ရေးသားသူ — Dhammaduta.k@gmail.com
ဓမ္မဒူတကျောင်းတော်(ကိုရီးယား)ဒေသန္တရလေ့လာရေးခရီး ပြင်ဆင်ကြေညာချက်
ကိုရီးယားနိုင်ငံရောက် မြန်မာ ညီအစ်ကိုမောင်နှမများ ၊ ဒေသန္တရ ဗဟုသုတတိုးပွါး ရရှိကြစေရန်နှင့် ၊ အပမ်းဖြေနိုင်ကြစေရန် အလို့ငှာ ၊ ဓမ္မဒူတ ဗုဒ္ဒဘာသာအသင်း(ကိုရီးယား) (Dhammaduta Buddhist Association in Korea) လုပ်ငန်းကော်မတီ က ကြေညာထားသည့် ဒေသန္တရလေ့လာရေးခရီးစဉ်ကို အောက်ဖော်ပြပါ အတိုင်း ပြောင်းလဲ စီစဉ်ထားပါကြောင်း ပြင်ဆင် ကြေညာအပ်ပါသည် –
ခရီးထွက်မည့် ရက်စွဲ -
၂ဝဝ၈ ခုနှစ် နိုဝင်္ဘာလ ၂၃ ရက် ၊ တနင်္ဂနွေနေ့ (နေ့ချင်းပြန်)
သွားရောက်မည့်နေရာ -
ကယောင်းဂျူး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ [the Gyeongju Historic Area, the capital of the ancient Silla Kingdom (57 B.C. - A.D. 935)]
ခရီးအစီအစဉ်-
- နိုဝင်္ဘာ၂၃ ၊ နံနက် ၇ နာရီ ၊ ဓမ္မဒူတကျောင်းတော်ရှေ့မှ ကားများစတင်ထွက်ခွါပါမည် ။
ခရီးစရိစိတ် -
- အခမဲ့ (အခမဲ့) ဖြစ်ပါသည် ။
သတိပြုရန်အချက်များ-
- လိုက်ပါလိုသူများ ၊ ဓမ္မဒူတ ဗုဒ္ဒဘာသာအသင်း(ကိုရီးယား)နှင့် မြန်မာဆိုင်များတွင် စာရင်းပေးသွင်းနိုင်ကြပါပြီ ။
- လိုက်ပါမည့်သူ အရေအတွက်အလိုက် ကားများစီစဉ်ရမည်ဖြစ်ပါသဖြင့် ၊ နိုဝင်္ဘာ ၁၇ ရက် (တနင်္လာနေ့) ညနေ ၆ နာရီ နောက်ဆုံးထား စာရင်းပေးသွင်းကြရပါမည် ။
- ခရီးစဉ် ချောမွေ့ လုံခြုံစွာ ပြီးဆုံး အောင်မြင် စေရေးအတွက် ၊ ခရီးစဉ်ကြီးကြပ်ရေးအဖွဲ့က ခရီးစဉ်တစ်လျောက် လိုအပ်သလို ထုတ်ပြန်သွားမည့် စည်းကမ်းချက်များကို လိုက်နာလိုခြင်းမရှိသူများ စာရင်းပေးသွင်းရန်မလိုပါ ။
- အသေးစိတ်သိလိုသူများ ဓမ္မဒူတ အလုပ်အမှုဆောင်အဖွဲ့ဝင်များထံမေးမြန်းနိုင်ကြပါသည် ။
- မူလသတင်းစဉ် ကြည့်ရှုရန် (ဒီမှာနှိပ်)
အလုပ်အမှုဆောင်အဖွဲ့
ဓမ္မဒူတ ဗုဒ္ဒဘာသာအသင်း(ကိုရီးယား)
မှတ်ချက် ။ ဗုဒ္ဒ အား (ဗုဒ်ဓ) ဟုဖတ်ပါရန် ။
Thursday, November 13, 2008
ဓမ္မဒူတအဖွဲ့ဒေသန္တရလေ့လာရေးခရီး ပြင်ဆင်ကြေညာချက်
Labels:
ဖိတ်စာ,
ဘာသာရေး,
လူမှုရေး,
သတင်းဖတ်စာ,
ကြေညာချက်,
မောင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment