင့် ဖောက်ခွဲ ခဲ့ခြင်းဖြစ်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း ဖော်ပြထားသည်။ အောက်တိုဘာ ၂၅ - အာဇာနည်ဗိမာန် ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ ဖမ်းဆီး ရမိထားသော ကိုရီးယားအမျိုးသားနှစ်ဦးအား ကိုရီးယားသမ်္မတနိုင်ငံ နိုင်ငံခြား ရေးဝန်ကြီး၏ အထူးကိုယ်စားလှယ် မစ်္စတာရှင်ကီချူးနှင့်အဖွဲ့သည် သွားရောက် ကြည့်ရှုသည်။ နိုဝင်ဘာ ၄ - အာဇာနည်ဗိမာန်၌ ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ စုံစမ်း စစ်ဆေး ရေးအဖွဲ့က စုံစမ်းစစ်ဆေး၍ ရရှိသော အထောက်အထားများအရ ဗုံးဖောက်ခွဲ လုပ်ကြံမှုမှာ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ်္မတနိုင်ငံက တာဝန်ပေးစေ လွှတ်သူများ၏ ကျူးလွန်မှုဖြစ်ကြောင်း အခိုင်အမာတွေ့ရှိရပြီး အရှင်ဖမ်းဆီးရမိသူ နှစ်ဦးနှင့် အသေဖမ်းဆီးရမိသူတစ်ဦးတို့မှာ အဆိုပါနိုင်ငံမှ ဗိုလ်မှူးတစ်ဦးနှင့် ဗိုလ်ကြီးနှစ်ဦးဖြစ်ကြောင်း၊ အရှင်ဖမ်းဆီးရမိသူနှစ်ဦးအား မြန်မာနိုင်ငံတော် ဥပဒေများအရ တရားစွဲဆိုအရေးယူမည်ဖြစ်ပြီး ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့ သမ်္မတနိုင်ငံနှင့် သံတမန်ဆက်သွယ်ရေးကို ဖြတ်တောက်၍ အဆိုပါနိုင်ငံ အစိုးရ အား အသိအမှတ်ပြုခြင်းမှ ရုပ်သိမ်းရန်ဆုံးဖြတ်လိုက်ကြောင်း ထုတ်ပြန်သည်။ မြန်မာနိုင်ငံ၏ ဖော်ပြပါဆုံးဖြတ်ချက်ကို ခေတ်္တနိုင်ငံခြားရေးဝန်ကြီး ဌာန၀န်ကြီးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၀န်ကြီးဦးခင်မောင်ကြီးက မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ရှိ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ်္မတနိုင်ငံ သံအမတ် ကြီးအား အကြောင်းကြားသည်။ နိုဝင်ဘာ ၆ - သံအမတ်ကြီး မစ်္စတာလီဆွန်ဟို၊ သံတမန်ဝန်ထမ်းများနှင့် မှီခိုသူ အားလုံးတို့သည် ယနေ့နံနက် ၉ နာရီ ၃၅ မိနစ်တွင် မြန်မာနိုင်ငံမှ ပြုံယမ်းမြို့သို့ အထူးလေယာဉ်ဖြင့် ထွက်ခွာသွားသည်။ နိုဝင်ဘာ ၂၂ - အာဇာနည်ဗိမာန်၌ ဗုံးဖောက်ခွဲမှုနှင့်စပ်လျဉ်း၍ ဖမ်းဆီးရမိထား သည့် မြောက်ကိုရီးယား အမျိုးသားတရားခံနှစ်ဦးဖြစ်ကြသော ဇင်မိုနှင့်ကင်မင် ချူးတို့အား ရန်ကုန်တိုင်းတရားစီရင်ရေးအဖွဲ့ အမှတ် ၈ သို့ ပြည်သူ့ရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဦးတင်လှိုင်က ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂၊ ၃၀၇ နှင့်လက်နက်ဥပဒေပုဒ်မ ၁၉ (စ)တို့အရ အမှုပေါင်းခြောက်မှုဖြင့် တရားစွဲဆိုတင်ပို့သည်။ ရန်ကုန်တိုင်းတရားစီရင်ရေးအဖွဲ့အမှတ် ၈ တွင် ရန်ကုန်တိုင်းတရား သူကြီးအဖွဲ့ ဥက်္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးမောင်မောင်အေးက ဥက်္ကဋ္ဌ၊ တိုင်းတရားသူ ကြီးအဖွဲ့ အဖွဲ့ဝင် ဦးမြတ်တိုးနှင့် ဦးတင်ညွန့်တို့က အဖွဲ့ဝင်များအဖြစ် ပါဝင်သည်။ တရားစွဲဆို တင်ပို့သော အမှုများမှာ ၉-၁၀-၈၃ ရက် နံတက်တွင် အာဇာနည်ဗိမာန်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားနသဖြင့် ကိုရီးယားသမ်္မတနိုင်ငံမှ ဧည့် သည်တော် ၁၇ ဦး၊ မြန်မာလေးဦးသေဆုံးခဲ့ပြီး ကိုရီးယားဧည့်သည် ၁၄ ဦး နှင့် မြန်မာ ၃၂ ဦးဒဏ်ရာရရှိခဲ့သည့်အတွက် တရားခံဇင်မိုနှင့် ကင်မင်ချူးတို့အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၃၄ အရလည်းကောင်း၊ ၁၀-၁၀-၈၃ ရက်တွင် ပုဇွန်တောင်ချောင်းအတွင်း တရားခံဇင်မိုကို လုပ်သားပြည်သူများက ဖမ်းဆီးရာ၌ တရားခံက ဗုံးဖြင့်ဖောက်ခွဲခဲ့သဖြင့် လုပ်သားပြည်သူသုံးဦး ဒဏ်ရာရရှိခဲ့သည့် အတွက် ဇင်မိုအားပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၇ အရလည်းကောင်း၊ ၁၂-၁၀-၈၃ ရက်တွင် သခွတ်ပင်ကျေးရွာနှင့် ကွင်းဝိုင်းကျေးရွာအကြား ကင်မင် ချူးကို ဖမ်းဆီးရာ၌ ၎င်းင်းက ဗုံးဖောက်ခွဲသဖြင့် တပ်မတော်သားသုံးဦးကျဆုံးရပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည့်အတွက် ကင်မင်ချူးအား ပြစ်မှုဆိုင်ရာ ၃၀၇/၁၁၄ နှင့် ၃၀၂၊ ၃၀၇ တို့အရလည်းကောင်း၊ ကင်မင်ချူးထံမှ ဒသမ ၂၅ ပစ်္စတို တစ်လက်ကို အသံတိတ်ကိရိယာတပ်လျက် ကျည်ဆန်ငါးတောင့်နှင့်အတူ သိမ်းဆည်းရမိခြင်းအတွက် လက်နက်အက်ဥပဒေပုဒ်မ ၁၉ (စ)အရလည်း ကောင်း၊ ဇင်မိုထံမှသိမ်းဆည်းရမိသော ပစ်္စည်း ၂၁ မျိုးအနက် လူသတ်ဗုံးအဖြစ် အသုံးပြုသော ဖောင်တိန် (သြသဘပွှမစေ) လက်နက်ကို သိမ်းဆည်းရမိသည့် အတွက် လက်နက်အက်ဥပဒေ ပုဒ်မ ၁၉(စ)အရလည်းကောင်း တရားစွဲဆို တင်ပို့သော အမှုစုစုပေါင်းခြောက်မှုဖြစ်သည်။ နိုဝင်ဘာ ၂၃ - တရားခံဇင်မိုနှင့် ကင်မင်ချူးတို့အပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၃၄ အရ တရားစွဲဆိုတင်ပို့ထားသည့် ပြစ်မှုဆိုင်ရာ အမှုကြီး အမှတ် ၁၀/၈၃ ကို တိုင်းတရားစီရင်ရေးအဖွဲ့အမှတ် ၈ က စတင်စစ်ဆေးကြားနာသည်။ တရားလိုပြ သက်သေ ဗဟန်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ မြို့နယ်မှူး ဦးသန်းရွှေက ဗုံးပေါက်ကွဲမှုဖြစ်ပွားပုံနှင့် ဧည့်သည်တော်များနှင့် မြန်မာနိုင်ငံမှ ပုဂ်္ဂိုလ်အချို့ သေဆုံးသူ သေဆုံး၊ ဒဏ်ရာရရှိသူရ၊ ဖြစ်ပျက်ပုံကို ထွက်ဆိုသည်။ အမှုကိုင်အရာရှိ ပြည်သူ့ရဲသတင်းတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ဦးတင် လှိုင်က အချင်းဖြစ်ပွားသည့်နေရာမှ သိမ်းဆည်းရရှိသော သက်သေခံ အထောက် အထားများ၊ ကျွမ်းကျင်သူများ၏ ထင်မြင်ချက်များနှင့် တရားခံကင်မင်ချူး၏ ထုတ်ဖော်အစစ်ခံချက်များအရ အာဇာနည်ဗိမာန်၌ ဗုံးဖောက်ခွဲသူများမှာ မြောက် ကိုရီးယားနိုင်ငံ စစ်တပ်မှ ဗိုလ်မှူးအဆင့်ရှိသူ ဇင်မို၊ ဗိုလ်ကြီးအဆင့်ရှိသူ ကင်မင် ချူးနှင့် ဗိုလ်ကြီးအဆင့်ရှိသူ ဆင်ကီချူးလ် (အသေဖမ်းဆီးရမိသူ) တို့ဖြစ်ကြောင်း နှင့် ၎င်းင်းတို့အား မြောက်ကိုရီးယားကြည်းတပ်မှ ဗိုလ်ချုပ်ကင်ချန်စုက တာဝန်ပေး ခဲ့ကြောင်းကို စစ်ဆေးပေါ်ပေါက်ပုံတို့ကို ထွက်ဆိုသည်။ အာဇာနည်ဗိမာန် ဗုံးပေါက်ကွဲမှု စုံစမ်းစစ်ဆေးရေးအဖွဲ့ အတွင်းရေးမှူး ဦးသိမ်းအောင်က မိမိသည် ကင်မင်ချူးအား တပ်မတော်ဆေးရုံကြီးတွင် သွား ရောက်စစ်ဆေးရာ၌ တရားခံ၏ ထုတ်ဖော်အစစ်ခံချက်များအရ ၎င်းင်းသည်မြောက် ကိုရီးယားနိုင်ငံမှ သင်္ဘောဖြင့်လိုက်ပါလာပြီး ရန်ကုန်မြို့သို့ စက်တင်ဘာ ၂၂ ရက်၊ သို့မဟုတ် ၂၃ ရက်တွင် ရောက်ခဲ့ပုံ၊ အောက်တိုဘာ ၇ ရက် လင်းအားကြီး ၂ နာရီတွင် အာဇာနည်ဗိမာန်ခေါင်မိုးနှင့် မျက်နှာကြက်အကြား၌ ၎င်းင်းတို့သုံးဦး အဖွဲ့သည်ျွနာသအန ဃသညအမသူ သြာဘ ဗုံးနှစ်လုံးကို တပ်ဆင်ခဲ့ပုံ၊ အောက်တိုဘာ ၉ ရက် နံနက်ပိုင်းတွင် ခေါင်းဆောင်ဇင်မိုက ခလုတ်နှိပ်ပြီး ဗုံးဖောက်ခွဲခဲ့ပုံ၊ ၎င်းင်းတို့အဖွဲ့သည် အောက်တိုဘာ ၁၂ ရက်ညတွင် မြောက်ကိုရီးယားသို့ သင်္ဘော ဖြင့် ပြန်လည်လိုက်ပါရန် အစီအစဉ်ရှိခဲ့ပုံတို့ကို ကင်မင်ချူးက ထုတ်ဖော်အစစ်ခံ ကြောင်း ထွက်ဆိုသည်။ ဆက်လက်၍ တရားခံကင်မင်ချူးက နိုဝင်ဘာ ၃ ရက်တွင် ဖြောင့် ချက်ပေးလိုသည်ဟု တပ်မတော်ဆေးရုံကြီးမှ ဒုတိယဗိုလ်မှူးကြီးမြသိန်းဟန်အား ပြောကြားကြောင်း သိရသဖြင့် ပြည်သူ့ရဲသတင်းတပ်ဖွဲ့မှူးရုံးနှင့် ဆက်သွယ်၍ အကြောင်းကြားခဲ့ကြောင်းကို ဦးသိမ်းအောင်က ထွက်ဆိုသည်။ ရန်ကုန်တိုင်းတရားစီရင်ရေးအဖွဲ့ အမှတ် ၇ ဥက်္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး မောင်လှိုင်က နိုဝင်ဘာ ၃ ရက်တွင် တရားခံကင်မင်ချူးထံမှ ဖြောင့်ချက်ရယူခဲ့ ပုံကို ထွက်ဆိုသည်။ နိုဝင်ဘာ ၂၄ - အမှုကို ဆက်လက်စစ်ဆေးရာ တရားလိုပြသက်သေ နိုင်ငံခြား ရေးဝန်ကြီးဌာန သံတမန်ရေးရာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဖေသိန်း တင်က ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ်္မတနိုင်ငံနှင့် မြန်မာနိုင်ငံ သံတမန် အဆက်အသွယ်မဖြတ်တောက်မီက သံအမတ်ကြီး မစ်္စတာလီဆွန်ဟိုနှင့်ဇနီးတို့ အပါအ၀င် သံရုံးအမှုထမ်းများ ရန်ကုန်မြို့၌ ငှားရမ်းနေထိုင်ခဲ့သည့် နေအိမ်များ အကြောင်းနှင့် သံတမန်အဆက်အသွယ်ဖြတ်တောက်ပြီးနောက်တွင် အဆောက် အအုံများကို ပြန်လည်အပ်နှံပုံတို့ကို ထွက်ဆိုသည်။ အမှတ် ၄ ကာကွယ်ရေးပစ်္စည်းစက်ရုံမှ စက်ရုံမှူး ဒုတိယဗိုလ်မှူး ကြီးစိန်ထွန်းက ဖောက်ခွဲရေးသမားများထံမှ သိမ်းဆည်းရမိသော ပစ်္စည်းများကို ၎င်းင်းက စစ်ဆေးခဲ့ရပုံများကို ထွက်ဆိုသည်။ တရားလိုပြသက်သေ ဆိပ်ကမ်းကော်ပိုရေးရှင်း သင်္ဘောကိုယ်စား လှယ်လုပ်ငန်းဌာန၊ ဌာနခွဲ ၁ ဒုတိယကုန်ဌာနမှူး ဦးတင်မောင်ထွန်းက ပြုံယမ်း မြို့ ဒေဟန်ရှစ်ပင်းကုမ်္ပဏီက တွန်ဂိုနီဂူခိုသင်္ဘောသည် မြောက်ကိုရီးယားနိုင်ငံ နန်းဖိုမြို့မှ ၁၅-၉-၈၃ တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာပုံ၊ ဆူးလေအမှတ် ၆ တံတား၌ဆိုက်ကပ်၍ ကုန်များချခဲ့ပုံ၊ သီလ၀ါ၌ ရပ်နားပြီး စက်ရပ်ဆိုင်းပြင်ဆင် ခဲ့ပုံ၊ ၂၄-၉-၈၃ တွင် အလက်ဇန်္ဒြီးယားဆိပ်ကမ်းသို့ ထွက်ခွာမည်ဟု ကြေငြာ ကာ ထွက်ခွာသွားပုံတို့ကို ထွက်ဆိုသည်။ တရားလိုပြသက်သေ ပြည်သူ့ရဲတပ်ဖွဲ့ ဒုတိယတပ်ကြပ်တင်မြင့်က ၎င်းင်းသည် ၂၁-၉-၈၃ နံနက် ၉ နာရီခွဲခန့်တွင် မြောက်ကိုရီးယားသင်္ဘောနှင့်အတူ ဆူးလေအမှတ် ၆ တံတားမှ သီလ၀ါသို့ပါသွားကြောင်း၊ မွန်းလွဲ ၁ နာရီခန့်တွင် ပိုင်းလော့ဘုတ်ဖြင့် ကိုရီးယားသင်္ဘောသား လေးဦးဆင်းသွားကြကြောင်း၊ ၂၂-၉-၈၃ နေ့ မွန်းလွဲ ၁ နာရီခန့်တွင် စက်တပ်သမ်္ဗာန်တစ်စင်းဖြင့် ကိုရီးယား သင်္ဘောသားနှစ်ဦးကုန်စိမ်းများနှင့် အစားအစာများဝယ်ပြီး ပြန်တက်လာကြ ကြောင်း၊ ခေတ်္တအကြာတွင် ယင်းစက်တပ်သမ်္ဗန်ဖြင့် ကိုရီးယားသင်္ဘောသားသုံး ဦးလိုက်ပါသွားကြောင်း၊ ၎င်းင်းတို့သည် ဘီးများတပ်ထားသော သားရေအိတ်အနီ ကြီးနှစ်လုံးနှင့် ပစ်္စည်းများထုတ်ယူသွားသည်ကို တွေ့ရကြောင်း၊ ၎င်းင်းနောက် မကြာမီပိုင်းလော့ဘုတ်ပြန်လာပြီး ကိုရီးယားသင်္ဘောသားနှစ်ဦး ပြန်လာကြောင်း၊ ၂၄-၉-၈၃ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် မြောက်ကိုရီးယားသင်္ဘောသည် သီလ၀ါမှ ပင်လယ်ဘက်သို့ ထွက်သွားသည့်အတွက် မိမိလည်း ပိုင်းလော့ဘုတ် ဖြင့် ရန်ကုန်သို့ ပြန်လာခဲ့ကြောင်း၊ ၂၂-၉-၈၃ ရက်က စက်တပ်သမ်္ဗန်ဖြင့် ဆင်းသွားသော ကိုရီးယားသင်္ဘောသားသုံးဦးတို့သည် သင်္ဘောထွက်ခွာသွားချိန် အထိ သင်္ဘောပေါ်ပြန်တက်လာသည်ကို မတွေ့ရှိကြောင်းတို့ကို ထွက်ဆိုသည်။ နိုဝင်ဘာ ၂၅ - အာဇာနည်ဗိမာန် ဗုံးဖောက်ခွဲမှုနှင့်စပ်လျဉ်း၍ စစ်ဆေးကြားနာ လျက်ရှိသော ရန်ကုန်တိုင်း တရားစီရင်ရေးအဖွဲ့ အမှတ် ၈ မှ ဥက်္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ နှစ်ဘက်အကျိုးဆောင်များအား တရားခံ ကင်မင်ချူးကိုယ်တိုင် ၎င်းင်းတို့ သုံးဦးပုန်းအောင်းနေထိုင်ခဲ့သော နေအိမ်ကိုလည်းကောင်း၊ အောက်တိုဘာ ၆ ရက်မှ ၈ ရက်အထိ ပုန်းအောင်းအိပ်ခဲ့ကြသော နေရာများကိုလည်းကောင်း၊ အောက်တိုဘာ ၉ ရက်နံနက်တွင် ၎င်းင်းတို့သုံးဦး အာဇာနည်ဗိမာန်၌ ဗုံးဖောက်ခွဲခဲ့ပုံ များကိုလည်းကောင်း လိုက်လံပြသသည်။ အမှုကို ဆက်လက်စစ်ဆေးရာ တရားလို အကျိုးဆောင်၏ မေးမြန်း ချက်များနှင့်ပတ်သက်၍ တရားလိုပြသက်သေများဖြစ်ကြသော ဗဟန်းမြို့နယ် အနောက်ရွှေဂုံတိုင်ရပ်ကွက်၊ ဦးဝိစာရလမ်း၊ ခြံအမှတ် ၂၁၂ ရွှေလင်းယုန် မော် တော်ဆားဗစ်ပိုင်ရှင် ဦးမြင့်ဆွေ၊ ရွှေလင်းယုန် မော်တော်ဆားဗစ် ယာဉ်မောင်း ကိုအောင်ကြည်၊ သတင်းနှင့်စာနယ်ဇင်းကော်ပိုရေးရှင်း မြန်မာ့အလင်းစာတိုက်မှ အယ်ဒီတာဦးကိုကြီးကလည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး၊ ဦးစီးအရာရှိ (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး တင်ဦး၊ အောက်ပုဇွန်တောင် အမှတ် ၅ ရပ်ကွက်၊ ဦးဖိုးမင်းလမ်း၊ အမှတ် ၁၈ နေ စက် ပြင်ဆရာ ဦးဘိုကြီး (ခေါ်) ဦးတင့်လွင်တို့က ဖြေကြားထွက်ဆိုသည်။ နိုဝင်ဘာ ၂၈ - အမှုကို ဆက်လက်စစ်ဆေးကြားနာရာ တရားလို အကျိုးဆောင် ၏ မေးမြန်းချက်နှင့်ပတ်သက်၍ တရားလိုပြသက်သေများဖြစ်ကြသော ရန်ကုန် တိုင်း၊ ဆိပ်ကမ်းမြို့နယ်၊ ဆိပ်ကမ်းရဲစခန်း ညောင်တန်းရဲကင်းမှ ဒုတိယ ရဲအုပ် (စခန်းမှူး) ဦးထွန်းသာအောင်၊ ကော့မှူးမြို့နယ် သခွတ်ပင်ကျေးရွာမှ ရေလုပ် သား မောင်တင်လှ၊ ကော့မှူးမြို့နယ် သခွတ်ပင်ကျေးရွာ ပြည်သူ့ကောင်စီ အတွင်းရေးမှူး ဦးစိုးညွန့်၊ ကော့မှူးမြို့နယ် ၀ါးပလောက်သောက်ကျေးရွာ ရဲကင်း မှ ရဲတပ်ကြပ်လှမြင့်၊ သန်လျင်ပြည်သူ့ရဲစခန်းမှ ဒုတိယရဲအုပ် (စခန်းမှူး) ဦးလှထွန်းတို့က ဖြေကြားထွက်ဆိုသည်။ နိုဝင်ဘာ ၃၀ - အမှုကိုဆက်လက် စစ်ဆေးကြားနာရာတွင် တရားလို အကျိုးဆောင်၏ မေးမြန်းချက်နှင့်ပတ်သက်၍ တရားလိုပြ သက်သေများ ဖြစ်ကြသော အမှတ် ၉၀ ခြေလျင်တပ်ရင်း တပ်ခွဲ ၁ မှ တပ်စု ၂ မှူး ဗိုလ်မောင်မောင်အောင်၊ အမှတ် ၂ တပ်မတော်ဆေးရုံမှ ခွဲစိတ်ကု ပါရဂူ ဒုတိယဗိုလ်မှူးကြီးကြည်သွင်၊ မင်္ဂလာဒုံတပ်မတော်ဆေးရုံကြီး ခွဲစိတ်ကု ပါရဂူ ဒုတိယဗိုလ်မှူးကြီးမြသိန်းဟန်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး သွား၊ မျက်နှာ၊ ခံတွင်းနှင့်အစားထိုးပြုပြင်မှုဆိုင်ရာ ခွဲစိတ်ကုသဌာန တာဝန်ခံ အထူးကု ဆရာဝန်ကြီး ဒေါက်တာဦးသက်ထားဝေတို့က ဖြေကြားထွက် ဖေဆးဆိုသည်။ ဒီဇင်ဘာ ၁ - အမှုကို ဆက်လက်စစ်ဆေးကြားနာရာတွင် တရားလို အကျိုးဆောင်မား၏ မေးမြန်းချက်များကို တရားလိုပြ သက်သေများဖြစ် ကြသော အင်းစိန်မြို့ ပြည်သူ့ရဲတပ်ဖွဲ့ မှုခင်းတပ်ဖွဲ့မှ ရဲအုပ်ဦးထွန်းလှိုင်၊ မင်္ဂလာဒုံပင်မခဲယမ်းမီးကျောက်တပ်၊ အထက်တန်းခဲယမ်းမီးကျောက် စစ်ဆေးရေးအရာရှိ ဗိုလ်မှူးအောင်သန်း၊ မင်္ဂလာဒုံအမှတ် ၂ ဆက်သွယ်ရေး အလုပ်ရုံမှ ဗိုလ်မှူးမောင်မောင်အေး၊ ကင်းတားဘက်စုံ စီမံကိန်းမှ ရုံးဝန် ထမ်းမောင်ဂမ်ဖန်၊ ကော့မှူးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှူး ဦးရွှေမြင့်တို့က ဖြေကြားထွက်ဆိုသည်။ တိုင်းတရာစီရင်ရေးအဖွဲ့က တရားလိုပြ သက်သေများအား စစ်ဆေး ပြီးစီးပြီဖြစ်၍ တရားခံများအပေါ် စွဲချက်တင်သင့် မတင်သင့် နှစ်ဖက်အကျိုးဆောင်များ၏ လျှောက်လဲချက်ကိုကြားနာရန် အမှုကို ဒီဇင်ဘာ ၅ ရက်သို့ ချိန်းဆိုလိုက်သည်။ ဒီဇင်ဘာ ၅ - အမှုနှင့်ပတ်သက်၍ တရားခံဇင်မိုနှင့် ကင်မင်ချူးတို့အပေါ် စွဲချက်တင်သင့်မတင်သင့် နှစ်ဖက်အကျိုးဆောင်များ၏ လျှောက်လဲချက် များကို ရန်ကုန်တိုင်းတရားစီရင်ရေးအဖွဲ့ အမှတ် ၈ က ဆက်လက်စစ်ဆေး ကြားနာသည်။ တိုင်းတရားစီရင်ရေးအဖွဲ့က တရားခံများအပေါ် စွဲချက် တင်သင့် မတင်သင့် အမိန့်ချမှတ်ရန်အမှုကို ဒီဇင်ဘာ ၆ ရက်သို့ ချိန်းဆို လိုက်သည်။ ဒီဇင်ဘာ ၆ - အမှုနှင့်စပ်လျဉ်း၍ ဖမ်းဆီးရမိထားသော တရားခံဇင်မိုနှင့် ကင် မင်ချူးတို့အပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂၊ ၃၀၇ နှင့် လက်နက် အက်ဥပဒေပုဒ်မ ၁၉(စ)တို့အရ စွဲဆိုထားသောပြစ်မှုများအတွက် စစ်ဆေး စီရင်ရန် ယင်းပုဒ်မများဖြင့် စွဲချက်တင်လိုက်ကြောင်း တိုင်းတရားစီရင်ရေး အဖွဲ့အမှတ် ၈က အမိန့်ချမှတ်သည်။ စွဲချက်အမိန့်များကို မကြေညာမီ တိုင်းတရားစီရင်ရေးအဖွဲ့ဝင် ဦးမြတ်တိုးက ပြစ်မှုဆိုင်ရာအမှုကြီးအမှတ်များအလိုက် တရားခံ ကင်မင် ချူးနှင့် ဇင်မိုတို့အား မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာနှင့် မေးမြန်းရာ စကားပြန်က ကိုရီးယားဘာသာဖြင့်ရှင်းပြသည်။ တရားခံကင်မင်ချူးက အမှုများနှင့်ပတ်သက်၍ အပြစ်ရှိကြောင်း ၀န်ခံသည်။ တရားခံဇင်မိုက ၀န်ခံခြင်း၊ ငြင်းဆိုခြင်းမပြုသဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၃၄၂ (၂)အရ ရုံးတော်က မေးမြန်းသော မေးခွန်းများ ကို ဖြေဆိုခြင်းမပြုသည့်အတွက် တရားခံစစ်ဆေးသည့်အဆင့် ပြီးဆုံးပြီဟု ဆုံးဖြတ်ကြောင်း ကြေညာသည်။ တိုင်းတရားစီရင်ရေးအဖွဲ့ ဥက်္ကဋ္ဌက အပြီးသတ်စီရင်ချက်အမိန့် ကို ဒီဇင်ဘာ ၉ ရက်တွင်ချမှတ်ရန် အမှုကိုချိန်းဆိုလိုက်သည်။ ဒီဇင်ဘာ ၉ - အာဇာနည်ဗိမာန်ဗုံးဖောက်ခွဲမှုနှင့်စပ်လျဉ်း၍ ဖမ်းဆီးမိ ထားသော မြောက်ကိုရီးယား တရားခံဇင်မိုနှင့် ကင်မင်ချူးတို့အပေါ် တိုင်းတရားစီရင်ရေး အဖွဲ့အမှတ် ၈ က ယနေ့နံနက်ပိုင်းတွင် အပြီးသတ် စီရင်ချက် အမိန့်များချမှတ်သည်။ တရားခံဇင်မိုသည် ပြစ်မှုဆိုင်ရာ အမှုကြီး အမှတ် ၁၀/၈၃ တွင် တရားစွဲဆိုထားသည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ (၁)(ခ)/၃၄ အရ အပြစ်ရှိသည့်အတွက် သေဒဏ်ကျခံစေရန် ပြစ်မှုဆိုင်ရာအမှုကြီးအမှတ် ၁၁/၈၃ တွင် တရားစွဲဆိုထားသည့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၇ အရ ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိရသည့်အတွက် တသက်တကျွန်းကျခံစေရန် ပြစ်မှုဆိုင်ရာအမှုကြီးအမှတ် ၁၅/၈၃ တွင် တရားစွဲဆိုထားသည့် လက်နက်အက်ဥပဒေပုဒ်မ ၁၉(စ)အရ ထောင်ဒဏ်သုံးနှစ်ကျခံစေရန်နှင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၇ အရနှင့်လက် နက်အက်ဥပဒေပုဒ်မ ၁၉(စ)အရ ကျခံရမည့် ပြစ်ဒဏ်များကို တစ်ပေါင်းတည်းကျခံစေရန်.... တရားခံကင်မင်ချူးသည် ပြစ်မှုဆိုင်ရာ အမှုကြီးအမှတ် ၁၀/၈၃ တွင် တရားစွဲဆိုထားသည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ (၁)(ခ)/၃၄ အရ အပြစ်ရှိသည့်အတွက် သေဒဏ်ကျခံစေရန်၊ ပြစ်မှုဆိုင်ရာ အမှုကြီး အမှတ် ၁၂/၈၃ တွင် တရားစွဲဆိုထားသည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၇/၁၁၄ အရ အပြစ်ကျူးလွန်ကြောင်း တွေ့ရှိရသဖြင့် တစ်သက် တစ်ကျွန်းကျခံစေရန်၊ ပြစ်မှုဆိုင်ရာအမှုကြီးအမှတ် ၁၃/၈၃ တွင် စွဲဆို ထားသည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ (၂)အရ အပြစ်ရှိသည့်အတွက် တစ်သက်တစ်ကျွန်းကျခံစေရန်၊ ပြစ်မှုဆိုင်ရာအမှုကြီးအမှတ် ၁၄/၈၃ တွင် တရားစွဲဆိုထားသည့် လက်နက်အက်ဥပဒေပုဒ်မ ၁၉(စ)အရ အပြစ်ရှိသည့် အတွက် ထောင်ဒဏ်သုံးနှစ်ကျခံစေရန်နှင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၇/၁၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ (၂)နှင့် လက်နက်အက်ဥပဒေ ပုဒ်မ ၁၉(စ)တို့မှ ပြစ်ဒဏ်များကို တစ်ပေါင်းတည်းကျခံစေရန် အပြီးသတ် စီရင်ချက်အမိန့်ချမှတ်သည်။ သက်သေခံအဖြစ် သိမ်းဆည်းရမိသော ပစ်္စည်းများကို အယူခံရက်ကျော်လွန်လျှင် သက်ဆိုင်ရာဌာနသို့ လွှဲပြောင်း ပေးအပ်ရန်ကိုလည်း တိုင်းတရားစီရင်ရေးအဖွဲ့အမှတ် ၈ က စီရင်ချက် အမိန့်ချမှတ်သည်။ First News Journal တွင် ဖော်ပြထားသော သမိုင်းဆောင်းပါး

No comments: