အကြိမ်၆၀ရှိပြီဖြစ်သော်လည်း ပြည်သူတို့၏ ဆန္ဒအား လိုက်လျောခြင်း မရှိသော ကိုရီးယားနိုင်ငံ လက်ရှိ အီမြောင်ဘာ့ဂ် အစိုးရအား
နှုတ်ထွက်ပေးရန် တောင်းဆိုမှု၊ အမေရိကန်အမဲသား တင်သွင်းမှု ရပ်ဆိုင်းရန် အစရှိသည့် တောင်းဆိုမှုတို့အား တပြည်လုံးအနှံ့ ကျင်းပရန်
ယနေ့ ဇူလိုင်၅ရက် စနေနေ့ညနေ ၅နာရီတွင် ဆိုးလ်မြို့ မြို့တော်ခန်းမရှေ့၌ မီးထွန်းဆန္ဒပြပွဲအား ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည်။
ယနေ့ဆန္ဒပြပွဲတွင် နိုင်ငံရေးပါတီခေါင်းဆောင်များ၊ ဘာသာပေါင်းစုံခေါင်းဆောင်များ၊ အလုပ်သမားသမဂ္ဂများနှင့် အလွှာပေါင်းစုံတို့မှ
ပူးပေါင်းပြုလုပ်မည်ဖြစ်ပြီး လူဦးရေ တသန်း တက်ရောက်ရန် ရည်ရွယ်ထားသည်။ လက်ရှိ အာဏာရပါတီဖြစ်သော ဟန်နာရာပါတီက
ဆန္ဒပြပွဲ တက်ရောက်မည့် အတိုက်အခံပါတီခေါင်းဆောင်များအား လွှတ်တော်တွင် ဖြေရှင်းရမည့်အစား လမ်းပေါ်ထွက် ဆန္ဒပြခြင်းအား
အပြင်းအထန် ကန့်ကွက်သော်လည်း အတိုက်အခံပါတီခေါင်းဆောင်များကမူ အကြိမ်၆၀ရှိသော်လည်း ပြည်သူ့ဆန္ဒအား လိုက်လျောခြင်း
မရှိသည့် အစိုးရအား ပြည်သူနှင့်အတူ ပူးပေါင်း တိုက်ပွဲဝင်မည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။ ဒီမိုကရက်တစ်အလုပ်သမားပေါင်းချုပ်သမဂ္ဂကြီးသည် ယနေ့ နေ့လည်၃နာရီမှ စတင်၍ ဆန္ဒပြပွဲအား ကြိုတင်ကျင်းပကာ ညနေ၅နာရီ ဆန္ဒပြပွဲသို့ ၀င်ရောက် ပူးပေါင်းရန် အစီအစဉ်ဆွဲထားသည်။
တဘက်တွင်လည်း မီးထွန်းဆန္ဒပြပွဲပြုလုပ်ရာဒေသရှိ ဈေးဆိုင်များမှလည်း မိမိတို့၏ စီးပွားရေးလုပ်ငန်းများ ထိခိုက်သောကြောင့် မီးထွန်းဆန္ဒပြပွဲအား အဆုံးသတ်ရန် တောင်းဆိုသည့် မီးထွန်းဆန္ဒပြပွဲအား ဆန့်ကျင်သည့် ဆန္ဒပြပွဲကိုလည်း ယနေ့ ညနေ၅နာရီတွင် တပြိုင်နက် ပြုလုပ်သွားမည် ဖြစ်သဖြင့် အချင်းချင်း ထိခိုက်မှုများ ဖြစ်ပွားမည်အား စိုးရိမ်မှုများ ဖြစ်နေကြသည်။ ထိုသူတို့၏ ဆန္ဒပြပွဲတွင်
ကိုရီးယားရောက် နိုင်ငံခြားသားကျောင်းသားများ၊ နိုင်ငံခြားသားအလုပ်သမားများ၊ မီးထွန်းဆန္ဒပြပွဲအား ဆန့်ကျင်သည့် အင်တာနက်အဖွဲ့အစည်းများနှင့် မြောက်ကိုရီးယားလူ့အခွင့်အရေးလှုပ်ရှားသည့်အဖွဲ့များမှ စုစုပေါင်း လူဦးရေ တထောင်ခန့် တက်ရောက်မည်ဟုသိရှိရသည်။
ဆန္ဒပြပွဲအား တိုက်ရိုက်ထုတ်လွှင့်ပေးသည့်လင့်ခ် http://www.ohmynews.com/
အား ၀င်ရောက်၍ ဘယ်ဘက်ခြမ်းရှိ တီဗွီငယ်၏ အပေါ်ခြမ်း ညာဘက်ရှိ အိုင်ကွန်အား နှိပ်၍ကြည့်ရှုနိုင်ပါသည်။
Saturday, July 5, 2008
ယနေ့ ညနေ ၅နာရီ ကိုရီးယားပြည်လုံးကျွတ် မီးထွန်းဆန္ဒပြပွဲ ပြုလုပ်မည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment