ကိုဝိုင်း(မိုးညှင်း)
ဧပြီ ၂၀ ၊ ဆောအူးလ်မြို့။
မြန်မာအသင်း (ကိုရီးယား)၏ ဦးဆောင်မှု ၊ ဆော့ဂွါမ်ဆာဆရာတော်ဘုရားကြီး၏ ပံ့ပိုးကူညီမှု ၊ ကိုရီးယားရောက် မြန်မာညီအစ်ကိုမောင်နှမတို့၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် န၀မအကြိမ်မြောက် မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ယမန်နေ့(ဧပြီလ ၁၉ ရက် ၊ တနင်္ဂနွေ)နေ့ နေ့လည် ၁၂ နာရီအချိန်က ၊ ဘူချွန်းမြို့ ဆော့ဂွမ်ဆာ ဘုန်းကြီးကျောင်းဝင်းအတွင်း ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ ကိုရီးယားရောက် မြန်မာညီအစ်ကိုမောင်နှမ ၆၀၀ ကျော်ခန့်တို့ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း ၊ ထို့ပြင် မြန်မာ့ယဉ်ကျေးမှုကို အလေးထား စိတ်ပါဝင်စားကြသည့် ကိုရီးယား နိုင်ငံသားများလည်း ပါဝင်ဆင်နွှဲခဲ့ကြပြီး ၊ မြန်မာတို့နှင့်အတူ မြန်မာ့ ရိုးရာအတာသင်္ကြန်ပွဲတော် အစီအစဉ်များအတိုင်း မြန်မာ့ရိုးရာ စတုဒီသာအစားအစာများကို ပျော်ရွှင်မြိန်ရှက်စွာ သုံးဆောင်ကြရင်း ၊ မြန်မာ့ယဉ်ကျေးမှု အဆိုအက ဖျော်ဖြေတင်ဆက်ခြင်းများကို ရှုစားနားဆင်ခဲ့ကြကြောင်း ၊ ၄င်းနောက် ပျော်ရွှင်စွာ ရေပက်ကစားခဲ့ကြကာ ညနေ ၄နာရီခွဲတွင် အခမ်းအနားကို မြနန္ဒာစုပေါင်းအကဖြင့် ရုပ်သိမ်းလိုက်ကြောင်း သိရသည် ။
အတာရေသဘင်ပွဲ ဆင်ယင်ကျင်းပခဲ့ပုံ မှတ်တမ်း(ကောက်နှုတ်ချက်) များကို အောက်ဖော်ပြပါ အင်တာနက်လိပ်စာတွင် ချိတ်ဆက် ကြည့်ရှုနိုင်သည်ဟုဆိုသည်-
- ဓါတ်ပုံမှတ်တမ်း (ဒီမှာကလစ်)
Monday, April 20, 2009
မြန်မာ့အသင်း(ကိုရီးယား)၏ နဝမအကြိမ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ဓါတ်ပုံမှတ်တမ်းများ
Labels:
ဘ၀နေဟန်,
ဘာသာရေး,
မှတ်တမ်းဓါတ်ပုံ,
လူမှုရေး,
မောင်းသတင်း
Subscribe to:
Post Comments (Atom)
1 comment:
ဓာတ်ပုံတွေကို မြန်မြန်ဆန်ဆန် တင်ပေးတာ ကျေးဇူးများစွာ တင်ရှိပါတယ် ဆရာဝိုင်းရေ...
Post a Comment