လုပ်ငန်းခွင်တွင်း ဖြစ်ပွားသော အန္တရာယ်ရှိသည့်အရာများကြောင့် ဖြစ်ပွားရသော ကျန်းမာရေးဆိုးကျိုးများ
၂)သံမှုန်၊ ဓာတုပစ္စည်းမျက်စိဖြင့် မမြင်နိုင်သည့်သံမှုန်များ သည်လည်း များစွာရှိကြပြီး မည်မျှ များစွာ ဖြစ်ပွားနေသည်ကိုပင် သိရန် ခက်ခဲသဖြင့်မိမိကိုယ်တိုင်ပင် သတိမထားနိုင်သော အနေအထားမျိုးသည် များလှသည်။၎င်းသည် အမှုန်ထက် ပို၍ ကျန်းမာရေးအား ဆိုးရွားစေသဖြင့် အထူး ဂရုပြုရမည် ဖြစ်သည်။သံမှုန်သည် သံအား အပူပေးပြီး အရည်ပျော်စေသော လုပ်ငန်း၊ သံဂဟေဆော်သည့် လုပ်ငန်း၊ ရွှေရောင်တင်ခြင်း စသည့်လုပ်ငန်းများတွင် ဖြစ်ပေါ်ပေါက်သော အငွေ့များသည် ပါးစပ်၊ နှာခေါင်း မှတဆင့် အဆုတ်သို့ ၀င်ရောက်သည်။
ထို့ပြင် သံမှုန်ပါသော အမှုန်များသည် ကိုယ်တွင်းဝင်ရောက်ခြင်းလည်း ရှိသည်။ အမျိုးအစားအားဖြင့် သံမှုန်များသည် ခဲ၊မာကျူရီ၊ မဂ္ဂနစ်၊ ခရုန်းမ်၊ အလူမီနီယမ်၊ ကတ်မြူ စသဖြင့် ရှိကြသည်။
ဓာတုပစ္စည်းများအား များစွာသော လုပ်ငန်းခွင်တို့တွင် မျိုးစုံအသုံးပြုကြသည်။ အဓိကအားဖြင့် ညစ်ပေသည်အား ဆေးကြောသည့်လုပ်ငန်း၊ ပစ္စည်းများကော်ကပ်ခြင်းလုပ်ငန်၊ အရောင်ဆိုးခြင်းလုပ်ငန်း စသဖြင့်ရှိပြီး ပုံနှိပ်လုပ်ငန်းများတွင်လည်း ဓာတုပစ္စည်းများအား အသုံးပြုကြသည်။ ဓာတုပစ္စည်းများသည် အများအားဖြင့် အရည်သဏ္ဌာန်ရှိပြီး အနံ့ထွက်ကာ မျက်လုံး၊နှာခေါင်းတို့တွင် ၀င်ရောက်ကာ အနာ ဖြစ်စေသည်။ သို့သော် အနံ့မထွက်အနာမဖြစ်စေသည့် ဓာတုပစ္စည်းအချို့လည်းရှိကြသဖြင့် အထူး သတိထားရမည် ဖြစ်သည်။ ဓာတုပစ္စည်းများသည် ရေထက်ပင် အငွေ့ပြန်အားကောင်းပြီးလေထုတွင်း တည်ရှိကာ အဆုတ် သို့မဟုတ် အရေပြားမှတဆင့် စိမ့်ဝင်ရောက်လာနိုင်သည်။ ထို့ကြောင့် သံမှုန်နှင့် ဓာတုပစ္စည်း စသည်တို့သည် ကျွန်ုပ်တို့ကိုယ်တွင်း ၀င်ရောက်ကာ အမျိုးမျိုးသော ရောဂါများအား ဖြစ်စေသည်။

No comments:
Post a Comment