Saturday, June 28, 2008

ကိုရီးယားနိုင်ငံဆေးအဖွဲ့ မြန်မာနိုင်ငံဝင်ခွင့်ငြင်းပယ်ခံရ

ဝင်းလှိုင် ဇွန်၂၆

ကိုရီးယားနိုင်ငံ ဆရာဝန်များအသင်းမှ မြန်မာနိုင်ငံ နာဂစ်မုန်တိုင်းဒုက္ခသည်များအား ဆေးပညာအကူအညီများပေးရန်အတွက် မြန်မာစစ်အစိုးရအား ၀င်ခွင့်ဗီဇာတောင်းခံခဲ့ခြင်းအား မြန်မာစစ်အစိုးရမှ အကြိမ်ကြိမ်ငြင်းပယ်ခဲ့သည်ဟု သိရှိရသည်။ ကိုရီးယားနိုင်ငံ ဆရာဝန်များအသင်းမှ ကိုရီးယားနိုင်ငံYMCAအသင်းချုပ်၊ ဒေ၀ူးအင်တာနေရှင်တို့နှင့်ပူပေါင်းကာ မြန်မာနိုင်ငံ လေဘေးဒုက္ခသည်များအား ဆေးပညာကူညီထောက်ပံ့ရေးအဖွဲ့အဖြစ်လွန်ခဲ့သည့်(၂)လမှစတင်၍ ဖွဲ့စည်းကာ မြန်မာနိုင်ငံသို့ ၀င်ရောက် ကူညီရန် မြန်မာစစ်အစိုးရအား ၀င်ခွင့်ပေးရန် (၃)ကြိမ်တိတိ တောင်းခံခဲ့သော်လည်း မြန်မာအစိုးရမှ ငြင်းပယ်ခဲ့သည့်အတွက် မြန်မာနိုင်ငံ လေဘေးဒုက္ခသည်များအား ဆေးပညာကူညီထောက်ပံ့ရေးအဖွဲ့အား ပြန်လည်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ဇွန်လ၂၆ရက်နေ့က ထုတ်ဖော်ပြောကြားသည်။



This is the rest of the post

No comments: