ရေးသားသူ — ကိုဝိုင်း (မိုးညင်း)
အမ်ဒဗလျူတီဗွီ။ ဇူလိုင်လ ပထမ နှင့် ဒုတိယပတ် သတင်းများ
ယခုအခါ တောင်ကိုရီးယားအစိုးရဟာ ရက်လွန်နေထိုင်သူများ ဖမ်းဆီးခြင်းကို အကြီးအကျယ် ဆောင်ရွက်လျက်ရှိပါတယ်။ ရွှေ့ပြောင်းအလုပ်သမားများ ပူးပေါင်းလှုပ်ရှားမှုကော်မတီဟာ ဖမ်းဆီးခြင်းကို ရပ်တန့်ရန်နှင့်၊ လ၀ကဥပဒေ ပြင်ဆင်ခြင်းအား ရပ်ဆိုင်းထားရန် လှုပ်ရှားမှုကို ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
အဆိုပါ ကော်မတီသည် ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းက၊ ဆိုးလ်မြို့ လ၀ကရုံးရှေ့တွင် သတင်းစာရှင်းပွဲကို ပြုလုပ်ခဲ့ပြိး၊ လှုပ်ရှားမှုကို စတင်ကြောင်း ကြေညာခဲ့ပါတယ်။ ၄င်းနောက် ကော်မတီဟာ ဆိုးလ်မြို့ လ၀ကရုံးရှေ့တွင် ဇူလိုင် ၇ ရက်နေ့မှ ၁၁ ရက်နေ့ထိ ၅ ရက်တာ ထိုင်သပိတ်မှောက်ခဲ့ကြကြောင်း သိရပါတယ်။
၃ ရက်နေ့က ဖြစ်ပွားခဲ့သော ကိုယ်ဝန်ဆောင်မိခင် ဖမ်းဆီးမှုတွင်၊ လူ့အခွင့်အရေး ဖောက်ဖျက်မှုများ ရှိခဲ့ကြောင်း၊ ဖမ်းဆီးစဉ် ရိုက်နှက်ခံခဲ့ရသော အဆိုပါ ကိုယ်ဝန်ဆောင်သည် ယခုအခါ သွေးပေါင်ကျဆင်းခြင်း ရှိနေပြိး၊ အားနည်းချိနှဲ့နေကာ၊ ကျန်းမာရေး စိုးရိမ်ဖွယ်ရှိနေကြောင်း သိရပါတယ်။
ယခုအခါ ရွှေ့ပြောင်းအလုပ်သမားများသမဂ္ဂဟာ လက်မှတ်မဲ့ ရွှေ့ပြောင်းအလုပ်သမားများအား တရားဝင် အလုပ်သမားအဖြစ် အသိအမှတ်ပြုရေး လှုပ်ရှားမှုကို အပတ်စဉ် ကြာသပတေးနေ့တိုင်း ဒုံဒေးမွန် နှင့် အွိဂျောင်ဘု အစရှိတဲ့ နေရာများမှာ တောင်းဆို ဆန္ဒပြလျက်ရှိကြောင်း၊ အဆိုပါ ဆန္ဒပြပွဲကို အဖမ်းအဆီး ကာလ တစ်လျောက်လုံး ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
Tuesday, July 15, 2008
ရက်လွန်နေထိုင် လုပ်သားများ အဖမ်းအဆီးကြမ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment