ရေးသားသူ — ကျော်စွာလင်း
လေးစားအပ်ရပါသော ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား ညီအစ်ကိုမောင်နှမ အပေါင်းတို့ခင်ဗျား
Social Aid Group (Burma) ခေါ် လူမှု့ရေး နှင့် နာရေးကူညီမှု့အသင်းကြီးကို ၂၀၀၇ ခုနှစ် ဧပြီလ ၁-ရက်နေ့တွင် ထိုင်းမြန်မာ နယ်ဆက် မဲဆောက်မြို့တွင် ရဟန်းတော်များ ၊ လူမှု့ရေးတွင်ပါဝင် ကူညီလီုစိတ် ရှိသူများဖြင့် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။
ထိုအသင်းကြီးသည် ...
မြန်မာပြည်၏ နှစ်ပေါင်းများစွာ ကြပ်တည်းနေသော စီးပွားရေး အခြေနေများကြောင့် စားဝတ်နေရေး အခက်ခဲများကို ဖြေရှင်းရန် အမိမြေကို စွန့်ခွာ၍ နယ်ဆက်ကို ကျော်ဖြတ်၍ ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်ကာ တရားမဝင် အလုပ်လုပ်ကိုင်နေကြသော တိုင်းရင်းသားပေါင်းစုံ မြန်မာနိုင်ငံသားများ၏ လူမှု့ရေး ၊ နာရေး ဒုက္ခ အခက်အခဲများကို အကူညီပေးရန် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။
ထိုင်းမြန်မာ နယ်ဆက်အနီး ထိုင်းနိုင်ငံ အတွင်းရှိ မဲစောက်မြို့နှင့် အနီးပတ်ဝန်းကျင်တွင် အလုပ် လုပ်ကိုင်နေကြသော မြန်မာ နိုင်ငံသားများမှာ ၂၀၀၀၀၀ (နှစ်သိန်း) ခန့်ရှိပါသည် ၊ တလ ၀င်ငွေမှာလည်း အသက်ရှင် ရပ်တည်နိုင်ရန်အတွက် သာသာလောက်သာဖြစ်ပြီး (၆၀~၇၀ ဒေါ်လာ) ခန့်သာဖြစ်ပါသည်။ ထို့အပြင် အိမ်ရှင် ထိုင်းနိုင်ငံသား အလုပ်ရှင်တို့၏ မတရား ဖိနှိပ်မှုများကိုလည်း ခံရပြီး တခါတရံ လုပ်အားခ မရရှိခြင်း ၊ အသတ်ခံရခြင်း ၊ မြန်မာ အမျိုးသမီးများ အဓမ္မပြုကြင့်ခံရခြင်း စသော ဒုက္ခများကို ရင်ဆိုင်နေရပါသည် ။ ထို့အပြင် လူမှုရေး ဒုက္ခ အခက်ခဲများကို ကူညီဖြေရှင်းပေးကြသော အဖွဲ့စည်းများမှာလည်း ရှားပါးကြပါသည်။ အထူးသဖြင့် နာရေး ကိစ္စ များအား အဆင်ပြေစွာဖြင့် ကူညီနိုင်ရန်အတွက် SAGB အသင်းအား ၂၀၀၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး စေတနာရှင် တချို့၏ လှူဒါန်းသော ငွေဖြင့် လုပ်ကိုင်နေခဲ့ ကြပါသည်။ အခြားမည့်သည့် NGOs အဖွဲ့စည်းများမှ အကူညီရရှိခြင်း မရှိပါသောကြောင့် ငွေကြေးအခက်အခဲ များဖြင့်ရင်ဆိုင်နေရပြီး လူမှု့ရေး ၊ နာရေးကိစ္စ များကိုပင် လုံလောက်စွာ မကူညီနိုင်သည့် အခြေအနေ များဖြင့်ကြုံတွေ့နေရပါသည်။
နာရေးကိစ္စများဟု ဆိုရာတွင် ထိုင်းမြန်မာ နယ်ဆက်တွင် (၂၀၀၀၀၀) နှစ်သိန်းခန့် ရှိသော မြန်မာအလုပ်သမားများနှင့် ၄င်းတို့၏ မိသားစုဝင်များ ထဲမှ နေ့စဉ်နှင့် အမျှ ၂ ဦးမှ ၅ အဦးအထိ သေဆုံးနေကြပါသည်။ ထိုနာရေးကိစ္စများအား ဆိုင်ရာ ဘာသာရေးအလိုက် စီစဉ်ကူညီပေးခြင်း၊ ရုပ်ကလာပ်အား သဂြိုလ်ရန်အတွက် နိဗ္ဗာန်ယာဉ်အား ငှားရန်းကူညီပေးခြင်း၊ လိုက်ပါပို့ဆောင်ပေးကြသူများ အတွက် ဧည့်ခံစရိပ်များကိုလည်း ကူညီဆောင်ရွက်ပေးအပြင် ကျန်ရစ်သူ မိသားစုများကိုလည်း လိုအပ်သလို စီစဉ်ဆောင်ရွက် ကူညီပေးနေပါသည်။
အကူညီကုန်ကျစရိပ်ထဲတွင် နိဗ္ဗာန်ယာဉ် ငှားရမ်းရသော စရပ်သည် အလွန်ကြီးမားသောကြောင့် ကိုရီးယားမှ ညီအကို မောင်နှမများ အနေဖြင့် နိဗ္ဗာန်ယာဉ် တစင်းအား ၀ိုင်းဝန်းကူညီပေးစေလိုကြောင်း အကူညီတောင်းခံလာပါသည်။ ထို့ကြောင့် ကိုရီးယားနိုင်ငံရှိမြန်မာ့ အဖွဲ့အစည်းများ စုပေါင်းညှိနှိုင်း တိုင်ပင်ဆွေးနွေး၍ မိမိတို့ အဖွဲ့အစည်းအလိုက် အလှုငွေ ကောက်ခံခြင်းနှင့် တသီးပုဂ္ဂလ အလှူရှင်များထံမှ အလှုငွေ ကောက်ခံလှုတန်းရန် သဘောတူ ဆုံးဖြတ်ခဲ့ကြပါသည်။ ထို ကြောင့် ကျွန်ုပ်တို့ ကိုရီးရောက် မြန်မာညီအကိုမောင်နှမတို့၏ အလှူငွေဖြင့် ဒေါ်လာ ၆၀၀၀(ခြောက်ထောင်) ခန့်တန်ဘိုးရှိသော နိဗ္ဗာန်ယာဉ်တစင်းကို “ကိုရီးယားရောက်မြန်မာနိုင်ငံသားများမှလှုတန်းပါသည်” ဟု အမည်ဖြင့် ပေးပို့ လှူဒါန်းမည်ဖြစ်ပြီး စေတနာသဒ္ဒါထက်သန်စွာ ဖြင့်ဝိုင်းဝန်း လှူဒါန်းကြပါရန် မေတ္တာရပ်ခံနှိုးဆော်လိုက်ရပါသည်။
အလှုငွေများကိုအောက်ပါပုဂ္ဂိုလ်များထံဆက်သွယ်လှုတန်းနှိုင်ပါသည်။
၁။ ကိုကျော်စွာလင်း ( SAGB - ကိုရီးယားတာဝန်ခံ ဝ၁ဝ. ၄၇၉၉. ၀၇၁၈ )
၂။ ကိုခင်မောင်ရင်( ဝ၁၁ . ၉၈၃၆ . ၇၁၅၃)
၃။ ဦးသောင်းထွန်း (ဝ၁၁ . ၉၇၄၄ . ၈၇ဝ၅) ၊
၎။ ကိုသူရ (ဝ၁ဝ . ၆၇၄ဝ . .၅၂၁၈)
၅။ ကိုအောင်နိုင်ဝင်း (၀၁၉ . ၆၃၀ . ၉၈၉၉)
၆။ ဦးတင်ယဉ် ( ၀၁၆ . ၂၄၈ . ၃၃၃၈ )
၇။ ကိုမင်းသူ (၀၁၀ . ၅၈၁၀ . ၁၁၄၉)
၈။ ကိုဘိုဘို (၀၁၀ . ၇၅၄၅ . ၀၃၃၉ )
၉။ ကိုနေထွန်းနိုင် (၀၁၀.၈၉၆၂.၃၄၁၅)
၁၀။ ကိုဝိုင်း ( ၀၁၀ . ၂၃၃၁ . ၂၄၅၇ )
၁၁။ ဆလိုင်းကျော်ကျော် (၀၁၀.၂၄၃၄၂၉၅၈)
၁၂။ ကိုကျော်မိုးလွင် ( ၀၁၁ . ၉၇၁၄ . ၇၀၁၉ )
၁၃။ ကိုစံဖဲ (၀၁၀ . ၂၃၀၃ . ၅၃၃၀ )
အလူငွေများကို ၃၁ . ၁၂ . ၂၀၀၈ ရက်နေ့ နောက်ဆုံး ပေးပို့လှုတန်းပေးပါရန်။
Monday, December 1, 2008
ကိုရီးယားရောက် မြန်မာနိုင်ငံသားများမှ လှုတန်းပါမည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment