Sunday, November 30, 2008

စင်ကြယ်ကြောင်းနှင့် ညစ်နွမ်းကြောင်း တရားတော်

စင်ကြယ်ကြောင်းနှင့် ညစ်နွမ်းကြောင်း တရားတော်
ဟောကြားသည့်ဆရာတော် ။ ဆရာတော် ဦးသုမင်္ဂလ
ဟောကြားသည့် နေရာ ။ အောင်ပန်းမြို့၊ အောင်ချမ်းသာကျောင်းတိုက်
ဟောကြားသည့်အချိန် ။ ၂၀၀၈ခုနှစ် မတ်လ ၂၂ ရက် (ည)
တရားမှတ်စုအကျဉ်ုး ။ ကိုဝိုင်း (မိုးညှင်း)

- သာသနာတော်ကြီး တဖြည်းဖြည်း ဘယ်လောက် အောက်တန်းကျလာသလဲ ၊
- ဘုရားတရားတော်ကို ခွင့်ပြုပေးတယ်ဆိုတော့ ၊ ဒီလူက ဘုရားထက်များကြီးနေလေရော့သလား။
- တိပိဋ္ဋကကောဝိဒ ဓမ္မဘဏ္ဍာ၈ါရိက ဘွဲ့တံဆိပ်တော်ရ ယောဆရာတော်ဘုရားကြီး ၊ တရားဟောရဖို့ လက်မှတ်ထိုးထားရတယ် ၊ ဘယ်လောက်ဝမ်းနည်းဖို့ကောင်းလဲ ။
- နောင် တရားပွဲလုပ်တဲ့ အဆင့်မရတော့ဘူးဆိုရင် ၊ သာသနာကွယ်ပြီ ၊ အခု တည်းတည်းပဲကျန်တော့တယ် ၊
- အားလုံး လူစိတ်ရှိဖို့ လိုပြီ ၊ အသိဥာဏ်ရှိဖို့လိုပြီ ၊ ညီညွတ်ကြဖို့လိုပြီ ။
- သာသနာတော်ကြီး ဒီလောက်အောက်တန်းကျလာတာ ဘယ်သူတွေကြောင့်လဲ ။
- ကြာရင် လူမျိုးလည်း ပျောက်တော့မယ် ၊ သာသနာတော်လည်း ပျောက်တော့မယ် ၊ ပေါ့ပေါ့မမှတ်နှင့် ။
- တချို့ အရပ်တွေမှာ တရားပွဲလျှောက်ထားတဲ့သူဟာ အချုပ်ထဲသွားအိပ်နေရတယ် ။
- အရက်ဆိုင်တွေတော့ ခွင့်ပြုထားပြီး ၊ တရားပွဲကျမှ ကန့်သတ်နေတာဟာ့ 
- တာဝန်ခံရဲတဲ့ စိတ်ဓါတ်မှ မြင့်မြတ်တဲ့စိတ် ၊ ကိုယ့်အပြစ်ကို ကိုယ်ဝန်မခံတတ်တာဟာ အောက်တန်းကျသူတွေရဲ့အလုပ် ။
- ဒီမိုကရေစီဆိုတာ အခုမှပေါ်လာတာမဟုတ် ၊ ဘုရားရှင် လက်ထက်တော်ကတည်းက
ဝေသာလီပြည်မှာ ၊ ဒီ စည်းကမ်းတွေ ၊ ဒီနည်းလမ်းတွေ ကျုပ်တို့လက်ထဲမှာ ရှိ ရဲ့သားနှင့် ၊
ကျုပ်တို့ ဆင်းရဲနေတာ အသုံးမချတတ်လို့ ။
- ကိုယ့်ဟာကို စီးပွါးရေးလုပ်လို့ ချမ်းသာလာတော့ (၉)မြို့ရှင် မ, တာတဲ့ ၊
အရောင်းအ၀ယ်အဆင်မပြေ ချဲမပေါက်တော့ ၊ (၉)မြို့ရှင်ကြောင့်လို့ ဘယ်သူပြောတုန်း
(အဲဒါပဲ) ၊ ဟိုကောင်တွေ မကောင်းတာလို့ ဘယ်သူမှ မပြောရဲဘူး ။
- တရားမသိရင် အသိတရား မရှိဘူး ၊
- အသိတရား မရှိရင် တရားနှင့်လျော်အောင် မနေတတ်ဘူး ၊
- တရားနှင့်လျော်အောင်မနေတတ်ရင် အပြစ်ဖြစ်တယ် ၊
- အပြစ်ဖြစ်ရင် ဆင်းရဲတယ် ။
- လောကက မလွန်မြောက်သ၍ လောကထဲမှာ ဖြစ်သမျှတရားတွေဟာ အကြောင်းမရှိဘဲ ဖြစ်တဲ့တရား မရှိဘူး။
- ရုပ်မှာ ချမ်းသာ ရှိနေတဲ့အတွက် ၊ တွယ်တာခြင်း တပ်မက်ခြင်း နှစ်သက်ခြင်းကြောင့် ညှစ်နွမ်းတာ ။
- အကောင်း အဆိုး ၊ အကြောင်းအမျိုး ၊ အမှား အမှန် ကို ပိုင်းခြားသိတာဟာ ဥာဏ် ။
- ခန္ဒာ၅ပါးလုံးမှာ ၊ ချမ်းသာလည်းရှိတယ် ၊ ဆင်းရဲလည်းရှိတယ် ။ ချမ်းသာကို လိုချင်တပ်မက်ရင် ညစ်နွမ်းတယ် ။
- ရုပ်မှာ ဆင်းရဲကြောင်းအမှန်ကို သိလို့ ၊ ဒီဆင်းရဲက လွတ်မြောက်ချင်ရင် စင်ကြယ်တယ် ။

ဆရာတော်၏ တရားတော် အသံဖိုင် နာယူရန် (ဤနေရာ နှိပ်တော်မူပါ)

No comments: