Thursday, July 24, 2008

မုန်တိုင်းမှ နိုးထခြင်း

နာဂစ်ရန်ပုံငွေအတွက် မြန်မာကာတွန်းဆရာများ၏ “မုန်တိုင်းမှ နိုးထခြင်း” အမည်ရှိ ကာတွန်းပြပွဲကို ရန်ကုန်မြို့ ပန်းဆိုးတန်းရှိ လောကနတ် ပန်းချီခန်းမတွင် ပြသလျက်ရှိပါသည်။ ကာတွန်းကားပေါင်း ၁၄၆ ကားကို ပန်းချီဆရာ ၆၄ ဦးက ရေးဆွဲကာ နာဂစ်မုန်တိုင်း ဒုက္ခသည်များ အတွက် ရည်ရွယ်၍ ပထမဦးဆုံး ကျင်းပသည့် ကာတွန်းပြပွဲ ဖြစ်သည်။

ကာတွန်းပြပွဲကို Ecovision ဂျာနယ်က တာဝန်ယူ ဆောင်ရွက်ပြီး ကာတွန်းရောင်းရငွေများကို နာဂစ်မုန်တိုင်း ရန်ပုံငွေအဖြစ် လှူဒါန်းသွားမည်ဖြစ်သည်။ ပြပွဲကို ဇူလိုင် ၂၂ ရက်မှ ၂၆ ရက်အထိ ပြသသွားမည် ဖြစ်သည်။ (သတင်း— ခေတ်ပြိုင်)

အဆိုပါ ကာတွန်းပြပွဲမှ လက်ရာအချို့ကို ဤနေရာ တွင် နှိပ်၍ ကြည့်ရှုနိုင်ပါကြောင်း...။

No comments: