Wednesday, September 24, 2008

ပူချွန်း နိုင်ငံခြားသားပေါင်းစုံ ယဉ်ကျေးမှုပွဲတော်

ရေးသားသူ — သူရဇော်

န၀မအကြိမ်မြောက် ပူချွန်းနိုင်ငံခြားသားပေါင်းစုံ ယဉ်ကျေးမှုပွဲတော်ကို ၂၈- ၉- ၂၀၀၈ (တနင်္ဂနွေနေ့) တွင် ကျင်းပမည်ဖြစ်သည်။ ပွဲတော်ကို ပူချွန်းမြို့တော်ခမ်းမရှေ့ မြက်ခင်းပြင်တွင်ကျင်းပမှာဖြစ်ပြီး နံနက် ၁၀း၀၀ နာရီမှ ညနေ ၆း၀၀ အထိ ကျင်းပမည်။

ပွဲတော်ကို မြန်မာအပါအ၀င် နိုင်ငံပေါင်း ၁၂ နိုင်ငံက ပူးပေါင်းပါဝင် ဆင်နွှဲကြမှာဖြစ်ပြီး နိုင်ငံအလိုက် မိမိတို့ရိုးရာယဉ်ကျေးမှုပြခန်းများ ပြသခြင်း ရိုးရာအစားအစာများ ရောင်းချခြင်းတို့ဖြင့် ပျော်ရွှင်စွာ ဆင်နွှဲကြမည်ဖြစ်သည်။

ပွဲတော်တွင် မြန်မာနိုင်ငံကိုယ်စား မြန်မာအသင်းက ပါဝင်မှာဖြစ်သည်။ မြန်မာအသင်းက မြန်မာ့ရိုးရာအဖြစ် ရှင်လောင်းလှည့်သည့်ပုံစံကို သရုပ်ဖေါ်ပြသ၍ မြန်မာအစားအစာ တို့ဟူးကြော်နှင့် ကြာဆံဟင်းခါးရောင်းမည်။ ဖျော်ဖြေရေးအစီအစဉ်တွင် မြန်မာအသင်း ခေတ်ပေါ်တေးဂီတအဖွဲ့ (RAINBOW BAND) ကလည်း ပါဝင် တီးခတ်ဖျော်ဖြေမည်ဖြစ်သည်။

ကိုရီးယားရောက် မြန်မာညီအစ်ကိုမောင်နှမအပေါင်းတို့အား ကြွရောက်၍ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြရန် ဖိတ်ခေါ်အပ်ပါသည်။

No comments: