Monday, February 9, 2009

မနက်ဖြန် သတင်းစာရှင်းလင်းပွဲလမ်းညွှန်

외국인이주•노동운동협의회(Joint Committee with Migrants in Korea)
TEL: 02)312-1686 ,FAX: 02)312-1688,www.jcmk.org ဆိုတဲ့ အဖွဲ့ကြီးကနေပြီး
လာမည့် ဖေဖော်ဝါရီလ ၁၀ရက် အင်္ဂါနေ့ မှာ
(၁) လွန်ခဲ့တဲ့ ၂နှစ်က ယောဆူးနိုင်ငံခြားသားထိမ်းသိမ်းရေးစခန်းမီးလောင်လို့ အသက်ဆုံးရှုံးခဲ့ကြရတဲ့ နိုင်ငံခြားသား အလုပ်သမားတွေအတွက် သတိတရ လွမ်းဆွတ်ဖွယ်အထိမ်းအမှတ်အခမ်းအနား။
(၂)လက်ရှိ စီးပွားရေးပျက်ကပ်ကြောင့် ဒုက္ခမျိုးစုံရောက်နေကြရသော နိုင်ငံခြားသားအလုပ်သမားအားလုံးရဲ့ အခြေအ နေတွေကို ရှင်းလင်းတင်ပြတဲ့ သတင်းစာရှင်းလင်းပွဲ။
-ကို ပြုလုပ်မှာ ဖြစ်ပါတယ်။

အချိန် နံနက် ၁၁နာရီ

နေရာ 서대문(ဆောဒဲမွန်း)ဘူတာ ထွက်ပေါက် ( ၁ )မှ တည့်တည့်ထွက်ပြီး 경기(ဂယောင်ဂီ)တက္ကသိုလ်ရှိရာ ညာဘက်သို့ ချိုးပါ။ လမ်းလေးခွဆုံရောက်လျှင် ဘယ်ဘက်သို့ ချိးပါ။ ဆဲဗင်းအလဲဗင်းဆိုင်တည့်တည့်တွင်ရှိသော အဆောက်အဦဖြစ်ပါတယ်။

No comments: