ရေးသားသူ — ကိုဝိုင်း (မိုးညင်း)
အမ်ဒဗလျူတီဗီ၊ ဇူလိုင် ပထမနှင့် ဒုတိယပတ် သတင်းများ
၁။ ဖမ်းဆီးစဉ် ဒဏ်ရာရသူ လျော်ကြေး ခံစားခွင့်ရရှိ
၂။ အမျိုးသမီးဆိုင်ရာ အထူးဓာတ်ပုံပြပွဲ ကျင်းပ
၃။ ကိုရီးယားရောက် အလုပ်သမားများ ကျန်းမာရေး ဆိုးရွားလာ
၎။ ရုပ်သံတည်းဖြတ် သင်တန်း ပြီးဆုံး
ဖမ်းဆီးစဉ် ဒဏ်ရာရသူ လျော်ကြေး ခံစားခွင့်ရရှိ
ဇွန်လ ၂၀ ရက်နေ့က ဘူဆန်မြို့ တရားရုံးက အလုပ်ခွင်အတွင်း လ၀က လာရောက်ဖမ်းဆီးစဉ် ရှောင်ပြေးရာမှ ထိခိုက် ဒဏ်ရာရရှိခဲ့သူ တရုတ်နိုင်ငံသား လက်မှတ်မဲ့ အလုပ်သမား ဂျန်ရှူဝိုင်း ဆိုသူအား အလုပ်ခွင် ထိခိုက်မှု အာမခံကြေး ခံစားခွင့်ပြုသည့် ဆုံးဖြတ်ချက် ချမှတ်လိုက်ကြောင်း သိရပါတယ်။
အဆိုပါ အမှုဟာ ၂၀၀၆ ခုနှစ်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုအခါ ဂျောင်ဟာ ၃ ကြိမ်တိုင်တိုင် ခွဲစိတ်ကုသမှုကို ခံယူခဲ့သော်လည်း စကားကောင်းစွာ မပြောဆိုနိုင်ဘဲ၊ အကြားအာရုံလည်း ချွတ်ယွင်းနေတယ်လို့ ဆိုပါတယ်။ ထို့ပြင် ဘယ်ဘက်လက်နှင့် ခြေထောက်လည်း လှုပ်ရှား၍မရဘဲ ကိုယ်တစ်ခြမ်းသေ ရောဂါကိုပါ ခံစားနေရတယ်လို့ ဆိုပါတယ်။
ယခုအခါ ဖမ်းဆီးခံရစဉ် ထိခိုက်ဒဏ်ရာ ရရှိကြသော ရွှေ့ပြောင်းအလုပ်သမားများ အများအပြားက ဤစီရင်ထုံးကို အကြောင်းပြု၍ လျော်ကြေး အများအပြား တောင်းခံလာဖွယ်ရှိကြောင်း ခန့်မှန်း ပြောဆိုနေကြပါတယ်။
ယခုအခါ ဂန်နမ် ရွှေ့ပြောင်းအလုပ်သမားဆင်တာဟာ ဖမ်းဆီးစဉ် ထိခိုက်ဒဏ်ရာ ရရှိလျင် အစိုးရမှာ တာဝန်ရှိကြောင်း အတိအလင်း ကြေညာပေးစေလိုမှုဖြင့် တရားစွဲဆိုရန် ပြင်ဆင်လျက်ရှိကြောင်း သိရပါတယ်။
=== === === === === ===
အမျိုးသမီးဆိုင်ရာ အထူးဓာတ်ပုံပြပွဲ ကျင်းပ
အမျိုးသမီးရေးရာကော်မတီမှ ကြီးမှူးကျင်းပသော “အမျိုးသမီးနှင့် ရွှေ့ပြောင်းသူများ” အမည်ရှိ အထူး ဓာတ်ပုံပြပွဲကို ကျင်းပလျက်ရှိကြောင်း သိရပါတယ်။
ယခုပြပွဲကို “အမျိုးသမီးနှင့် ရွှေ့ပြောင်းသူများ- နှစ် ၁၀၀ ခရီးကြမ်း” ဟု အမည်ပေးထားပြိး၊ ရွှေ့ပြောင်း အမျိုးသမီးများ၏ ဘ၀ကို ပေါ်လွင်စေတဲ့ ဓာတ်ပုံများနှင့် ပန်းချီကားများကို ပြသထားကြောင်း၊ ပစိဖိတ် ဓာတ်ပုံရှင်များ၊ ကိုရီးယားသူနာပြုရဲ့ အသွင်အပြင် စသော ဓာတ်ပုံများသည် ကိုရီးယားအမျိုးသမီးများ၏ ရွှေ့ပြောင်းအလုပ်သမားသမိုင်းကို ပြောပြနေသည်ဟု ဆိုပါသည်။
နာမည်ကျော် စာရေးဆရာ ၇ ဦးတို့ ပြုစုတင်ပြထားသော “ထိုစဉ်ကလည်း၊ ယခုလည်း၊ ကျွန်ုပ်တို့ ခရီးသွားနေပါသည်” ဟူသော အမည်ဖြင့် ပြသထားသည့် ကိုရီးယားရောက် ရွှေ့ပြောင်းအလုပ်သမများ၏ ပုံရိပ်တို့ကို ကြည့်ရှုနိုင်ကြောင်း သိရပါတယ်။
ပြပွဲကို အမှတ် ၁ ရထားလိုင်း ဒေးဘန် ဘူတာအနီးရှိ၊ အမျိုးသမီးရေးရာ ခမ်းမဆောင်မှာ ဒီဇင်္ဘာလ ၁၇ ရက်နေ့ထိ၊ တနင်္လာနေ့မှ စနေနေ့အတွင်း နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၆ နာရီထိ ပြသထားမှာ ဖြစ်ကြောင်း သိရပါတယ်။
=== === === === === ===
ကိုရီးယားရောက် အလုပ်သမားများ ကျန်းမာရေး ဆိုးရွားလာ
ဇွန်လ ၁၉ ရက်နေ့က အူးလ်ဆန်မြို့တွင် ရွှေ့ပြောင်းအလုပ်သမား ၂၀၄ ဦးကို ကျန်းမာရေး စစ်တမ်းပြုစုခဲ့ရာမှာ အလုပ်သမား ၇၅ ဒသမ ၈ ရာခိုင်နှုန်းတို့ဟာ ကိုရီးယားသို့ ရောက်လာပြီးမှ ရောဂါရရှိကြကြောင်း သိရပါတယ်။ ၄င်းတို့အနက် အခမဲ့ဆေးကုသခွင့် ရရှိလျင် ကုသမှု ခံယူလိုကြောင်း ၉၆ ဒသမ ၉ ရာခိုင်နှုန်းက ဖြေဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
အဆိုပါစစ်တမ်းအရ တောင်ကိုရီးယားမှာ ရွှေ့ပြောင်းအလုပ်သမားများ အဆင်ပြေစွာ အသုံးပြုနိုင်မည့် ဆေးကုသရေး အစီအစဉ် လိုအပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။
=== === === === === ===
MWTV ရုပ်သံတည်းဖြတ် သင်တန်း ပြီးဆုံး
ဇွန်လ ၂၉ ရက်နေ့က မီဒီအက် နှင့် MWTV တို့ ပူးတွဲ စီစဉ် ဖွင့်လှစ်ခဲ့သော ရုပ်သံတည်းဖြတ်မှု သင်တန်းဆင်းပွဲအား ကျင်းပခဲ့ကြောင်း သိရပါတယ်။ အခမ်းအနားသို့ သင်တန်းသားများ၊ သင်တန်းဆရာများနှင့် အထူးဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။ အခမ်းအနားတွင် သင်တန်းသားများက တိုက်ရိုက် ရိုက်ကူးတည်းဖြတ်ခဲ့ကြသော ဗီဒီယိုကားများ ပြသခဲ့ပြိး၊ သင်တန်းသားများက ဆိုတီးကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း၊ ယင်းနောက် MWTV ရုပ်သံထုတ်လုပ်ရေးအဖွဲ့ကို ဖွဲစည်း ထူထောင်ခဲ့ကြကြောင်း၊ အဆိုပါ အဖွဲ့သည် နောင်တွင် ဆက်လက်၍ ရုပ်သံကားများကို ထုတ်လုပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
=== === === === === ===
Tuesday, July 15, 2008
ရွှေ့ပြောင်းအလုပ်သမား သတင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment