Monday, July 14, 2008

နိုင်ငံကူးလက်မှတ် သိမ်းဆည်းခြင်းခံရသူများ သိရှိစေရန်

ကိုရီးယားနိုင်ငံ အတွင်းတွင် နည်းမျိုးစုံဖြင့် နေထိုင်အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအနက်တွင် ယခုလက်ရှိ အချိန်ထိ နိုင်ငံကူးလက်မှတ် နှင့် နိုင်ငံခြားသားမှတ်ပုံတင် ကဒ်ပြားတို့အား သက်ဆိုင်ရာ စက်ရုံ အလုပ်များမှ သိမ်းဆည်းထားခြင်းများ ရှိသည်ဟု ကြားသိရပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံမှ စက်မှုသင်တန်းသား စနစ်ဖြင့် လာရောက်သည့် မြန်မာနိုင်ငံသားများ အထူးသိရှိစေရန် ပြန်လည် အသိပေး အပ်ပါသည်။ ကိုရီးယားနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေး ဥပဒေ ပုဒ်မ၃၃ အပိုဒ်၂အရ မည်သူမဆို နိုင်ငံခြားသား တဦး၏ နိုင်ငံကူးလက်မှတ်၊ နိုင်ငံခြားသားမှတ်ပုံတင်ကဒ်ပြား တို့အား သိမ်းဆည်းထားပိုင်ခွင့်မရှိကြောင်း ဖော်ပြပါရှိသည်။ ထိုအချက်အား ချိုးဖောက်ခဲ့ပါက ကိုရီးယားနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၉၄ အရ ထောင်ဒဏ် ၃နှစ်အောက်ဖြစ်စေ၊သို့မဟုတ် ဒဏ်ငွေ ၀မ် သိန်း နှစ်ရာနှင့် အောက်ဖြစ်စေ ပေးဆောင် စေရမည်ဟု ဖော်ပြပါရှိပါသည်။ သို့ပါ၍ ကိုရီးယားနိုင်ငံတွင် နည်းမျိုးစုံဖြင့် နေထိုင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ အနက်မှ ထိုသို့ နိုင်ငံကူးလက်မှတ်၊သို့မဟုတ် နိုင်ငံခြားသားမှတ်ပုံတင်ကဒ်ပြားအား သိမ်းဆည်းခြင်း ခံထားရသူများသည် သက်ဆိုင်ရာ စက်ရုံများအား အကျိုးအကြောင်း ပြောပြ၍ မိမိတို့ လက်ဝယ်တွင် ပြန်လည် သိမ်းဆည်းထားနိုင်ရန် အသိပေးအပ်ပါသည်။

Type rest of the post here

No comments: