Friday, July 18, 2014

ကိုရီးယားနိုင်ငံရောက်မြန်မာနိုင်ငံသားအပေါင်းအားလေးစားစွာဖြင့်ဖိတ်ကြားခြင်း

ရေးသားသူ — အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ

မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည့် (၆၇)နှစ်မြောက် (၁၉)ဇူလိုင် ၀မ်းနည်းခြင်းအထိမ်းအမှတ် အခမ်းအနားကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသူ / သား များ အနေဖြင့် အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

အစီအစဉ်
နေ့ရက် ။ ။ ဇူလိုင်လ၂၀ ရက် တနင်္ဂနွေနေ့ ။
အချိန် ။ ။ မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၂ နာရီအချိန်အထိ။
နေရာ ။ ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယား ဌာနခွဲ ရုံးခမ်းမဆောင်။

သတင်းနှင့်ပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွတ်မြောက်နယ်မြေ ၊ ကိုရီးယားဌာနခွဲ


No comments: