Saturday, October 27, 2012

စုပေါင်း သံဃ ပဝါရဏာပြုပွဲ နှင့် ကထိန်ကံဆောင်ပွဲ ဖိတ်ကြားလွှာ

စုပေါင်း သံဃ ပဝါရဏာပြုပွဲ နှင့် ကထိန်ကံဆောင်ပွဲ ဖိတ်ကြားလွှာ

ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျာ-
၁၃၇၄ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ (30-10-2012) အင်္ဂါနေ့သည် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သလို ၊ ဗုဒ္ဓဘာသာ ရဟန်းတော်များ စုဝေး၍ ၊ ပဝါရဏာ ပြုကြသော နေ့ထူးနေ့မြတ်လည်း ဖြစ်ပါသည် ။
ယခင်နှစ်များကဲ့သို့ပင် ယခုနှစ်တွင်လည်း ၊ စုပေါင်း သံဃ ပဝါရဏာပြုပွဲနှင့် ကထိန်ကံဆောင်ပွဲကို ဖော်ပြပါ အစီအစဉ်အတိုင်း ၊ စုပေါင်း ကျင်းပမည်ဖြစ်ပါ၍ ကြွရောက်ကြည်ညို ကုသိုလ်တော်ယူကြပါရန် လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါသည် ခင်ဗျာ ။

သံဃပဝါရဏာ အစီအစဉ်
ရက်-
၁၃၇၄ ခုနှစ် ၊ သီတင်းကျွတ် လပြည့်နေ့ (30-10-201) အင်္ဂါနေ့
အချိန်-
နေ့လည် ၁း၀၀ နာရီ
နေရာ-
မြန်မာဗုဒ္ဓ သာသနာပြုကျောင်းတော် ၊ ဘူဖြောင်း
အစီအစဉ်-
- နေ့လည် ၁၁ နာရီ ၁၅ မိနစ် အချိန်တွင် ဘုရားအမှူးရှိသော သံဃာတော် အရှင်မြတ်တို့အား ၊ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြပါမည် ။
- နေ့လည် ၁နာရီတိတိအချိန်တွင် ၊ အနယ်နယ်အရပ်ရပ်မှ ကြွရောက်တော်မူလာကြသည့် သံဃာတော်အရှင်သူမြတ်များ စုပေါင်း၍ ပဝါရနာ ပြုတော်မူကြပါမည် ။
- နေ့လည် ၂ နာရီအချိန်ခန့်တွင် ၊ ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့အား ၊ ဝါကျွတ်ကန်တော့ပန်း ဆင်မြန်းပြီး ၊ သံဃာတော်အရှင်သူမြတ်များ ချီးမြှင့်တော်မူကြမည့် ဆုံးမသြဝါဒစကားများ ၊ နာယူမှတ်သားကုသိုလ်ယူကြပါမည် ။

ကထိန်ကံဆောင်ပွဲ အစီအစဉ်
ရက်-
၁၃၇၄ ခုနှစ် ၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက် (31-10-2012) ဗုဒ္ဓဟူးနေ့
အချိန်-
နံနက် ၈း၀၀ နာရီ
နေရာ-
ဓမ္မဒူတ ကျောင်းတော် ၊ ဘူဖြောင်း
အစီအစဉ်-
- နံနက် ၆ နာရီ ခွဲ အချိန်တွင် ဘုရား အမှူးရှိသော သံဃာတော် အရှင်သူမြတ်တို့အား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြပါမည် ။
- နံနက် ၈း၀၀ နာရီ တိတိ အချိန်တွင် ၊ ဓမ္မဒူတ သိမ်တော်၌ ၊ ကထိန် ကံဆောင်တော်မူကြပါမည် ။

ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ။
အကျိုးတော်ဆောင်များ-
ဓမ္မဒူတ(ကိုရီးယား)
မြန်မာဗုဒ္ဓသာသနာပြုကျောင်း(ကိုရီးယား)

No comments: