နွေရာသီ အပန်းဖြေ ခရီးသွားလိုသူ မြန်မာများ အတွက် အစီအစဉ် နှစ်ခု ကြေညာထားကြောင်း သတင်းဖြန့်ချိ ပေးလိုက်ပါတယ်။ …
ဆောရက်တောင်နှင့် ဆုဂ်ချိုကမ်းခြေ
လာမည့် သြဂုတ်လ ၂ ရက်နှင့် ၃ ရက်နေ့များမှာ ဓမ္မဒူတ ဗုဒ္ဓဘာသာအသင်း (ကိုရီးယား) က ကမကထပြုပြီး နွေရာသီ အပန်းဖြေခရီး ထွက်ကြပါမယ်။ သွားရောက်မည့် နေရာများမှာ မြန်မာနိုင်ငံတွင် ပြသသွားသော နာမည်ကျော် ကိုရီးယားဒရမ်မာဖြစ်သည့် ဆောင်းဦးရွက်ကြွေချစ်သက်သေ ဇာတ်ဝင်ခန်း ရိုက်ကူးရာ 속초 ဆုဂ်ပင်လယ်ကမ်းခြေနှင့် အာရှတွင် အလှပဆုံးတောင်ဟု နာမည်ရထားသော 설악산 ဆောရက်တောင်တို့ ဖြစ်ကြောင်း သိရပါတယ်။
လိုက်ပါလိုသူများ ဓမ္မဒူတ ဗုဒ္ဓဘာသာအသင်း (ကိုရီးယား) နှင့် ကိုရီးယားရှိ မြန်မာဆိုင်များတွင် ယာဉ်နေရာများ ကြိုတင်မှာ ကြားရယူနိုင်ပြီ ဖြစ်ကြောင်း၊ တစ်ဦးလျင် ၀မ် ၄ သောင်းနှုန်း သတ်မှတ်ထားကြောင်း သိရပါတယ်။
သြဂုတ်လ ၂ ရက်နေ့ နံနက် ၉ နာရီ ဓမ္မဒူတကျောင်းရှေ့မှ ယာဉ်များ စတင်ထွက်ခွာမှာ ဖြစ်ပြီး၊ နေ့လယ် ၂ နာရီခန့်တွင် 속초 ဆုဂ်ချိုဆိပ်ကမ်းသို့ ရောက်ရှိကာ၊ ပင်လယ် ရေချိုး အနားယူ၊ တစ်ညတာ စတိတ်ရှိုးကြည့် အပမ်းဖြေကာ၊ နောက်နေ့ ၉ နာရီခန့်တွင် 속촉 မှ 설악산 ဆောရက်တောင်သို့ ထွက်ခွာမှာ ဖြစ်ကြောင်း၊ အသေးစိတ် အစီအစဉ်ကို လက်မှတ် အရောင်းဌာနများတွင် မေးမြန်းနိုင်ကြောင်း သိရပါတယ်။
=== === === === === ===
ဂျယ်ဂျူးဒိုကျွန်း အနီး
ရွှေမြန်မာများအတွက် ဒေသန္တရ ဗဟုသုတ ရရှိစေရန်နှင့် သဘာဝအလှတရားများကို ခံစား အပန်းဖြေနိုင်စေရန် ရည်ရွယ်၍ ဂျယ်ဂျူးဒိုကျွန်း အနီးရှိ ကိုရီယားနိုင်ငံတွင် အလှပဆုံးသောကျွန်းများ စာရင်းတွင် ပါဝင်သော ဟန်းဂီးယမ်ကျွန်းနှင့် အိုဒုံးဒိုကျွန်းများသို့ နွေရာသီ အပန်းဖြေခရီးစဉ် စီစဉ်ထားပါသည်။
သြဂုတ်လ ၂ ရက်နေ့ မနက် ၇ နာရီတွင် စထွက်မည် ဖြစ်ပြီး မနက်စာ၊ နေ့လယ်စာ ကျွေးပါမည်။ လမ်းခရီးတွင် သောက်ရေ၊ အချိုရည် ပေးပါမည်။ ကျွန်းဝင်ကြေး ကျခံပေးပါမည်။ ခရီးစရိတ် စရိတ်ငြိမ်း ၀မ် ၄၅,၀၀၀ သတ်မှတ်ထားပါသည်။ ညနေ (၁၁)နာရီနောက်ပိုင်း ပြန်ရောက်ပါမည်။
ခရီးသွားလက်မှတ်များကိုအောက်ပါ အတိုင်းဆက်သွယ်ရယူနိုင်ပါသည်။
မြန်မာ ဗုဒ္ဓသာသနာပြု ကျောင်းတော် (ကိုရီးယား)
ဆက်သွယ်ရန် ဖုန်းနံပတ်များ — 031 511 2841, 010 2905 5799, 010 8033 4544, 010 3211 7397, 010 5137 4595, 010 3980 1356, 010 8687 3465, 010 5173 4458, 011 9386 7153, 010 2893 2466, 010 5844 2556, 010 4797 9476
နယ်ဝေးမှ လက်မှတ်ဝယ်ယူလိုပါက အောက်ပါဘဏ်သို့ ပေးပို့ ဝယ်ယူ နိုင်ပါသည်။
Bank: SHIN HAN Bank
A/C: 1101 7955 0147
Name: 엉카이미
Tuesday, July 15, 2008
နွေရာသီ အပန်းဖြေ ခရီးစဉ်များ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment