Monday, February 9, 2009

လုံးဝ မမေ့ သင့်တဲ့ နေ့လေး တစ်နေ့

ရေးသားသူ — ချွမ်းချက် လေး
လူငယ်လေးများကိုသိစေချင်လွန်းလို့ပြောပြဖြစ်တာပါ။ လောကမှာ ဘုရားရှင်ဟောတော်မူခဲ့တာ လူသုံးမျိုးပဲရှိပါတယ်။
၁။ ကျေးဇူးကို မသိတတ်တဲ့သူ
၂။ ကျေးဇူးကိုသိတတ်တဲ့သူ
၃။ ကျေးဇူးကိုသိပြီးပြန်ဆပ်တတ်သူ

မိမိက ဘယ်လိုလူလဲဆိုတာကိုသုံးသပ်သင့်လှပါတယ်။ သစ်ပင်ရိပ်ကို ခိုခဲ့ရင်းတောင်သစ်ကိုင်းကို မချိုးမိအောင်ကြိုးစားသင့်တာကတော့ကျေးဇူးသိတတ်ခြင်းရဲ့ပြယုဒ်တစ်ခုပါ။ ကျေးဇူးကိုသိပြီးပြန်ဆပ်တတ်တဲ့သူများဖြစ်စေလိုပါတယ်
ဒါကိုတင်ပြရတာက ဒီနေရာမှာ ဆွေးနွေးမူ့တခု လုပ်ချင်လို့ပါ
အင်တာနက်သုံးတဲ့သူတိုင်းပဲဖြစ်စေ
လူငယ်တိုင်းပဲဖြစ်စေပေါ့
မည်သည့် ဆိုဒ်ကို ပဲဝင်ဝင် အခုတလောတွေ့နေရတာက
ဖေဖ၀ါရီလာ ၁၄ ရက်နေ့မှာ ကျရောက်တဲ့ ဘယ်လင်တိုင်းဒေး ဆိုတာကို ဂုဏ်ပြုတာတွေ
အမွန်းတင်တာတွေချည်းပဲ တွေ့နေရတာပါ
ဖေဖ၀ါရီ ၁၄ ရက်မရောက်ခင်နေ့ဖြစ်တဲ့ ဖေဖ၀ါရီ ၁၃ ရက်ဆိုတာ ဘာနေ့လဲလို မေးကြည့်ရင်
ကြောင်အမ်းအမ်းနဲ့ မပြောနိုင်တဲ့သူတွေတော်တော်များပါတယ်
အားလုံးက ကျေးဇူးရှင် ဖခင်ကြိး ဗိုလ်အောင်ဆန်းရဲ့ မွေးနေ့ဆိုတာကို
မေ့နေကြပါပြီ ရင်လေးစရာကောင်းလှပါဘိ
ကျောင်းသားလူငယ်တိုင်း ငယ်ငယ်တုံးက သင်ခဲ့ရတဲ့ စားလေးရှိပါတယ်
ဖေဖ၀ါရီ ၁၃ မှာ
ဗိုလ်ချုပ်မွေးနေ့ပါ
၁၉၁၅ ရှေ့နေ ဦးဖာသား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဖွား
မိခင် ဒေါ်စုသား
၁၉၄၇ ပြောင်းကြတမလွန်
မျက်ရည်ဖွင့်တိုး ဘ၀င်ငြိုး
ဇူလှိုင် တဆယ့်ကို (၁၉)
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်
ကောင်းစေချင်တဲ့
မှာစကား
ငါတို့ မမေ့အား

ဒီစာပိုဒ်လေးကို အားလုံလဲ ရဘူးကြမယ်ထင်ပါတယ်
ကျွန်တော်ဆိုလိုချင်တာက ဘယ်လင်တိုင်းဒေး ဆိုတာ အနောက်နိုင်ငံက ၀င်ရောက်လာတဲ့
သတ်မှတ်ထားတဲ့ နေ့တနေ့ပါ
ဖေဖ၀ါရီ ၁၃ ထက် အသိမှတ်ပြုစရာကောင်းတဲ့နေ့မဟုတ်ဘူးလို့တော့ထင်ပါတယ်
ခုတော့ဗျာ ဘယ်နေ၇ာကိုပဲ ရောက်ရောက် ဘယ်ဆိုဒ်ပဲ ၀င်ဝင် ချစ်သူများနေ့ ဆိုတာကြိးကို
ရေးသားထားကြ ရင်ခုန်စွာ စောင့်မျှော်နေကြတဲ့ အဖြစ်က ပထွေးကို အဖေခေါ်နေသလို ကြီးဖြစ်နေသလိုပဲ
ဘယ်လင်တိုင်းဒေးကို မပြစ်ပြောချင်လို့တော့ မဟုတ်ပါဘူး
ကလေးက အစ ခွေးက အဆုံးဗျာ ဖေဖ၀ါရီ ၁၄ ၇က်နေ့ဟာ ဘာနေ့တုံးမေးရင်
အားလုံးက ဒက်ကနဲ့ ဒိုးကနဲ ချစ်သူများနေ့ ဆိုပြီး
ဖြေနိုင်တယ် ၁၃ ၇က်နေ့ကကော ဆိုရင် သတိမမူကြတော့ဘူး
ကျေးဇူးရှင် ဖခင်ကြီးရဲ့ အမှတ်တရနေ့ ကို မေ့နေကြပြီ
ဖခင်ကြီးရဲ့ မွေးနေ့ကို
အမှတ်တရ အဖြစ်နဲ့ မရေးကြတာ မပြောဆိုကြတာ စိတ်ထဲမှာ ၀မ်းနည်းလိုက်ပါဘိ
ကျေးဇူးရှင်ကြီးကို အမွန်းတင်တဲ့စာလေးတွေကို မြင်ချင်စမ်းပါဘိ
ကျေးဇူးရှင်ကို ကျေးဇူးရှင်မှန်းသိကြတဲ့ အနာဂတ်သားကောင်း ရတနာလေးတွေ
ဖြစ်ကြပါစေလို့ အနာဂတ်လူငယ်လေးတွေကို မှာလိုက်ချင်တယ်ခင်ဗျာ
မိမိရဲ့ ရင်ထဲ နှလုံးသားထဲမှာ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ အမှတ်တရ
နေ့စွဲလေးတွေကို သိမ်းဆည်းထားပေးကြပါ ဘယ်တော့မှ ပျောက်ပျက်မသွားအောင်
ထိန်းသိမ်းပေးကြပါလို့မှာချင်ပါတယ် ခင်ဗျာ

No comments: