Wednesday, November 12, 2008

ကိုရက်ပ်စ်စာမေးပွဲအောင်မြင်ပြီးသူများ အလုပ်လျှောက်လွှာ မှတ်ပုံတင်ရန်

ရေးသားသူ — ကိုဝိုင်း(မိုးညှင်း)
မြန်မာနိုင်ငံတွင် ပထမအကြိမ် ကျင်းပခဲ့သော (EPS - KLT) စာမေးပွဲအောင်မြင်သူများ သမားတော် အထူးကုဆေးခန်းတွင် ကျန်းမာရေး စစ်ဆေးမှု ခံယူပြီး အောက်ဖော်ပြပါ အစီစဉ်အတိုင်း အလုပ်လျှောက်လွှာ တင်သွင်းရမည် ဖြစ်ကြောင်း သိရှိရပါသည်-
ကျန်းမာရေးစစ်ဆေးရမည့် ဆေးခန်းနှင့် ကုန်ကျစရိတ်
ဆေးခန်း - သမားတော်အထူးကုဆေးခန်း
ကုန်ကျစရိတ် - ၃၀၀၀၀ ကျပ် (သုံးသောင်းကျပ်တိတိ)
(ရွှေအင်းဝ ၀န်ဆောင်မှုအေဂျင်စီကုမ္ပဏီလီမိတက်တွင် ပေးသွင်း၍ ဆေးစစ်မှုခံယူရန်)
အလုပ်လျှောက်လွှာ ထုတ်ပေး/လက်ခံမည့်ရက် - ၁၀.၁၁.၂၀၀၈ မှ ၂၁.၁၁.၂၀၀၈ ထိ
အလုပ်လျှောက်လွှာ ထုတ်ပေး/လက်ခံဌာန - ရွှေအင်း၀၀န်ဆောင်မှုအေဂျင်စီ ကုမ္ပဏီ လီမိတက်
အမှတ် (၈/ခ) ၊ ၈ မိုင်၊ ပြည်လမ်း၊ ရန်ကုန်။

အလုပ်လျှောက်လွှာတင်သွင်းရန် လိုအပ်သည့် စာရွက်စာတမ်းများ
၁။ အလုပ်လျှောက်လွှာ (လျှောက်လွှာလက်ခံမည့်ဌာနမှ ထုတ်ပေးမည်)
၂။ ကျန်းမာရေးစစ်ဆေးချက်မှတ်တမ်း မူရင်းနှင့် မိတ္တူ ၁ စောင်
၃။ ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ အမှတ်စာရင်း မူရင်းနှင့်မိတ္တူ ၁ စောင်
၎။ နိုင်ငံကူးလက်မှတ် (သို့) နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်းနှင့်မိတ္တူ ၁ စောင်
၅။ ပညာအရည်အချင်း အထောက်အထား မူရင်းနှင့်မိတ္တူ ၁ စောင်
၆။ လက်မှုပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုအထောက်အထား မူရင်းနှင့်မိတ္တူ ၁ စောင်
၇။ ၃.၅ မမ x ၄.၅ မမ) ပတ်စ်ပို့ဓာတ်ပုံ (၆) ပုံ
၈။ အခြား (အလုပ်ခွင် Training သင်တန်းဆင်းလက်မှတ်) အစရှိသည်များ ၊
ဖြစ်သတတ် ။

အခြားသောတိုင်းပြည်များ၏ လုပ်ထုံးလုပ်နည်းများအရဆိုလျင် ၊ ယခုတင်သွင်းမည့် လျှောက်လွှာ လက်ခံရရှိမှု အစူအစဉ် ၊ လျှောက်လွှာ၏ ပြီးပြည့်စုံမှု နှင့် လိုအပ်သောအချက်အလက်များ မှန်ကန်စွာ စစ်ဆေးတွေ့ရှိရမှု ၊ လျှောက်လွှာရှင်၏ အဆင်သင့်ဖြစ်နေမှု စသည် စသည်တို့ အပေါ် မူတည်၍ တန်းစီဇယားကို ရေးဆွဲသွားမှာ ဖြစ်ကြောင်း ၊ ကိုရက်ပ်စ် အရည်အချင်းစစ် စာမေးပွဲအောင်စာရင်းမှာ ခုံနံပါတ်အတိုင်း ထုတ်ပြန်ထားသော စာရင်းသာဖြစ်ပြီး ၊ အဆင်သင့်ဖြစ်မှု တန်းစီဇယားမဟုတ်ကြောင်းလည်း ၊ သိရှိရပါသေးသည် ။ (တူဝေေ၀)

No comments: