Saturday, June 28, 2008

အလုပ်သမား(၂၀)နှင့်အထက်ရှိသော စက်ရုံအလုပ်ရုံများ သာမာန်အလုပ်ချိန် တစ်ပတ်လျှင်(၅)ရက်သာ အလုပ်ခိုင်းစေရမည်

ဝင်းလှိုင်

အလုပ်သမား(၂၀)ဦးနှင့်အထက်ရှိသော စက်ရုံ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများသည် စနေနေ့အထိ သာမာန်အလုပ်ချိန်အဖြစ် လုပ်ကိုင်နေရသော်လည်း ဇူလိုင်လ(၁)ရက်နေ့မှစတင်၍ စနေနေ့တွင် အလုပ်လုပ်ကိုင်ရပါက အချိန်ပိုကြေးအဖြစ်



လာမည့်ဇူလိုင်လမှစတင်၍ အလုပ်သမား(၂၀)နှင့်အထက်အား အသုံးပြုနေသော စက်ရုံအလုပ်များသည် သာမာန်အလုပ်ချိန် တစ်ပတ်လျှင်(၅)ရက်သာ အလုပ်ခိုင်းစေရမည့်စနစ်အား စတင်ကျင့်သုံးရမည်ဖြစ်သည်။ အရပ်အခေါ်အဝေါ်၌ သာမာန်အလုပ်ချိန် တစ်ပတ်လျှင်(၅)ရက်ဟု ခေါ်ဆိုသော်လည်း ကိုရီးယားအလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်မှု တစ်နေ့သာမာန်အလုပ်ချိန် (၈)နာရီဖြင့် တစ်ပတ်လျှင် သာမာန်အလုပ်ချိန် နာရီပေါင်း(၄၀)ဟု ဖော်ပြပါရှိသည်။ ထိုအချိန်ထက်ပို၍ ခိုင်းစေသည့်အလုပ်ရှင်သည် အလုပ်သမားအား အချိန်ပိုလုပ်အားခ ပေးဆောင်ရမည်ဖြစ်သည်။ ယခုလက်ရှိ အလုပ်သမား(၂၀)ဦးနှင့်အထက်ရှိသော စက်ရုံ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများသည် စနေနေ့အထိ သာမာန်အလုပ်ချိန်အဖြစ် လုပ်ကိုင်နေရသော်လည်း ဇူလိုင်လ(၁)ရက်နေ့မှစတင်၍ စနေနေ့တွင် အလုပ်လုပ်ကိုင်ရပါက အချိန်ပိုကြေးအဖြစ် ခံစားခွင့်ရမည်ဖြစ်သည်။ ကိုရီးယားနိုင်ငံတွင် တစ်ပတ်သာမာန်အလုပ်ချိန် နာရီ(၄၀)စနစ်အား ၂၀၀၄ခုနှစ်ဇူလိုင်လ(၁)ရက်နေ့မှစ၍ ကျင့်သုံးခဲ့သော်လည်း အလုပ်သမားဦးရေ (၁၀၀၀)နှင့်အထက်သာရှိသော စက်ရုံအလုပ်ရုံများသာ အကျုံးဝင်ခဲ့သည်။ ထိုနောက် ၂၀၀၅ခုနှစ် ဇူလိုင်လ(၁)ရက်နေ့မှစ၍ အလုပ်သမား(၃၀၀)နှင့်အထက်ရှိသော စက်ရုံအလုပ်ရုံများ၊ ၂၀၀၆ခုနှစ်ဇူလိုင်လ(၁)နေ့မှစတင်၍ အလုပ်သမား (၁၀၀)နှင့်အထက်ရှိသော စက်ရုံအလုပ်ရုံများ၊ ၂၀၀၇ခုနှစ် ဇူလိုင်လ(၁)ရက်နေ့မှစတင်၍ အလုပ်သမား(၅၀)နှင့်အထက်ရှိသော စက်ရုံအလုပ်ရုံများ၊ ၂၀၀၈ခုနှစ် ဇူလိုင်လ(၁)ရက်နေ့မှစ၍ အလုပ်သမား(၂၀)နှင့် အထက်ရှိသော စက်ရုံအလုပ်ရုံများ၊ လာမည့် ၂၀၁၁ခုနှစ်တွင်မှု အလုပ်သမား (၂၀)အောက်ရှိသော စက်ရုံအလုပ်ရုံများပါ ထိုစနစ်တွင် အကျုံးဝင်မည်ဖြစ်သည်။

ဝင်းလှိုင် (တောင်ကိုရီးယား)


No comments: