Thursday, October 25, 2012

အာရှယဉ်ကျေးမှုပွဲတော်နှင့် ငြိမ်းချမ်းရေးဆုတောင်းပွဲ နှိုးဆော်လွှာ

မြန်မာစစ်လျှင် ဘာသာချစ်သည်-ဟူသောဆိုရိုးစကားအရ ဗုဒ္ဓယဉ်ကျေးမှုကို ချစ်ခင်မြတ်နိုးတန်ဖိုးထားကြသော ရွှေမြန်မာညီအကိုအပေါင်းတို့ခင်ဗျား ...... ကိုရီးယားနိုင်ငံ ဗုဒ္ဓဘာသာ ဂျိုဂယ်ဆာဂိုဏ်းကြီး၏ အစီစဉ်ဖြင့် ပထမအကြိမ် အာရှယဉ်ကျေးမှု ဗုဒ္ဓဘာသာ ကထိန်ပွဲတော် သရုပ်ပြအခမ်းနားနှင့် ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဗုဒ္ဓဘာသာကျောင်း ကန် ဘုရား စေတီပုထိုးများဖျက်ဆီးခံရခြင်း ၊ လူများသေကြေပျက်စီးခြင်းကို ကန့်ကွက်သောအားဖြင့်လည်းကောင်း၊ ဘာသာရေးပဋိပက္ခများ အဆုံးသတ်စေရန်အတွက်လည်းကောင်း ငြိမ်းချမ်းရေးဆုတောင်းပွဲကြီးကို ကိုရီးယားနိုင်ငံရောက် ဗုဒ္ဓဘာသာဝင် သီရိလင်္ကာ ၊ ထိုင်း ၊ ကမ္ဘောဒီးယားအပါဝင် ငြိမ်းချမ်းရေးကို လိုလားသူများအားလုံး ပါဝင်ဆင်နွှဲကြမည်ဖြစ်ပါ၍ ဖော်ပြပါ အစီစဉ်အတိုင်း ကြွရောက်ဆင်နွှဲကြပါရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်ခင်ဗျား .....။

       ကထိန်ပွဲတော်အစီအစဉ်------( သရုပ်ပြ )
နေ့ရက်= ၂၈ ၊ ၁၀ ၊၂၀၁၂ ၊ တနင်္ဂနွေနေ့
အချိန် = နံက် ၁၀ နာရီ မှ နေ့လည် ၁း နာရီထိ ။
နေရာ = ဂျိုဂယ်ဆာ ဘုန်းတော်ကြီးကျောင်းဝင်း ၊ ဂျုံဂတ်ဘူတာအမှတ် ၂ -ထွက်ပေါက် ၊ ဆိုးလ်မြို့တော်။
       ငြိမ်းချမ်းရေးဆုတောင်းပွဲအစီအစဉ် ------
နေ့ရက်= ၂၈.၁၀.၂၀၁၂ ၊ တနင်္ဂနွေနေ့
အချိန် =  ညနေ ၄း ၀၀ နာရီ
နေရာ = ဆိုးလ် ဘူတာရှေ့

မှတ်ချက် ။ ။ ၂၈ . ၁၀ . ၂၀၁၂ ၊ နံက် ၈း ၃၀ နာရီ မြန်မာဗုဒ္ဓသာသနာပြုကျောင်း ( ဘူဖျောင်း ) ရှေ့မှ အယောက် ၄၀ ဆန့် ကား ၁ စီး ထွက်ပါမည်။ ကျန်သည့် မိတ်ဆွေများ အားလုံး ညနေ ၄း ၀၀ နာရီအရောက် ဆိုးလ် ဘူတာရှေ့ ကြွရောက်ကြပါရန် အသိပေးအပ်ပါသည်ခင်ဗျား ။

No comments: