Monday, January 19, 2009

နှစ်သစ်ကူး အခါသမယ ငွေပဒေသာပင် စိုက်ထူ လှူဒါန်းပွဲ

ရေးသားသူ — အောင်ခိုင်(မန်း)

နှစ်စဉ်ကျင်းပမြဲ ဖြစ်သော မြန်မာ ဗုဒ္ဓသာသနာပြုကျောင်းတော်(ကိုရီးယား) ၏ နှစ်သစ်ကူး အခါသမယ ငွေပဒေသာပင် စိုက်ထူ လှူဒါန်းပွဲ ကို (၂၅. ၀၁. ၂၀၀၉) တနင်္ဂနွေ နေ့ နေ့လယ် ၁ နာရီခွဲ အချိန်၌ ကျောင်းတော်တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါကြောင်း ဓမ္မမိတ်ဆွေ သူတော်စင် အပေါင်းအား နိဗ္ဗာန် အကျိုးမျှော်၍ နှိုးဆော် တိုက်တွန်း အပ်ပါသည်။

ငွေပဒေသာပင်များကို တစ်ပင်လျှင် ဝမ် ၁ သိန်း နှုန်းဖြင့် တဦးချင်းဖြစ်စေ ၊ စုပေါင်း၍ ဖြစ်စေ ၊ အသင်းအဖွဲ့ လိုက်ဖြစ်စေ ၊ အရစ်ကျဖြင့် ဖြစ်စေ မိမိတို့ နှစ်သက်ရာ အစီအစဉ်ဖြင့် လှူဒါန်းနိုင်ပါသည်။

ငွေပဒေသာပင် စိုက်ထူလှူဒါန်းပွဲ ကျင်းပမည့် နေ့ရက် တွင် မြန်မာနိုင်ငံ အမျိုးသားရေးလှုပ်ရှားမှု မြှင့်တင်ရေးကော်မတီ မှ အခြေခံအလုပ်သမားဥပဒေဆိုင်ရာ (အမေး၁၀၀၊အဖြေ၁၀၀)စာအုပ်ကို အခမဲ့ ပေးဝေကာ လဘ္ကက်ရည်ဖြင့် တည့်ခင်းဧည့်ခံ ပါဦးမည်။အောင်ခိုင်နှင့်ညီအစ်ကိုများကလည်း ပဲပလာတာ၊ပဲထပ်တရာ၊စမူဆာ တို့ဖြင့် မနက်ပိုင်းကျွေးမွေး အပြီးတွင် ကိုကျော်ဌေးနှင့်သူငယ်ချင်းများကဆက်လက်ပြီး မြန်မာ့ရိုးရာ ထမင်း ၊ ဟင်း များဖြင့် ဧည့်ခံ ကျွေးမွေးမည် ဖြစ်ပါကြောင်း ဓမ္မမိတ်ဆွေ အပေါင်းအား ထပ်လောင်း၍ နှိုးဆော် တိုက်တွန်း အပ်ပါသည်။



အကျိုးတော်ဆောင်အဖွဲ့

ဖုံး ၀၃၂ - ၅၁၁ ၂၈၄၁

No comments: