Wednesday, June 11, 2014

တတိယအကြိမ်မြောက် မြန်မာအသင်း ကွင်းဖွင့်ဖလား ဂွမ်ဂျုးအသင်းမှ အနိုင်ရ ဗိုလ်စွဲ

သတင်းဓါတ်ပုံပေးပို့သူ - ဦးခင်မောင်ရင်၊ ဦးသောင်းထွန်း

မြန်မာအသင်းမှ ကြီးမှုးကျင်းပသော တတိယအကြိမ်မြောက် ကွင်းဖွင့်ဖလားဘော်လုံးပြိုင်ကို ၂၀၁၄ ခုနှစ် ဇွန်လ (၈) ရက် တနင်္ဂနွေနေ့ က ပူချွန်းမြို့ရှိ ရှင်းဝေါ်အလယ်တန်းကျောင်း (심원중학교 ) ဘော်လုံးကွင်းတွင် မနက် (၈) နာရီမှ ညနေ (၆)နာရီထိ ယှဉ်ပြိုင်ကစားရာ အသင်း (၁၃) သင်းပါဝင်ကစားခဲ့ရာတွင် ဂွမ်ဂျုး ဘော်လုံးအသင်းမှ (ပထမ) ၊ အင်ချွန်းယူနိုက်တက်မှ (ဒုတိယ) နှင့် တယ်လီတော်ကီ အသင်းမှ (တတိယ) ဆုအသီးသီးရရှိခဲ့သည်ဟုသတင်းရရှိပါသည်။


                                  ပထမဆု ရရှိသော ဂွမ်ဂျုးအသင်းမှ ဆုလက်ခံရယူစဉ်

                                ပထမဆု ရရှိသော ဂွမ်ဂျုးအသင်းမှ ဆုငွေလက်ခံရယူစဉ်


နောက်ဆုံးဗိုလ်လုပွဲတွင် လက်ရှိချန်ပီယံ အင်ချွန်းယူနိုက်တက် ဘော်လုံးအသင်း နှင့် ဂွမ်ဂျုး ဘော်လုံးအသင်းတို့ ယှဉ်ပြိုင်ကစားရာတွင် ပွဲပြီးချိန်အထိ ဂိုးမရှိ သရေကျနေသဖြင့် ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ကန်သွင်းကြရာတွင် ဂွမ်းဂျုးအသင်းမှ အနိုင်ရ ဗိုလ်စွဲသွားသည်ဟု သတင်းရရှိပါသည်။

                      ဒုတိယဆု ရရှိသော အင်ချွန်းယူနိုက်တက်အသင်းမှ ဆုလက်ခံရယူစဉ်


ကွင်းပိတ်ဖလားဘော်လုံးပြိုင်ပွဲကိုလည်း (၉)လပိုင်း ချုဆော့ပိတ်ရက် တိလောကမုနိဘုရားပွဲတော်အပြီး တွင် ကျင်းပမည်ဟုသိရပါသည်။ ရက်အတိအကျ ကိုထပ်မံထုတ်ပြန်ပေးမည်ဖြစ်ပြီး ကွင်းပိတ်ဖလားဘော်လုံးပြိုင်ပွဲကိုတော့ ဘော်လုံးကွင်း ကောင်းကောင်းတွင် ကျင်းပပြုလုပ်ပေးမည်ဟု မြန်မာအသင်းဥက္ကဌ ဦးခင်မောင်ရင်မှ ကတိပေး ပြောကြားပါသည်။

                        တတိယဆု ရရှိသော တယ်လီတော်ကီ အသင်းမှ ဆုလက်ခံရယူစဉ်







No comments: