ကိုရီးယားရောက် မြန်မာနိုင်ငံသား ညီအကိုမောင်နှမအပေါင်းတို့
မနက်ဖြန် ဇူလိုင် ၁၉ရက်နေ့သည် အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ကြီးများ ကျဆုံးခဲ့ကြရသည့် ၆၁နှစ်မြောက် အာဇာနည်နေ့ ဖြစ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားရေးလှုပ်ရှားမှုမြှင့်တင်ရေးကော်မတီကိုရီးယားသည် ကိုရီးယားရောက် မြန်မာနိုင်ငံသားများ၏ အာဇာနည်ကြီးများအပေါ် အသီးသီးတို့၏ မမေ့နိုင်သော သတိရ တမ်းတချင်းများအား ပေါင်းစည်းဖော်ကျူးပေးရန် အလို့ငှာ ဘူဖြောင်း မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်ရှိ သံဃာတော် အရှင်သူမြတ် တို့အား နံနက် ၇နာရီ၌ အာရုဏ်ဆွမ်းနှင့် နံနက်၁၁နာရီ၌ နေ့ဆွမ်းစသည်တို့အား လှူဖွယ်ပစ္စည်းတို့နှင့်အတူ ဆက်ကပ် လှူဒါန်းကာ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီး
ကျနော်တို့ပြည်ထောင်စုဖွားတိုင်းရင်းသားညီအကိုမောင်နှမများအနေဖြင့် မနက်ဖြန် အလှူဒါနပြုချိန်အား မှန်းမျှော်ကာ အချိန်ကိုက်၍ အာဇာနည်ကြီးများအား ခေတ္တအလေးပြု ငြိမ်သက်ဂါရ၀ပြုခြင်း၊ ကောင်းမွန်သောဘ၀သို့ရောက်စေကြောင်း ဆုတောင်းခြင်းနှင့် သာဓုအနုမောဒနာခေါ်ဆိုခြင်းတို့အား မိမိတို့အစီအစဉ် အလိုက် ပြုလုပ်ကြခြင်းဖြင့် အာဇာနည်ကြီးများ၏ကျေးဇူးအား ဆပ်ကြပါစို့…
ပြန်ကြားရေး
မြန်မာနိုင်ငံအမျိုးသားရေးလှုပ်ရှားမှုမြှင့်တင်ရေးကော်မတီကိုရီးယား
No comments:
Post a Comment