Sunday, October 5, 2008

မြန်မာအသင်းရွေးကောက်ပွဲနှင့် စာပေဟောပြောပွဲ

ရေးသားသူ — မြန်မာအသင်း (ကိုရီးယား)

မြန်မာအသင်း (ကိုရီးယား)
MYANMAR ASSOCIATION IN KOREA
미 얀 마 공 동 체



ရွေးကောက်ပွဲ

မြန်မာအသင်း (ကိုရီးယား) ၏ ၂၀၀၈-၂၀၁၀ အလုပ်အမှုဆောင်အဖွဲ့ သက်တမ်းအတွက် ဦးဆောင်လေးနေရာ ရွေးကောက် တင်မြောက်ခြင်းနှင့် အမှုဆောင်အဖွဲ့ ပြန်လည်ဖွဲ့စည်းခြင်းကို ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့ တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

ဦးဆောင်လေးနေရာ ဖြစ်သည့် ဥက္ကဋ္ဌ, ဒုတိယဥက္ကဋ္ဌ, အတွင်းရေးမှူး, တွဲဖက်အတွင်းရေးမှူး နေရာတို့တွင် ပါဝင် အရွေးချယ်ခံလိုသူများသည် မိမိကိုယ်တိုင် ကော်မရှင်သို့ အမည်စာရင်း ပေးသွင်းနိုင်ပြီ ဖြစ်ပါသည်။

သို့မဟုတ် မည်သည့်ပုဂ္ဂိုလ်အား တင်မြောက်လိုကြောင်း အဆိုပြုလိုလျှင် ကော်မရှင်သို့ ကြိုတင်၍ဖြစ်စေ, ရွေးကောက်ပွဲနေ့၌ ဖြစ်စေ အဆိုပြုနိုင်ပါသည်။

မည်သူမဆို အမှုဆောင်အဖွဲ့တွင် ပါဝင်ထမ်းဆောင်လိုလျှင် ဖြစ်စေ၊ ပုဂ္ဂိုလ်တဦးဦးအား အဆိုပြုလိုလျှင် ဖြစ်စေ ကော်မရှင်သို့ ဆက်သွယ်တင်ပြနိုင်ပြီ ဖြစ်ပါသည်။

ဦးဆောင်နေရာများအတွက် အများဆန္ဒမဲဖြင့် ရွေးချယ်ခြင်းကို ကော်မရှင်က ကြီးကြပ်ဆောင်ရွက်ပေးမည် ဖြစ်ပြီး၊ ကျန်အမှုဆောင် အဖွဲ့ဝင်များကို ရွေးချယ်ခံရသည့် ဦးဆောင်သူများ၏ သဘောတူညီမှုဖြင့် ကော်မရှင်က အတည်ပြု ဖွဲ့စည်းပေးသွားမည် ဖြစ်ပါသည်။

ရွေးကောက်ပွဲ ကြီးကြပ်ရေး ကော်မရှင်
- ကော်မရှင်အဖွဲ့ဝင်များ
၁။ ဦးဝင်းနိုင်ဦး (၀၁၀- ၈၆၄၈- ၄၅၃၃)
၂။ ဦးဝင်းမြင့်ဦး (၀၁၁- ၂၉၂- ၉၅၄၂)
၃။ ဦးဝင်းပေါ်မောင် (၀၁၀- ၃၉၃၈- ၅၇၁၂)
၎။ ဦးအေးကို (၀၁၁- ၉၈၉၇- ၉၈၆၁)
ရွေးကောက်ပွဲကို မွန်းတည့် ၁၂း၀၀ မှ နေ့လယ် ၂း၀၀ အထိ မြန်မာအသင်းဧည့်ခံခန်းမ၌ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

စာပေဟောပြောပွဲ


ရွေးကောက်ပွဲအပြီးတွင် ဆက်လက်၍ စာပေဟောပြောပွဲကို ကျင်းပသွားမည်ဖြစ်သည်။ ဟောပြောမည့်ပုဂ္ဂိုလ်မှာ ဆရာမဒေါ်နုနုရည် (အင်းဝ) ဖြစ်သည်။



စာပေချစ်မြတ်နိုးသူတိုင်း ကြွရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

No comments: