Sunday, April 12, 2015

အလှူမင်္ဂလာ ဖိတ်ကြားခြင်း

အလှူမင်္ဂလာ ဖိတ်ကြားခြင်း

 မြန်မာ့ နှစ်သစ် (၁၃၇၇-ခုနှစ်)ကို ကြိုဆိုသောအားဖြင့် မြန်မာနှစ်ဆန်း (၃)ရက် နေ့တွင် 

ကျွန်တော်များ ဝီဂျောင်ဘူ+အန်ဆန်းမှ ညီအစ်ကို (ပဲခူး မှ ကိုနိုင်လင်းနှင့် သူငယ်ချင်း) များ 

စုပေါင်းပြီး ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်းအစရှိသော 

လှူဒါန်းဖွယ်ရာများ ဆက်ကပ်လှူဒါန်းပြီး အနုမောဒနာတရား 

အတူတကွနာယူကြည်ညိုကြမည်ဖြစ်ပါသည်။

ကြွရောက်လာကြသော ဧည့်သည်တော် သူငယ်ချင်းများအားလည်း အာဟာရဒါန 

ပြုလုပ်မည် ဖြစ်ပါ၍ ကြွရောက်ကြပါရန် ခင်မင်ရင်းနှီးစွာ ဖိတ်ကြားအပ်ပါသည်။

အစီအစဉ်

အလှူတော်နေရာ - သန္တိကရဝိဟာရ၊ အန်ဆန်းကျောင်း

တရားတော်နာရန် - မနက် (၁၀း၀၀)

ဧည့်ခံမှု အာဟာရ - အရသာရှိသော ဒံပေါက် (ကိုမြတ်မင်းဦး လက်ရာ)

ဧည့်ခံမှု - မနက်(၁၁း၀၀) မှစတင်၍

နေ့ရက် - ၁၉၊ ၃ ၊ ၂၀၁၅ (နှစ်ဆန်း - ၃ -ရက်) တနင်္ဂနွေနေ့


(ကျောင်းအကျိုးတော်ဆောင်အဖွဲ့)

No comments: