Saturday, June 28, 2008

အနိမ့်ဆုံး လုပ်အားခ တိုးမြှင့်သတ်မှတ်

ဝင်းလှိုင်

ကိုရီးယားနိုင်ငံ အနိမ့်ဆုံး လုပ်အားခလစာ မြှင့်တင်ညှိနှိုင်းရေး ကော်မတီမှ လာမည့် ၂၀၀၉ ခုနှစ်တွင် အခြေခံ အနိမ့်ဆုံး လုပ်အားခအား (၁) နာရီလျှင် ၀မ် (၄၀၀၀)သို့ တိုးမြှင့်သွားမည် ဖြစ်သည်ဟု ဇွန်လ၂၇ နေ့တွင် ဆုံးဖြတ်ချက် ချခဲ့ကြကြောင်း သိရှိရသည်။

ဇွန်လ ၂၅ ရက်နေ့မှ စတင်ပြုလုပ်ခဲ့သည့် ထိုဆွေးနွေးပွဲတွင် အလုပ်သမား ကိုယ်စားလှယ်များ၊ အလုပ်ရှင် ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ဋ္ဌာနများမှ ကိုယ်စားလှယ်များက သဘောတူ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။ ထိုသဘောတူ ဆုံးဖြတ်ချက်အား အလုပ်သမား ၀န်ကြီးဋ္ဌာနသို့ တင်သွင်းပြီး အလုပ်သမားဝန်ကြီးဋ္ဌာနမှ လာမည့် သြဂုတ်လတွင် အတည်ပြု ဆုံးဖြတ်ချက်ချမည် ဖြစ်ကြောင်း သိရှိရသည်။

ယခု သတ်မှတ်လိုက်သော နှုန်းထားအရ သာမန်အလုပ်ချိန် (၈) နာရီဖြင့် တစ်ရက်လုပ်အားခ ၀မ် (၃၂၀၀၀) အား ခံစားရရှိရမည် ဖြစ်သည်။ ကိုရီးယားနိုင်ငံတွင် ယခုနှစ် ၂၀၀၈ ခုနှစ်တွင် သတ်မှတ်ထားသော အနိမ့်ဆုံးလုပ်အားခမှာ တစ်နာရီလျှင် (၃၇၇၀) ၀မ်၊ သာမန် အလုပ်ချိန် (၈) နာရီဖြင့် တစ်ရက်လုပ်အားခ (၃၀၁၆၀) ၀မ် အဖြစ် သတ်မှတ်ထားသည်။

No comments: