မက်စ်ဆာချူးဆက် အစုစပ် အသက်အာမခံကုမ္ပဏီက စီအီးအို သောမတ်စ် ၀ီးလာ နဲ့ သူ့ဇနီးသည်တို့ ပြည်နယ်နှစ်ခုကြားက ဟိုင်းဝေးတလျှောက် ကားမောင်းလာရင်း သူတို့ကားမှာ ဆက်မောင်းဖို့ ဆီနည်းပါးနေတာကို သတိပြုမိ လိုက်ပါတယ်။ ၀ီးလာဟာ ကားကို ဟိုင်းဝေးလမ်းဘေး လမ်းသွယ်လေးမှထွက်ပြီး မကြာခင်ပဲ လမ်းဆင်းက ဆီဖြည့်ဖို့ pump တစ်ခုသာရှိတဲ့ ဓာတ်ဆီဆိုင်လေးကို ရောက်လာပါတယ်။
သူဟာ တိုင်ကီကို ဆီဖြည့်ပြီး စစ်ဆေးပေးဖို့ တစ်ဦးတည်းသာရှိတဲ့ အရောင်းသမားကို မှာလို့ ဆီဆိုင်လေးတ၀ိုက် အညောင်းပြေ အညာပြေ ခြေဆန့် လက်ဆန့်လေးလုပ်ဖို့ ထွက်လာခဲ့ပါတယ်။ သူ ကားဆီကို ပြန်လာတော့ ဆီထည့်သူနဲ့ ဇနီးသည်တို့ဟာ အားပါးတရ စကားလက်ဆုံ ကျနေတာကို တွေ့လိုက်ရပါတယ်။ သူ ဆီထည့်သူကို ငွေပေးချေတော့ ပြောနေတဲ့ စကားတွေ ရပ်သွားပါတယ်။ ဒါပေမယ့် သူကားထဲ ၀င်ထိုင်လိုက်တဲ့ အခါမှာတော့ ဆီထည့်ပေးသူက ဇနီးသည်ကို လက်ပြနှုတ်ဆက်ပြီး စကားကလည်း ပြောလို့ကောင်းလိုက်တာလို့ ဇနီးသည်ဆီ လှမ်းပြောလိုက်သံကို သူကြားလိုက်မိတယ်။
သူတို့ ဓာတ်ဆီအရောင်းဆိုင်ထဲက မောင်းထွက်လာကြပြီး ၀ီးလာက ‘မင်း အဲဒီလူကို သိလို့လား‘ လို့ သူ့ဇနီးသည်ကို မေးလိုက်ပါတယ်။ သူမက ချက်ချင်းပဲ ‘သိတာပေါ့ရှင် ‘လို့ဝန်ခံပါတယ်။ ပြီးတော့ သူတို့ဟာ အထက်တန်းကျောင်းကို အတူတူတက်ခဲ့ကြပြီး တနှစ်လောက် သမီးရည်းစား ဖြစ်ခဲ့ကြသူတွေပေါ့လို့ ပြောပါတယ်။
‘မိန်းမ ဒီလိုဆို မင်း ငါနဲ့ရတာ ကံကောင်းတာပေါ့ကွာ‘ လို့ ၀ီးလာက ခပ်ကြွားကြွားလေးနဲ့ ဆက်ပြောပါတယ်။
`မင်း သူ့ကိုသာ အိမ်ထောင်ပြုခဲ့လို့ကတော့ အမှုဆောင်အရာရှိချုပ် မယားမဖြစ်ဘဲ ကားထဲ ဆီဖြည့်ပေးရတဲ့ ကောင်ရဲ့ မယား ဖြစ်နေရောပေါ့ကွာ‘။
‘အချစ်ရေ´ ၀ီလာရဲ့ ဇနီးသည်က ပြန်ပြောလိုက်ပါတယ်။
‘ကျမသာ သူနဲ့ အိမ်ထောင်ပြုခဲ့ရင် ခုဆိုသူဟာ အမှုဆောင်အရာချုပ်ကြီး ဖြစ်ပြီး ရှင်က ဓာတ်ဆီ အရောင်းဆိုင်က ကားဆီဖြည့်ပေးရတဲ့သူ ဖြစ်နေမှာ´ တဲ့။
CHICKEN SOUP FOR THE COUPLE' SOUL PG167
Tuesday, July 15, 2008
ကြီးမြင့်သူရဲ့ နောက်မှာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment